ပိုက်ဆံအိတ်သည် ယောကျာ်းများအတွက် မရှိမဖြစ်လိုအပ်သော ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်တစ်ခုဖြစ်တာကြောင့် အရည်အသွေးကောင်းပြီး ကြာကြာအသုံးခံမယ့် ပိုက်ဆံအိတ်မျိုးကိုသာ ဝယ်သုံးသင့်ပါတယ်။
ဒါမှ ကြာကြာအသုံးခံတဲ့အတွက်ကြောင့် သင်လည်း စိတ်ချမ်းသာ အရည်အသွေးလည်းကောင်းတဲ့အတွက်ကြောင့် စတိုင်လ်ကျစေမှာပါ။
အရည်အသွေးကောင်းကောင်း ဝယ်သုံးရမယ်ဆိုလို့ သိန်းရာချီတန်တဲ့ပိုက်ဆံအိတ်မျိုး ဝယ်သုံးစရာမလိုပါဘူး။ ကိုယ့်ရဲ့ဝင်ငွေနဲ့ကိုက်ညီတဲ့ ပိုက်ဆံအိတ်ကောင်းကောင်းလေးတစ်လုံးတော့ ရှိထားသင့်တယ်မဟုတ်လား။
သင့်အနေနဲ့ သိန်းချီတန်တဲ့ အကောင်းစားပိုက်ဆံအိတ်တွေကိုမှ လိုချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပိုက်ဆံအိတ်အမျိုးအစားများကို ဆက်လက်လေ့လာနိုင်ပါတယ်။
(၁) ၈၂၅ ဒေါ်လာတန်တဲ့ လက်ဗွေပါ Dunhill ပိုက်ဆံအိတ်
ဒီပိုက်ဆံအိတ်သည် သင့်ရဲ့လက်ကိုင်ဖုန်းကို Bluetooth မှတဆင့် ချိတ်ဆက်လို့ရပြီး သင့်ဖုန်းနဲ့ ပိုက်ဆံအိတ်က အကွာအဝေးပေများလွန်တဲ့အခါ Alarm ထမြည်မှာပဲဖြစ်ပါတယ်။ ကိုယ့်လက်ဗွေရာနဲ့ အပိတ်အဖွင့်လုပ်လို့ရတာကြောင့် တစ်ယောက်ယောက်က သင့်ပိုက်ဆံအိတ်ကို ဝင်မမွှေနိုင်တော့ပါဘူး။
(၂) Wiberlux
ဒီပိုက်ဆံအိတ်ကတော့ သားရေစစ်နဲ့ ပြုလုပ်ထားတာကြောင့် ဒေါ်လာ ၆၀၀ ဝန်းကျင်ခန့် တန်ကြေးရှိပါတယ်။
(၃) Sint Laurent
ဒီပိုက်ဆံအိတ်က ပါးပါးသေးသေးလေးဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ၄၃၂ ဒေါ်လာတန်ပါတယ်။
(၄) Christian Louboutin
ဒီပိုက်ဆံအိတ်ကတော့ ၄၀၂ ဒေါ်လာ တန်ဖိုးရှိပြီး ပုံမှာမြင်ရသလိုပဲ ဆူးချွန်တွေနဲ့ ထုတ်လုပ်ထားတဲ့ ထူးခြားတဲ့ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။
(၅) Givenchy
အနီတောက်တာက်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီပိုက်ဆံအိတ်ကတော့ ၃၂၀ ဒေါ်လာ တန်ပါတယ်။
(၆) Dolce & Gabbana
ဒီပိုက်ဆံအိတ်လေးကတော့ ၂၉၅ ဒေါ်လာ တန်ပါတယ်။ နန်းဆန်တဲ့အရောင်မျိုး နှစ်သက်တယ်ဆိုရင်တော့ ဒီပိုက်ဆံအိတ်လေး ရွေးချယ်နိုင်ပါတယ်။
(၇) Fendi
လှပခိုင်ခံ့တဲ့ဒီဇိုင်းလေးနဲ့ သေချာထုတ်လုပ်ထားတဲ့အတွက်ကြောင့် သူသည်လည်း ဒေါ်လာ ၂၀၀ အောက်ကို မဆင်းပါဘူး။ ၂၄၅ ဒေါ်လာတန်ပါတယ်။
(၈) Montblanc
သားရေနဲ့ ထုတ်လုပ်ထားတဲ့ ဒီပိုက်ဆံအိတ်သည်လည်း ၂၁၂ ဒေါ်လာ တန်ပါတယ်။
(၉) Harber London
အခုဖော်ပြသွားတဲ့ ပိုက်ဆံအိတ်တွေထဲမှာမှ ဈေးအသက်သာဆုံးအိတ်ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၀ တည်းပါ။
Source: Moneyinc.com
Featured Image Source: Pikist.com