အပြေးအားကစားပဲ လုပ်ချင်တာလား။ စက်ဘီးစီးရတာပဲ ဝါသနာပါတာလား။ ဒါမှမဟုတ် ရေကူးခြင်းကိုပဲ နှစ်သက်တာလား။ ဘယ်လိုအားကစားကိုပဲ ပြုလုပ်ပါစေ ကိုယ့်ရဲ့ကျန်းမာရေးအတွက် မှတ်တမ်းမှတ်ရာလေး သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။
အားကစားပြုလုပ်တဲ့အချိန်မှာ နှလုံးခုန်နှုန်းက ဘယ်လောက်ရှိလဲ။ နှလုံးခုန်မြန်နေလား၊ နှေးနေလား အစုံအလင်ဖော်ပြပေးနိုင်မယ့် စမတ်လက်ပတ်နာရီလေးတစ်လုံးက အားကစားသမားများအတွက် မရှိမဖြစ်ပတ်ထားသင့်တဲ့ နာရီတစ်လုံးပါပဲ။ စမတ်နာရီလေးရှိရုံနဲ့ အားကစားပြုလုပ်နေချိန်မှာ ဖုန်းဝင်လာတဲ့အခါ အလွယ်တကူဖုန်းပြောနိုင်ပြီး ပိုပြီးအဆင့်မြင့်တဲ့နာရီတွေကတော့ GPS လမ်းညွှန်လည်း ပြုလုပ်ပေးနိုင်ပါတယ်။
အားကစားသမားများအကြား ရေပန်းအစားဆုံး ကမ္ဘာ့အကောင်းစား စမတ်လက်ပတ်နာရီအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Apple Watch Series 6

၂၀၂၀ ခုနှစ်မှာ ထွက်ရှိထာတဲ့ ဒီနာရီလေးကတော့ ၅၁၄ ဒေါ်လာကျသင့်ပါတယ်။
Apple Watch SE

သူ့ရဲ့ဘထ္ထရီသက်တမ်းကတော့ ၁၈ နာရီကြာမြင့်စွာ အသုံးပြုနိုင်ပြီ စောစောက Serie 6 ထက်တော့ ဈေးသက်သာပါတယ်။
Galaxy Watch3

ဒီနာရီကတော့ ဒေါ်လာ ၄၇၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး Android User တွေအတွက် အသင့်တော်ဆုံးပါပဲ။
G-Shock

ဒီနာရီကတော့ စမတ်နာရီတွေလိုမျိုး ဘက်စုံအသုံးပြုလို့မရပေမယ့် ဈေးနှုန်းက ၆၉.၉၅ ဒေါ်လာပဲ ကျသင့်တာကြောင့် ဈေးသက်သာပါတယ်။
Collider Hybrid Smartwatch HR Fossil

ဒီဇိုင်းဆန်းဆန်းလေးကိုမှ ကြိုက်နှစ်သက်သူတွေအတွက် ဒီနာရီလေးက ဒီဇိုင်းလေး မိမိုက်ပါတယ်။ ဈေးနှုန်းကတော့ ၁၉၅ ဒေါ်လာပါ။
Summit Lite Smartwatch MontBlanc

ဇိမ်ခံနာရီအကောင်းစားလေး လိုချင်တယ်ဆိုရင်တော့ ၈၆၀ ဒေါ်လာကျင်သင့်ပြီး ဖန်ရှင်မျိုးစုံပါဝင်တဲ့ MontBlanc နာရီလေးကို ရွေးချယ်သင့်ပါတယ်။
Sense Smartwatch Fitbit

Apple Watch 6 နဲ့ အပြိုင်ထုတ်ထားတဲ့ ဒီလက်ပတ်နာရီလေးကတော့ ဒေါ်လာ ၂၉၉.၉၅ ကျသင့်မှာဖြစ်ပါတယ်။
Skagen Connected Falster 3 Gen 5 Smartwatch

Skagen တံဆိပ် စမတ်လက်ပတ်နာရီလေးကတော့ ၂၉၅ ဒေါ်လာ တန်ဖိုးရှိပါတယ်။
Source: Esquire.com
