ဘဝတိုတိုအတွင်းမှာ တွေ့ကြုံလာရတဲ့သူတွေအကုန်လုံးအပေါ်မှာ ကျေးဇူးတင်တဲ့စိတ်ကို မွေးမြူထားလိုက်ပါ။ ဘဝကြီးက သင့်အတွက်လှပနေပါလိမ့်မယ်။

ကိုယ့်အပေါ်ကောင်းတဲ့သူတွေ – မိသားစုဝင်ပဲဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းပဲဖြစ်စေ၊ ကိုယ့်အတွက်အကောင်းဆုံးစဉ်းစားပြီး ကိုယ့်အပေါ်ကောင်းတဲ့သူတွေကိုအမြဲကျေးဇူးတင်လိုက်ပါ။ သူတို့ဟာ သင့်အပေါ်ချစ်ခင်ပြီး သင့်ကောင်းကျိုးတွေကိုသာ အမြဲလိုလားတတ်သူတွေမို့ပါ။
ကိုယ့်အပေါ်မကောင်းတဲ့သူတွေ – ကိုယ်နဲ့အမြဲအတိုက်အခံဖြစ်ပြီး အမုန်းပွားနေရတဲ့ ရန်သူလိုသူမျိုးတွေ ပတ်ဝန်းကျင်မှာရှိနေပြီလား။ ဒါဆိုသူတို့ကိုလည်း အမြန်ဆုံးကျေးဇူးတင်လိုက်ပါ။ သူတို့ကြောင့်သင်ဟာ ဘဝမှာရဲရင့်တဲ့သူတစ်ယောက်အဖြစ် ရပ်တည်သွားဖို့ ခွန်အားတွေရှိနေနိုင်တာပဲဖြစ်ပါတယ်။
ကဲ့ရဲ့အပြစ်ပြောတဲ့သူတွေ – ကိုယ်ကအကောင်းဆုံးလုပ်ခဲ့ပေမယ့် အမြဲအပြစ်တင်ဝေဖန်ပြောဆိုတတ်သူတွေ သင့်ပတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် ကိုယ်လုပ်သမျှကို မျက်စိဒေါက်ထောက်ကြည့်ပြီး နှာခေါင်းရှုံ့နေတတ်သူတွေဟာ တကယ်တော့ ကိုယ့်အတွက်ကျေးဇူးရှင်တွေပါပဲ။ သူတို့ကြောင့် သင့်ရဲ့ကြိုးစားအားထုတ်ချင်စိတ်တွေ အမြဲပေါ်ထွက်လာနိုင်လို့ပါပဲ။

Source : istock
နောက်ကျောဓားနဲ့ထိုးတတ်သူတွေ – အရှေ့မှာတော့ အပြုံးချိုချိုနဲ့စကားတွေချိုနေပေမယ့် နောက်ကွယ်ရောက်တာနဲ့ မဟုတ်တဲ့ကိစ္စမှန်သမျှကို လျှောက်ပြောတတ်တဲ့ သူတွေအမြောက်အများရှိပါတယ်။ ဒီလိုလူတွေဟာလည်း သင့်အတွက်ကျေးဇူးတင်စရာကောင်းတဲ့သူတွေပါပဲ။ သူတို့ကြောင့် သင့်မှာသတိဝီရိယဆိုတာ အမြဲရှိနေနိုင်တယ်မဟုတ်လား။
