အခုနောက်ပိုင်း ကျန်းမာရေးလိုက်စားသူတွေကြားမှာ Detox ဖျော်ရည်သောက်သုံးခြင်းအလေ့အထက တော်တော်လေး ရေပန်းစားလာပါတယ်။ လတ်ဆတ်တဲ့ သဘာဝသစ်သီးတွေနဲ့ အလွယ်တကူပြုလုပ်လို့ရပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်တဲ့ဖျော်ရည်တစ်မျိုးလည်းဖြစ်ပါတယ်။

အများစုကတော့ ကိုယ်အလေးချိန်ထိန်းဖို့နဲ့ ဝိတ်ကျဖို့အတွက် Detox ဖျော်ရည်သောက်ကြပေမယ့် Detox မှာ တခြားသော အံ့မခန်းအကျိုးကျေးဇူးတွေများစွာရှိနေပါတယ်။

(၁) အသားအရေလှပစေတယ်

Source : Healthline

Detox ဖျော်ရည်ဟာ သံပရာသီးကဲ့သို့ လတ်ဆတ်တဲ့ သဘာဝသစ်သီးတွေကို အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုထားတဲ့အတွက် ရေဓာတ်နဲ့ ဗီတာမင်စီဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်စီဟာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သက်စောင့်ဓာတ်တစ်မျိုးဖြစ်ပြီး အသားအရေကိုကြည်လင်လန်းဆန်းစေကာ အရေပြားတွင် အရေးအကြောင်းနဲ့ အမဲစက်တွေဖြစ်ပေါ်ခြင်းကိုလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။

Detox ဖျော်ရည်ပုံမှန်သောက်သုံးပါက ကျန်းမာနုပျိုပြီး အိုမင်းရင့်ရော်ခြင်းကိုလည်း လျော့ကျစေမှာဖြစ်ပါတယ်။

(၂) ခံတွင်းအနံ့ဆိုးတွေကို ကာကွယ်ပေးတယ်

Source : iSkinCareReviews.com

ခံတွင်းအနံ့ဆိုးထွက်ခြင်းဟာလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှု လျော့နည်းစေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းခြင်း ၊ မှန်ကန်တဲ့စားသောက်မှုပုံစံမရှိခြင်းကြောင့် ပါးစပ်နဲ့ အူလမ်းကြောင်းတို့မှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာပြီး ခံတွင်းအနံ့ဆိုးတွေထွက်ပေါ်လာစေတာဖြစ်ပါတယ်။

Detox ဖျော်ရည်ဟာ ကိုယ်တွင်းက ဘက်တီးရီးယားပိုးမွှားတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးတာကြောင့် ခံတွင်းအနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

(၃) ဆီးလမ်းကြောင်းကို သန့်စင်ပေးတယ်

Source : annmariegianni.com

အမျိုးသားတွေအတွက် ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကလည်း အရမ်းကို အရေးကြီးပါတယ်။ Detox ဖျော်ရည်သောက်သုံးခြင်းအားဖြင့် ပုံမှန်ဆီးသွားစေပြီး ဆီးနဲ့အတူ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုပါ စွန့်ထုတ်ဖယ်ရှားပေးမှာဖြစ်ပါတယ်။

ဒါကြောင့်အမျိုးသားတွေမှာ အဖြစ်အများဆုံးဖြစ်တတ်တဲ့ ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါတွေ ၊ ဆီးလမ်းကြောင်းဆိုင်ရာ ဆက်စပ်ရောဂါတွေအားလုံးကို ကာကွယ်ပေးနိုင်မယ့် အထိရောက်ဆုံး ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။

(၄) စွမ်းအင်တိုးစေတယ်

Source : Bulletproof Taco Salad

Detox ဖျော်ရည်ဟာ အဆုတ် ၊ နှလုံး၊ အသည်းနဲ့ အူမကြီး စတဲ့ကိုယ်တွင်းအင်္ဂါတွေမှာ တွယ်ကပ်နေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။ ဒါ့အပြင် သဘာဝ သစ်သီးသစ်ဥတွေကနေ ရရှိလာတဲ့ ဗီတာမင်ဓာတ် ၊ သတ္တုဓာတ်တွေဟာလည်း ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုလည်း ထူးခြားကောင်းမွန်စေပြီး စွမ်းအင်တိုးစေမှာပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်အတွင်း ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်နိုင်ခြင်း မရှိနိုင်အောင်လည်း ကာကွယ်ပေးတာကြောင့် ကျန်းမာလှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရစေမှာပဲဖြစ်ပါတယ်။

(၅) အစာချေစနစ်ကို ကောင်းမွန်စေတယ်

Source : Red Blossom

လူအများ နေ့စဉ်စားသုံးနေတဲ့အစားစာတွေထဲမှာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအသောက်တွေက ရာခိုင်နှုန်းတော်တော်များများ ပါဝင်နေတာကြောင့် အချိန်ကြာလာတာနဲ့အမျှ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျောက် အဆိပ်အတောက်တွေ ကပ်ညှိလာပြီး အစာအိမ်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်လာစေမှာဖြစ်ပါတယ်။

Detox ဖျော်ရည်ကတော့ အစာချေစနစ်ကို ထူးခြားကောင်းမွန်စေပြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အစာချေစနစ်ကို အထောက်အပံ့ကောင်းတွေ ပေးစွမ်းတာကြောင့် အစာမကြေခြင်း ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း စတဲ့ဝေဒနာတွေကိုလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။