၁၉၆၀ ပြည့်လွန်နှစ်တွေက စပြီး ဂီတအယ်လ်ဘမ်တွေ ဖြန့်ချိခဲ့တဲ့ လီဗာပူးမြို့က အင်္ဂလန်ရော့ခ်ဂီတ Band တစ်ခုဟာ အခုထက်ထိ လူတွေချစ်မြတ်နိုးရတဲ့ သီချင်းတွေကို အမွေအဖြစ် ချန်ထားနိုင်ခဲ့ပါတယ်။ အဲဒီတီးဝိုင်းကတော့ The Beatles ဖြစ်ပြီး ကမ္ဘာပေါ်က ဂီတချစ်မြတ်နိုးသူတိုင်းလိုလို ကြားဖူးတဲ့ နာမည်လည်း ဖြစ်ပါတယ်။ The Beatles ကိုဂျွန်လင်နွန် ၊ ပေါလ် မက်စ်ကတ်နေးလ် ၊ ဂျော့ချ် ဟာရစ်ဆင် နဲ့ ရင်ဂိုစတားတို့နဲ့ ပေါင်းပြီး ဖွဲ့စည်းထားတာပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို The Beatles ရဲ့ ဂီတသက်တမ်းမှာ စတူဒီယို အယ်လ်ဘမ် ၂၁ ချပ် ၊ Live Albums ၆ ချပ် ၊ သီချင်းအပုဒ်ရေ ၂၂၀ ကျော် သီဆိုခဲ့ပြီး အနုပညာအမြောက်ဆုံးသီချင်းပေါင်းများစွာလည်း ချန်ထားခဲ့ပါတယ်။ များလွန်းလှတဲ့ The Beatles ရဲ့ ဂန္ဓဝင်သီချင်းကောင်းတွေထဲမှာ အကောင်းဆုံးလို့ ယူဆရတဲ့ သီချင်းတချို့အကြောင်းကို ဒီတစ်ခေါက် မျှဝေတင်ဆက်လိုက်ရပါတယ်။

(၁) While My Guitar Gently Weeps

ဒီသီချင်းအတွက် စာသာတွေကို ဂျော့ချ်ဟာရစ်ဆင်က ရေးပေးထားတာ ဖြစ်ပြီး သူ့ရဲ့ အကြီးကျယ်ဆုံး Beatles သီချင်းတွေထဲက အစောဆုံးသီချင်းလည်း ဖြစ်ပါတယ်။ The Beatles အဖွဲ့ စတင်တည်ထောင်ခါစ ၁၉၆၈ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှာ အသံသွင်းခဲ့ပြီး နိုဝင်ဘာ တတိယပတ်ထဲမှာ ဖြန့်ချိခဲ့ပါတယ်။ ဒီသီချင်းဟာ Rolling Stone ရဲ့ သမိုင်းတလျှောက် ဂန္ဓဝင်မြောက် အကောင်းဆုံးသီချင်း ၅၀၀ မှာ နံပါတ်စဉ် ၁၃၆ နေရာက ရှိထားပါတယ်။

(၂) Come Together

မက်စ်ကတ်နေးလ် နဲ့ ဂျွန်လင်နွန်တို့ တွဲပြိး ရေးထားတဲ့ ဒီသီချင်းဟာ ဆေးခြောက်တရားဝင် သုံးစွဲခွင့်ရရေး တက်ကြွလှုပ်ရှားသူ တင်မိုသီ လီယာရီအတွက် ထောက်ခံတဲ့ သီချင်းလို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားမြို့တော်ဝန် ရေဂန်ကို ဆန့်ကျင်တဲ့ လီယာရီရဲ့ ကမ်ပိန်းအတွက် ဖန်တီးခဲ့တာ ဖြစ်ပြီး လီယာရီကတော့ ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ချခံရပါတယ်။ ဒီသီချင်းကို The Beatles က ဖန်တီးသီဆိုခဲ့ပြီး ဖြန့်ချိရာမှာ အမေရိကန်မှာ နံပါတ် ၁ နဲ့ ယူကေမှာ နံပါတ် ၄ နေရာတွေ ရောက်ခဲ့ပါတယ်။ ဒီသီချင်းက ၆၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ Abbey Road အယ်လ်ဘမ်မှာ အဖွင့်သီချင်းအဖြစ်လည်း သုံးခဲ့ပါတယ်။

(၃) Something

ဂျော့ချ် ဟာရစ်ဆင်ရဲ့ လက်ရာဖြစ်ပြီး လင်နွန်နဲ့ မတ်စ်ကတ်နေးလ်တို့က ဟာရစ်ဆင်ရဲ့ အကောင်းဆုံးလက်ရာလို့ ချီးကျူးခံထားရတဲ့ သီချင်းပါ။ ဒီ သီချင်း က အနုပညာရပ်ဆိုင်ရာ ဆုတွေလည်းအ များကြီး ချီးမြှင့်ခံထားရတဲ့ ဆုဖြစ်ပြီး Yesterday သီချင်းပြီးရင် The Beatles ရဲ့ ဒုတိယအများဆုံး Cover ပြန်ဆိုတေးတစ်ပုဒ်လည်း ဖြစ်ပါတယ်။ Rolling Stone ရဲ့ သမိုင်းတလျှောက် ဂန္ဓဝင်အမြောက်ဆုံးသီချင်း ၅၀၀ စာရင်းမှာ နံပါတ်စဉ် ၂၇၈ မှာ ရှိပါတယ်။

(၄) I Want To Hold Your Hand

ဒီသီချင်းကို လင်နွန်နဲ့ မတ်စ်ကတ်နေးလ်တို့ နှစ်ယောက် အတူတွဲပြီး လန်ဒန်မြို့ ဝင်မ်ပိုးလ်လမ်းအိမ် မြေတိုက်ခန်းထဲမှာ နေတုန်း ရေးစပ်ခဲ့တာပါ။ Abbey Road မှာ ထည့်သုံးခဲ့ပြီး လင်နွန်က အဆိုနဲ့ ရစ်သမ်ဂစ်တာ ၊ မတ်စ်ကတ်နေးလ်က အဆိုနဲ့ ဘေ့စ်ဂစ်တာ ၊ ဟာရစ်ဆင်က လိဒ်ဂစ်တာနဲ့ Hand-Claps ၊ ရင်ဂိုက ဒရမ်တီးခဲ့တာပါ။ ယူကေမှာ စပြီး ဖြန့်ချိချိန်က နံပါတ် ၁ ဖြစ်ခဲ့တဲ့ သီချင်း ပါ။ The Beatles အဖွဲ့ရဲ့ ပထမဆုံး အမေရိကန်နံပါတ်တစ် သီချင်းလည်း ဖြစ်ခဲ့သလို အချပ်ရေ ၁၂ သန်းအထိ ရောင်းချနိုင်ခဲ့တဲ့ The Beatles ရဲ့ အရောင်းရဆုံး အယ်လ်ဘမ်ဖြစ်ခဲ့ပါတယ်။

(၅) Let It Be

Let It Be ကိုလည်း လင်နွန် နဲ့ မတ်စ်ကတ်နေးလ်တို့ နှစ်ယောက်ပေါင်းပြီးပဲ ဖန်တီးခဲ့တာပါ။ မတ်စ်ကတ်နေးလ်က ဒိသီချင်းအတွက် စိတ်ကူးကို သူ့မိခင်ကို အိပ်မက်မက်ရာကနေ ရခဲ့တာလို့ ဆိုပါတယ်။ Let It Be ဟာ စိတ်ဖိစီးမှုတွေ ၊ သောကနဲ့ လုံးချာလည်လိုက်နေတဲ့ လူ့ဘဝ ၊ လူ့လောကဓံကို ရင်ဆိုင်ရာမှာ ဂါထာတစ်ပုဒ်လိုအထိ အရာရောက်ခဲ့ပါတယ်။ Let It Be ဟာ ဂီတသမိုင်းရဲ့ ဩဇာအကြီးဆုံးတီးဝိုင်းတစ်ခု ပြိုကွဲမှုရဲ့ သင်္ကေတတစ်ခုလည်း ဖြစ်သလို ဒီအပေါ်မှာ လက်ခံချက်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

The Beatles ထဲက ဂန္ဓဝင်မြောက် အကောင်းဆုံး သီချင်း တွေအဖြစ် အညွှန်းခံရတဲ့ သီချင်းတွေထဲမှာ Strawberry Fields Forever ၊ Yesterday ၊ Hey Dude ၊ Help! ၊ In My Life တို့လည်း ပါဝင်နေပါတယ်။

Featured Photo : cheatsheet