မြန်မာပြည်မှာ ရေနွေးကြမ်းသောက်တဲ့ ဓလေ့က ဟိုးအရင်ကတည်းက ရှိလာခဲ့တာပါ။ ဒီလို ရေနွေးသောက်ခြင်းမှာ လူတွေမသိသေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိနေပါတယ်။ ရေနွေးသောက်ခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ကျစေပြီး လန်းဆန်းတက်ကြွစေရုံသာမက အစာကြေလွယ်ပြီး ရင်လည်းချောင်စေပါတယ်။ ဒီနေ့ kwee page က ရေနွေးသောက်ပေးခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးများတွေ အကြောင်းပြောပြပေးသွားမှာပါ။

(၁) အစာချေစနစ်အတွက် ကောင်းမွန်တယ်

Source: Reader’s Digest

ရေနွေးဟာ အစာအိမ်နဲ့ အူမကြီးထဲသို့ လျင်မြန်စွာ အစာရောက်နိုင်စေဖို့ ကူညီပေးပါတယ်။ ကိုယ်ခန္ဓာက ရေဓာတ်ပြည့်ဝနေတဲ့အတွက်  အစာကို ကောင်းကောင်း ချေဖျက်နိုင်စေပြီး ဝမ်းလည်း မှန်စေပါတယ်။ စားလိုက်တဲ့ အစားအစာထဲမှာ အမာတွေ ပါနေရင်တောင် ရေနွေးက ပျော့သွားစေနိုင်ပါတယ်။

(၂) ဝမ်းချုပ်တာကို ပျောက်ကင်းစေနိုင်တယ်

Source: Virnchi Hospitals

ဝမ်းချုပ်နေတဲ့အချိန်ဆို ရေနွေးနွေးသောက်ပေးခြင်းဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ ရှိတဲ့ အစာဟောင်းတွေကို ဝမ်းအဖြစ်နဲ့ ကောင်းစွာ စွန့်ထုတ်ပေးနိုင်ဖို့ ကူညီပေးနိုင်တယ်။ ပုံမှန်ထမင်းစားပြီး ရေနွေးနည်းနည်းသောက်ပေးရင် အစာချေဖျက်ဖို့ ပိုမိုလွယ်ကူပြီး ဝမ်းမှန်စေနိုင်ပါတယ်။

(၃) ကိုယ်အလေးချိန်ကို ကျစေတယ်

Source: Medical News Today

ရေနွေးဟာ ကိုယ်တွင်းက အပူတွေကို ကျစေပြီး အစာချေစနစ်ကို လျင်မြန်စွာ အလုပ်လုပ်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ အစာအိမ်ထဲမှာ ရှိတဲ့ အစာဟောင်း၊ အညစ်အကြေးတွေကို ဆီး၊ ဝမ်းအဖြစ်နဲ့ အပြင်ဘက်ကို စွန့်ထုတ်ပေးလို့ လူကို ပေါ့ပါးစေတယ်။ ကယ်လိုရီတွေကိုလည်း အနည်းငယ်လောင်ကျွမ်းစေနိုင်ပြီး ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။

(၄) နာကျင်ကိုက်ခဲမှု သက်သာစေတယ်

Source: MSN

ရေနွေးသောက်ခြင်းက ခန္ဓာကိုယ်အတွင်း ကောင်းမွန်စွာ သွေးလည်ပတ်စေပါတယ်။ ကြွက်သားနဲ့ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲနေတာကို သက်သာစေပြီး အနာကျက်မြန်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။