ထောပတ်သီးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေအများကြီးပါဝင်နေပါတယ်။ ကျွမ်းကျင်သူတွေကိုယ်တိုင်ကိုက ထောပတ်သီးဟာ ကျန်းမာရေးအထောက်အကူပြု အသီးတမျိုးဖြစ်ကြောင်း ဆိုထားပါတယ်။

ထောပတ်သီးမှာ omega 3 fatty acid နှင့် ပရိုတင်းဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်သေးတာကြောင့် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဒီနေ့တော့ ထောပတ်သီးရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုပုံလေးတွေကို ရှင်းပြပေးသွားမှာပါ။

သွေးတွင်းသကြားပါဝင်မူကိုထိန်းညှိပေးခြင်း

Source: Healthline

ထောပတ်သီးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီး အချိုဓာတ်ပါဝင်မှုနည်းတာကလည်း သွေးတွင်းသကြားဓာတ်ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။ ထောပတ်သီးမှာပါတဲ့ ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ကသွေးတွင်းသကြားဓာတ်ပမာဏကို တည်ငြိမ်အောင်လည်း ထိန်းညှိပေးပါတယ်။

အမြင်အာရုံ

Source: Medical news today

ထောပတ်သီးမှာ မျက်လုံးကြွက်သားတွေ ယိုယွင်းပျက်စီးတာနဲ့ ရေတိမ်ဖြစ်တာတွေကို လျော့ကျစေနိုင်တဲ့ carotenoid lutein ပါဝင်တာကြောင့် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။

ကင်ဆာ

Source: Scitechdaily

ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိတွေက ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ထောပတ်သီးမှာပါတဲ့  phytochemical ကကင်ဆာဆဲလ်တွေ ပြန့်ပွားမှုမဖြစ်အောင်တားဆီးပေးသလို ကင်ဆာဆဲလ်တွေကိုသေစေနိုင်စွမ်းရှိပါတယ်။

နှလုံး

Source: Daily Express

ထောပတ်သီးမှာ monounsaturated fat တွေနဲ့  polyunsaturated fat တွေကသွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးရောဂါတွေခံစားရနိုင်ခြေကိုလျှော့ချပေးပါတယ်။ထောပတ်သီးက လေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေနဲ့ဆီးချိုဖြစ်ပေါ်ခံစားရနိုင်ခြေတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။

သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

Source: Recruiter

ထောပတ်သီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်မှု သွေးပေါင်ချိန်ကိုထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။ ပိုတက်ဆီယမ်ဓာတ်က ဆားစားသုံးမှုကြောင့် သွေးတိုးတာကို ထိန်းညှိရာမှာအထောက်အကူပြုပါတယ်။

အစာကြေစေခြင်း

Source: Steemit

ထောပတ်သီးမှာအမျှင်ဓာတ်ကြွယ်ဝစွာပါရှိမှုက အစာချေလမ်းကြောင်းကို ကောင်းမွန်အောင်အထောက်အကူပြုသလို၊ ဝမ်းမှန်စေပြီး အူလမ်းကြောင်းကိုကျန်းမာစေပါတယ်။ ကိုယ်အလေးချိန်ကိုလည်းထိန်းညှိပေးနိုင်ပါသေးတယ်။

အရေပြား

Source: Heath Line

ထောပတ်သီးမှာပါတဲ့ ဗီတာမင် စီ နဲ့ဗီတာမင် အီး တွေကအရေပြားကိုအာဟာရပြည့်စေပြီး ဝင်းလက်တောက်ပစေပါတယ်။ ထောပတ်သီးကို အရေပြားမှာ အနီအပိန့်တွေထွက်တာကို သက်သာစေဖို့အတွက် အသုံးပြုပေးနိုင်ပါတယ်။

ဘယ်အရာမဆိုတန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း ထောပတ်သီးကို အလွန်အကျွံစားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။