ဖက်ရှင်အမြင်ရှိခြင်းသည် သင့်ကို စမတ်ကျနေအောင် စတိုင်လ်ကျနေအောင် ကူညီပေးပါတယ်။ မိမိဝတ်ဆင်မယ့် အဝတ်အစားနှင့် ဖိနပ်ရဲ့ လိုက်ဖက်နေမှု၊ မိမိတက်မယ့်ပွဲရဲ့အနေအထားနဲ့ မိမိဖက်ရှင်ရဲ့လိုက်ဖက်နေမှုသည် အင်မတန်အရေးကြီးပါတယ်။ သို့မှသာလျှင် လူအများကြားမှ ထင်းခနဲ မြင်သာပြီး စမတ်ကျနေမှာပါ။

ဒီလိုဖြစ်ဖို့အတွက်ဆိုရင် သင့်ရဲ့ဖိနပ်ရွေးချယ်မှုသည်လည်း သင့်ရဲ့အဝတ်အစားနဲ့ လိုက်ဖက်မှုရှိရပါမယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ဖက်ရှင်ကျတဲ့ အမျိုးသားတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ဖိနပ်အမျိုးအစားများကို ဖော်ပြပေးလိုက်ရပါတယ်။

Chelsea Boot

chelsea boot for men

ဖိနပ်ကြိုး ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်ဘဲ ရှင်းရှင်းလင်းလင်းနဲ့ စမတ်ကျချင်သူများအတွက်တော့ ဒီဖိနပ်က အသင့်တော်ဆုံးပါပဲ။

Dress Sneaker

dress sneaker for men

ဒီဖိနပ်လေးကတော့ ဂျင်းဘောင်းဘီ၊ ချည်သားဘောင်းဘီ၊ ဘောင်းဘီတိုတို့နဲ့ အင်မတန် လိုက်ဖက်ပါတယ်။

Trainer

trainer for men

စီးရလွယ်ကူပြီး ခြေထောက်ကို ဖိနပ်ထဲ ထည့်လိုက်တာနဲ့ အလွယ်တကူ ဝင်သွားတဲ့ ဖိနပ်မျိုးကို လိုချင်တယ်ဆိုရင်တော့ Trainer ဖိနပ်အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

Chukka Boot

chukka boot for men

ခြေမျက်စိဖုံးတဲ့ ဘွတ်ဖိနပ်လေးကို ဝတ်ဆင်ချင်တယ်ဆိုရင်တော့ Chukka Boot အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။

The Oxford

oxford shoe for men

ရုံးတက်ရုံးဆင် ဖက်ရှင်နဲ့ လိုက်ဖက်တာမျိုး၊ စတိုင်လ်ဘောင်းဘီတွေနဲ့ လိုက်ဖက်တဲ့ဖိနပ်မျိုးကတော့ ဒီဖိနပ်အမျိုးအားပဲဖြစ်ပါတယ်။ Formal ကျကျဝတ်ဆင်ချင်သူများအတွက် အသင့်တော်ဆုံးပါပဲ။

Service Boot

service boot for men

ခရီးကြမ်းတွေ သွားရတဲ့အခါ အကြမ်းပတမ်းခံတဲ့ဖိနပ်မျိုး လိုအပ်ပါတယ်။ ဒီလိုဆိုရင်တော့ Service Boot လေးက အသင့်တော်ဆုံးပါပဲ။

Loafer

loafer for men

ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုးကို နှစ်သက်သူတွေအတွက်ကတော့ သားရေပျော့ဖိနပ်အမျိုးအစားများကို ဝတ်ဆင်သင့်ပါတယ်။

Dress Boot

dress boot for men

ဒီ Dress Boot သည် Chelsea Boot နဲ့ နည်းနည်းဆင်တူပါတယ်။ ဒါပေမဲ့ Dress Boot ရဲ့ဖိနပ်ခုံက ပိုမြင့်တာကြောင့် သင့်ကို အရပ်ပိုရှည်သယောင် ပေါက်စေပါတယ်။

Source: Theadultman.com