ခန္ဓာကိုယ်ကြီး ကျန်းမာနေဖို့ အတွက်ရေကိုအလုံအလောက်သောက်ပေးဖို့လည်း လိုအပ်ပါတယ်။ ဘယ်ရေကို သောက်သည်ဖြစ်စေ သူ့လုပ်ဆောင်ချက်နဲ့သူ ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒါပေမယ် ရေနွေးကို ပိုပြီးသောက်ပေးသင့်တဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်။
ရေနွေးသောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကိုဖြည့်တင်းပေးရုံသာမကပဲ အစာခြေစနစ်၊ အသက်ရှူလမ်းကြောင်းတို့ကို အထောက်အကူပြုတာနဲ့ လူကို လန်းဆန်းစေတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါသေးတယ်။ ဒီနေ့ kwee page က ရေနွေးသောက်ခြင်းရဲ့ ကောင်းကျိုးတွေအကြောင်း ပြောပြပေးသွားမှာပါ။
အစာခြေဖျက်နိုင်စွမ်းကို မြှင့်တင်ပေးတယ်
Source: Medical News Today
ရေနွေးပူပူသောက်ပေးတာက အစာခြေလမ်းကြောင်းကို သက်သောင့်သက်သာဖြစ်စေပါတယ်။ ဒါကြောင့် အစာခြေဖျက်ရာမှာ အလုပ်တွင်သလို အစာခြေအင်္ဂါတွေ ရေဓာတ်မဆုံးရှုံးဖို့လည်း အထောက်အကူဖြစ်ပါတယ်။
ဝမ်းချုပ်ခြင်းကို သက်သာစေတယ်
Source: Reader’s Digest
ရေနွေးဟာ အစာအိမ်ကိုတင် အထောက်အကူပေးတာမဟုတ်ပါဘူး။ အူလမ်းကြောင်းတစ်လျှောက်လုံးကို ကူညီပါတယ်။ အူလမ်းကြောင်းအတွင်းမှာရှိနေတဲ့ အစာဟောင်းတွေ အလွယ်တကူ စွန့်ထုတ်နိုင်ဖို့ ရေနွေး ပူပူလေးက ကူညီပေးနိုင်ပါတယ်။
သွေးလည်ပတ်မှုကောင်းစေတယ်
Source: FirstCry Parenting
ရေနွေးသောက်ခြင်းက လူကို လန်းဆန်းနေစေမှာဖြစ်ပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ကိုယ်တွင်းအပူချိန် လျော့ကျနေရင် ဇီဝကမ္မလုပ်ဆောင်ချက်တွေလည်း နှေးကွေးလာတတ်တာကြောင့် လူလည်း တက်တက်ကြွကြွမရှိတော့ပါဘူး။ သွေးလည်ပတ်မှုလည်း နှေးကွေးသွားတတ်ပါတယ်။ ဒါကြောင့် သွေးလည်ပတ်မူကောင်းမွန်စေဖို့အတွက် ရေနွေးသောက်ပေးသင့်ပါတယ်။
ရေနွေးသောက်သုံးတဲ့ အလေ့အထဟာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဒါပေမယ့် အရာရာတိုင်းမှာ အတိုင်းအဆ၊ အကန့်အသတ် ဘောင်ဆိုတာတော့ ရှိနေတတ်တာကို သိနားလည်ထားဖို့လိုအပ်ပါတယ်။
ဒါ့အပြင် အလွန်ပူပြင်းတဲ့ အခြေအနေမျိုးမှာ အလုပ်လုပ်နေရချိန်မျိုး ဒါမှမဟုတ် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်နေရင်းတန်းလန်း အချိန်မျိုးတွေမှာ ရေနွေးမသောက်သုံးသင့်ပါဘူး။ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုအပြုအမူမျိုးတွေက ရေဓာတ်ဆုံးရှုံးမှုကို ပိုမိုများပြားစေနိူင်ပါတယ်။