ကျွန်တော်တို့ဆီမှာ ဝီစကီနဲ့ စာရင် တက်ကီလာဆိုတာ လူတန်းစားတစ်ရပ်အတွက် အထူးထုတ်ထားတဲ့ ယမကာတစ်မျိုးလို ဖြစ်နေပါတယ်။ တက်ကီလာတွေကို မက္ကဆီကို အပူပိုင်းကန္တာရမှာ ပေါက်တတ်တဲ့ Agave ဆိုတဲ့ နာနတ်ကြီးပင်ကနေ ပေါင်းခံချက်လုပ်ပြီး နှစ်ချို့သွားအောင် သိုလှောင်တာပါ။ တက်ကီလာထဲမှာလည်း ဈေးအစားစား ရှိပါတယ်။ နှစ်ချို့မခံဘဲ ပုလင်းထဲ ထည့်တဲ့ Blanco တက်ကီလာ ၊ မတူတဲ့ သက်တမ်းခံနည်းတွေနဲ့ နှစ်ချို့သိုလှောင်ကြတဲ့ Reposado , Anejo ၊ Extra Anejo တက်ကီလာတို့လည်း ရှိပါတယ်။
Reposado , Anejo ၊ Extra Anejo တက်ကီလာတွေက Blanco တွေထက် စာရင် ဈေးနည်းနည်း ပိုမြောက်ပါတယ်။ ပုံမှန်ဈေးအရလည်း ကျွန်တော်တို့ဆီမှာ တက်ကီလာတွေက ဈေးမြောက်တဲ့အတန်းအစားထဲမှာ ပါပါတယ်။ အခုပြောမယ့် တက်ကီလာတွေကတော့ ဒေါ်လာ ၂၀ (မြန်မာငွေ ၃ သောင်းကျော်) အောက် ဈေးအသက်သာဆုံး တက်ကီလာတွေထဲက အမှတ်တံဆိပ်တချို့အကြောင်း ဖြစ်ပါတယ်။
(၁) EI Destilador

Photo:The Manual
မက္ကဆီကိုနိုင်ငံ ၊ ဂျာလစ္စကိုပြည်နယ်က ဇာပိုပန်မြို့ထွက် တက်ကီလာဖြစ်ပြီး ၁၀၀% Blue Weber နာနတ်ကြီးပင်ကနေ ထုတ်ထားတာပါ။ ခပ်ချဉ်ချဉ်အရသာနဲ့ နာနတ်ပင်ရဲ့ ရနံ့ကို ပေးစွမ်းနိုင်ပါတယ်။ တက်ကီလာကော့တေးလ်လုပ်ဖို့ စဉ်းစားထားရင် ဒီပုလင်းကို စဉ်းစားသင့်ပါတယ်။ ဈေးကလည်း ၁၅ဒေါ်လာပဲ ကျသင့်ပါတယ်။
(၂) Sauza Blue Silver

Photo:The Manual
Sauza က ထုတ်တဲ့ တက်ကီလာတွေထဲကမှ Blue Silver ဟာ ဈေးသက်သာတဲ့ Entry- Level တန်းဝင် တက်ကီလာဖြစ်ပါတယ်။ ၁၇ ဒေါ်လာပဲ ကျသင့်မှာ ဖြစ်ပါတယ်။ သူ့မှာလည်း Agave ပင်အရသာကို အပြည့်အဝပေးစွမ်းပြီး ချဉ်တင်တင်နဲ့ Spicy ရှတတ ခံစားမှုပေးပါတယ်။ သူလည်း ဒီအတိုင်း သောက်နိုင်သလို သံပရာခြမ်းလေးတွေနဲ့ တခြားအမယ်လေးတွေ သုံးပြီး ကော့တေးလ်လုပ် သောက်နိုင်ပါတယ်။
(၃) EL Jimador Silver

Photo:The Manual
တက်ကီလာ ထုတ်လုပ်ရာမှာ သုံးတဲ့ နာနတ်ကြီးပင်ကို Hand-Harvest စနစ်နဲ့ တောင်ယာသိမ်းတဲ့ လူတွေကို အစွဲပြုပြီး Lowland တက်ကီလာလို့ ခေါ်ကြပါတယ်။EL Jimador Silver ဟာ မြေနိမ့်ပိုင်း Lowland တက်ကီလာတွေထဲက တစ်မျိုးဖြစ်ပြီး ဒေါ်လာ ၂၀ ဈေးနဲ့ ရောင်းချပါတယ်။။ လတ်ဆတ်တဲ့ သံပရာချဉ်နံ့လိုမျိုး ပေးစွမ်းပါတယ်။ အမျိုးအစားအနေနဲ့ Blanco တက်ကီလာထဲမှာ ပါပါတယ်။ အပေါ်က တက်ကီလာတွေလိုပဲ ကော့တေးလ်အမျိုးမျိုး လုပ်သောက်ဖို့ ကောင်းတဲ့ တက်ကီလာဖြစ်ပါတယ်။
(၄) Lunazul Blanco

Photo:The Manual
Blanco တွေက ဘယ်လို Ageing မျိုးမှ မလုပ်ဘဲ အရောင်မပါဘဲ ပုလင်းသွင်းတဲ့ တက်ကီလာတွေ ဖြစ်ပါတယ်။ Lunazul Blanco တက်ကီလာဟာ ရှတတခံစားမှုနည်းနည်းပေးပြီး အပူပိုင်းက ထွက်တဲ့ သစ်သီးရနံ့မျိုး ရပါတယ်။ တစ်ပုလင်း ဒေါ်လာ ၂၀ ကျသင့်ပြီး တခြား တက်ကီလာတွေလိုပဲ နိုင်ငံပေါ်လိုက်လို့ ဈေးအပြောင်းအလဲ ရှိနိုင်ပါတယ်။
