ခါးပတ်များသည် နာရီများ၊ နေကာမျက်မှန်များကဲ့သို့ လူကြိုက်မများပေမယ့် ဖက်ရှင်စိတ်ဝင်စားသော ယောကျာ်းများအတွက်တော့ မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ သင် အသစ်ဝယ်လာတဲ့ ဘောင်းဘီရဲ့ခါးဆိုဒ်သည် သင့်ခါးထက် ကြီးနေမယ်ဆိုရင် ခါးပတ်ဖြင့် အလွယ်လေးပဲ ရှိုးထုတ်ကာ ဝတ်ဆင်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း ခါးပတ်သည် လက်တွေ့အသုံးဝင်သော ပစ္စည်းတစ်မျိုးအဖြစ် ယူဆနိုင်တာပါ။

ခါးပတ် တစ်ခုဝယ်တော့မယ်ဆိုရင် မိမိအိမ်မှာရှိတဲ့ ဘောင်းဘီအမျိုးအစားတွေနဲ့ လိုက်ဖက်တဲ့ ခါးပတ်မျိုးကိုသာ ဝယ်ယူသင့်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ လူကြိုက်အများဆုံးနှင့် အရောင်းရဆုံး ခါးပတ်များကို ဖော်ပြပေးလိုက်ရပါတယ်။

Saint Laurent YSL

different types for belts for men

ဒီတံဆိပ်လေးကတော့ နာမည်ကြီး လူကြိုက်အများဆုံးဖြစ်ပြီး နံပါတ်တစ် အရောင်းရဆုံးခါးပတ်ပဲဖြစ်ပါတယ်။

Alexander McQueen

different types for belts for men

ဖက်ရှင်လောကထဲတွင် Alexander McQueen သည်လည်း နေရာတစ်နေရာ ရထားသော တံဆိပ်ပဲဖြစ်ပါတယ်။

H&M

different types for belts for men

သက်သောင့်သက်သာရှိပြီး ဈေးသက်သာတဲ့ခါးပတ်မျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီခါးပတ်လေးက သင့်အတွက် အသင့်တော်ဆုံးပါပဲ။

Anderson

different types for belts for men

သားရေခါးပတ်မျိုးကို မကြိုက်ဘဲ ချည်ဖြင့် ရက်လုပ်ထားတဲ့ ခါးပတ်ကို ဝယ်ချင်တယ်ဆိုရင်တော့ ဒီတံဆိပ်လေးကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

Maison Margiela

different types for belts for men

ဒီတံဆိပ်ကတော့ ချုပ်ရိုးချုပ်သား သေသေသပ်သပ်ရှိပြီး အကြမ်းခံတဲ့ ခါးပတ်တစ်ခုပဲဖြစ်ပါတယ်။

Ralph Lauren

different types for belts for men

Ralph Lauren သည်လည်း ဈေးကွက်ထဲတွင် အရည်အသွေးအကောင်းဆုံးဖြစ်ပြီး လူကြိုက်များသော တံဆိပ်တစ်ခုပဲဖြစ်ပါတယ်။ ဒီခါးပတ်လေးကတော့ ဂျင်းဘောင်းဘီများနဲ့ တွဲဖက်ဝတ်ဆင်ပါက အလိုက်ဖက်ဆုံးပဲဖြစ်ပါတယ်။

Boss Elloy

different types for belts for men

စမတ်ကျကျ ဝတ်ချင်တာလား၊ သက်သောင့်သက်သာ ဖက်ရှင်မျိုးကို ကြိုက်နှစ်သက်တာလား။ ဘယ်ဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်တဲ့ ခါးပတ်ပဲဖြစ်ပါတယ်။ အီတလီသားရေဖြင့် ပြုလုပ်ထားတဲ့အတွက်ကြောင့် ခိုင်ခံ့ပြီး ဖက်ရှင်ကျပါတယ်။