[Unicode]

တစ်ခါတစ်လေမှာ ကိုယ်တန်ဖိုးထားတဲ့ အရာတွေက ပိုပြီး ညစ်ပတ်ပေကျံနေတတ်ပါတယ်။ လူတော်တော်များများဟာ ဒီပစ္စည်းတွေကို နေ့စဉ်ဘဝမှာ သုံးဖြစ်ပေမယ့် သူတို့ဘယ်လောက် ညစ်ပတ်တယ်ဆိုတာကို မသိကြပါဘူး။

(၁) စမတ်ဖုန်း

Source: Pexels

စမတ်ဖုန်းတွေမှာ ဘက်တီးရီးယားပေါက်ပွားမှုဟာ အိမ်သာခန်းတွေထက် ၁၀ ဆ ပိုတယ်လို့တောင်ဆိုပါတယ်။ အနုဇီဝတွေ ကပ်တွယ် ပေါက်ပွားနိုင်တာကြောင့် စမတ်ဖုန်းကို အနုဇီဝကာကွယ်တဲ့ ဖုန်းကာဗာတပ်တာတို့တစ်နေ့တစ်ကြိမ် သန့်ရှင်းတာမျိုးတို့လုပ်ဆောင်ပေးသင့်ပါတယ်။

(၂) နားကြပ်

Source: Pexels

နားကြပ်တွေ ညစ်ပတ်လာရင် နားရောဂါ ဖြစ်ဖို့များလာပါတယ်။ နားကြပ်ကိုတော့ သွားတိုက်တံဟောင်းသုံးပြီး ဖုန်တွေ သန့်ရှင်းတာ လုပ်သင့်သလို ဆပ်ပြာနဲ့ရေခပ်နွေးနွေး ဆွတ်ထားတဲ့ ရေစိုဝတ်နဲ့သုတ်ပေးတာတို့လုပ်ဆောင်သင့်ပါတယ်။

(၃) ကွန်ပျူတာ ကီးဘုတ်နဲ့မောက်စ်

Source: Pexels

နေ့စဉ်သုံး ပစ္စည်းတွေထဲမှာ ကွန်ပျူတာ ကီးဘုတ်နဲ့မောက်စ်တို့ဟာလည်း Toilet ထိုင်ခုံထက် ၅ ဆ တောင်မှပဲ ဘက်တီးရီးယားတွေကို သယ်ဆောင်နိုင်ပါတယ်။ ကီးဘုတ်နဲ့မောက်စ်ကိုတော့ ကြိုးတွေ ဖြုတ်ပြီး Compress Air နဲ့ကီးတွေကြားထဲကို မှုတ်ထုတ်ပါ။ အထဲက ဖယ်ဖို့ခက်တဲ့ ဖုန်တွေကိုတော့ လေစုပ်စက်နဲ့စုပ်ထုတ်နိုင်ပါတယ်။ ပြီးတာနဲ့ဂွမ်းစမှာ အရက်ပြန်တစ်ခုခု ဆွတ်ပြီး ကီးတွေ တစ်ဝိုက် သန့်ရှင်းပေးနိုင်ပါတယ်။

(၄) ယောဂဖျာ

Source: Pexels

ယောဂလေ့ကျင့်ရေးခန်းထဲက ဖျာတွေဟာ လူတိုင်း အသုံးပြုတဲ့ ပစ္စည်းတွေ ဖြစ်လို့ချွေးတွေ ၊ ဖုန်တွေ ကပ်ငြိနေတတ်ပါတယ်။ ဒီလို ဖျာပေါ်မှာ ထိုင်ဖို့အတွက် လက်ဖက်ရည်ဆီနှစ်စက် ၊ သဘာဝပိုးသတ်ဆေးကို ရေထဲ ရောစပ်ပြီး စပရေးဖြန်းပြီး သုံးနိုင်ပါတယ်။

(၅) ကားစတီယာရင်

Source: Pexels

ကားပိုင်ရှင်တော်တော်များများဟာ ကားအပြင်ပန်း သန့်ရှင်းရေးကို ပိုလုပ်ဖြစ်ပြီး အတွင်းခန်းတွေကို သေသေချာချာ သန့်ရှင်းရေ ဝင်တာ နည်းပါတယ်။ ကားစတီယာရင်နဲ့ဂီယာတံတွေဟာ သန့်ရှင်းရေးနဲ့ဝေးတာကြောင့် ပိုပြီး ညစ်ပတ်ပါတယ်။ သူတို့ကိုလည်း ပုံမှန် ရေဆေးဆီလိုက်ဆိုင်မှ သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

(၆) သွားတိုက်တံ

Source: Pexels

ရေချိုးခန်းထဲ ပစ်ထားတဲ့ သွားတိုက်တံတစ်ချောင်းဟာ ဘက်တီးရီးယားတွေ အကြိုက်နေအိမ်ဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ခါလောက် ရေစင်အောင်ဆေးပြီး ခံတွင်းသန့်စင်ဆေးနဲ့စက္ကန့်၃၀ လောက် ကြာအောင် စိမ်ထားသင့်ပါတယ်။

(၇) တစ်ခါသုံး အိတ်များ

Source: pexels

Shopping Mall တွေမှာ သုံးတဲ့ တစ်ခါသုံး အိတ်တွေကို ထပ်တလဲလဲ သုံးတာ ကျန်းမာရေးအတွက် အန္တရာယ် ရှိပါတယ်။ တကယ်လို့နောက်တစ်ကြိမ် သုံးချင်တယ်ဆိုရင် ဆပ်ပြာနဲ့လျှော် ၊ အခြောက်လှမ်းပြီးမှ သုံးသင့်ပါတယ်။

(၈) ပိုက်ဆံ

Source: pexels

ပိုက်ဆံတွေဟာ လူတိုင်းဆီက လာတာ ဖြစ်ပါတယ်။ ငွေကိုင်တဲ့ လက်တိုင်းက သန့်ရှင်းတာ မဟုတ်တော့ ပိုက်ဆံတွေဟာ ပိုးသယ်ဆောင်တဲ့ ကယ်ရီတွေ ဖြစ်တတ်ပါတယ်။ ပိုက်ဆံကို သန့်ရှင်းဖို့မဖြစ်နိုင်ပေမယ့် ပိုက်ဆံအိတ်ကို သန့်ရှင်းတာ ၊ လက်ကို စင်အောင် ဆေးတာနဲ့ကာကွယ်နိုင်ပါတယ်။

[Zawgyi]

တစ္ခါတစ္ေလမွာ ကိုယ္တန္ဖိုးထားတဲ့ အရာေတြက ပိုျပီး ညစ္ပတ္ေပက်ံေနတတ္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားဟာ ဒီပစၥည္းေတြကို ေန႔စဥ္ဘဝမွာ သံုးျဖစ္ေပမယ့္ သူတို ့ဘယ္ေလာက္ ညစ္ပတ္တယ္ဆိုတာကို မသိၾကပါဘူး။

(၁) စမတ္ဖုန္း

Source: Pexels

စမတ္ဖုန္းေတြမွာ ဘက္တီးရီးယားေပါက္ပြားမႈဟာ အိမ္သာခန္းေတြထက္ ၁၀ ဆ ပိုတယ္လို ့ေတာင္ဆိုပါတယ္။ အႏုဇီဝေတြ ကပ္တြယ္ ေပါက္ပြားႏုိင္တာေၾကာင့္ စမတ္ဖုန္းကို အႏုဇီဝကာကြယ္တဲ့ ဖုန္းကာဗာတပ္တာတို ့တစ္ေန ့တစ္ၾကိမ္ သန္ ့ရွင္းတာမ်ိဳးတို ့လုပ္ေဆာင္ေပးသင့္ပါတယ္။

(၂) နားၾကပ္

Source: Pexels

နားၾကပ္ေတြ ညစ္ပတ္လာရင္ နားေရာဂါ ျဖစ္ဖို ့မ်ားလာပါတယ္။ နားၾကပ္ကိုေတာ့ သြားတိုက္တံေဟာင္းသံုးျပီး ဖုန္ေတြ သန္ ့ရွင္းတာ လုပ္သင့္သလို ဆပ္ျပာနဲ ့ေရခပ္ေႏြးေႏြး ဆြတ္ထားတဲ့ ေရစိုဝတ္နဲ ့သုတ္ေပးတာတို ့လုပ္ေဆာင္သင့္ပါတယ္။

(၃) ကြန္ပ်ဴတာ ကီးဘုတ္နဲ ့ေမာက္စ္

Source: Pexels

ေန ့စဥ္သံုး ပစၥည္းေတြထဲမွာ ကြန္ပ်ဴတာ ကီးဘုတ္နဲ ့ေမာက္စ္တို ့ဟာလည္း Toilet ထိုင္ခံုထက္ ၅ ဆ ေတာင္မွပဲ ဘက္တီးရီးယားေတြကို သယ္ေဆာင္ႏိုင္ပါတယ္။ ကီးဘုတ္နဲ ့ေမာက္စ္ကိုေတာ့ ၾကိဳးေတြ ျဖဳတ္ျပီး Compress Air နဲ ့ကီးေတြၾကားထဲကို မႈတ္ထုတ္ပါ။ အထဲက ဖယ္ဖို ့ခက္တဲ့ ဖုန္ေတြကိုေတာ့ ေလစုပ္စက္နဲ ့စုပ္ထုတ္ႏုိင္ပါတယ္။ ျပီးတာနဲ ့ဂြမ္းစမွာ အရက္ျပန္တစ္ခုခု ဆြတ္ျပီး ကီးေတြ တစ္ဝိုက္ သန္ ့ရွင္းေပးႏုိင္ပါတယ္။

(၄) ေယာဂဖ်ာ

Source: Pexels

ေယာဂေလ့က်င့္ေရးခန္းထဲက ဖ်ာေတြဟာ လူတိုင္း အသံုးျပဳတဲ့ ပစၥည္းေတြ ျဖစ္လို ့ေခြ်းေတြ ၊ ဖုန္ေတြ ကပ္ျငိေနတတ္ပါတယ္။ ဒီလို ဖ်ာေပၚမွာ ထုိင္ဖို ့အတြက္ လက္ဖက္ရည္ဆီႏွစ္စက္ ၊ သဘာဝပိုးသတ္ေဆးကို ေရထဲ ေရာစပ္ျပီး စပေရးျဖန္းျပီး သံုးႏုိင္ပါတယ္။

(၅) ကားစတီယာရင္

Source: Pexels

ကားပိုင္ရွင္ေတာ္ေတာ္မ်ားမ်ားဟာ ကားအျပင္ပန္း သန္ ့ရွင္းေရးကို ပိုလုပ္ျဖစ္ျပီး အတြင္းခန္းေတြကို ေသေသခ်ာခ်ာ သန္ ့ရွင္းေရ ဝင္တာ နည္းပါတယ္။ ကားစတီယာရင္နဲ ့ဂီယာတံေတြဟာ သန္ ့ရွင္းေရးနဲ ့ေဝးတာေၾကာင့္ ပိုျပီး ညစ္ပတ္ပါတယ္။ သူတို ့ကိုလည္း ပံုမွန္ ေရေဆးဆီလိုက္ဆိုင္မွ သန္ ့ရွင္းေရး လုပ္ေပးသင့္ပါတယ္။

(၆) သြားတိုက္တံ

Source: Pexels

ေရခ်ိဳးခန္းထဲ ပစ္ထားတဲ့ သြားတိုက္တံတစ္ေခ်ာင္းဟာ ဘက္တီးရီးယားေတြ အၾကိဳက္ေနအိမ္ျဖစ္ပါတယ္။ တစ္ပတ္ကို တစ္ခါေလာက္ ေရစင္ေအာင္ေဆးျပီး ခံတြင္းသန္ ့စင္ေဆးနဲ ့စကၠန္ ့၃၀ ေလာက္ ၾကာေအာင္ စိမ္ထားသင့္ပါတယ္။

(၇) တစ္ခါသံုး အိတ္မ်ား

Source: pexels

Shopping Mall ေတြမွာ သံုးတဲ့ တစ္ခါသံုး အိတ္ေတြကို ထပ္တလဲလဲ သံုးတာ က်န္းမာေရးအတြက္ အႏၱရာယ္ ရိွပါတယ္။ တကယ္လို ့ေနာက္တစ္ၾကိမ္ သံုးခ်င္တယ္ဆိုရင္ ဆပ္ျပာနဲ ့ေလွ်ာ္ ၊ အေျခာက္လွမ္းျပီးမွ သံုးသင့္ပါတယ္။

(၈) ပိုက္ဆံ

Source: pexels

ပိုက္ဆံေတြဟာ လူတိုင္းဆီက လာတာ ျဖစ္ပါတယ္။ ေငြကိုင္တဲ့ လက္တိုင္းက သန္ ့ရွင္းတာ မဟုတ္ေတာ့ ပိုက္ဆံေတြဟာ ပိုးသယ္ေဆာင္တဲ့ ကယ္ရီေတြ ျဖစ္တတ္ပါတယ္။ ပိုက္ဆံကို သန္ ့ရွင္းဖို ့မျဖစ္ႏုိင္ေပမယ့္ ပိုက္ဆံအိတ္ကို သန္ ့ရွင္းတာ ၊ လက္ကို စင္ေအာင္ ေဆးတာနဲ ့ကာကြယ္ႏိုင္ပါတယ္။