လူတွေဟာ စိတ်လှုပ်ရှားတဲ့အခါ ပျော်ရွှင်တဲ့အခါ ဝမ်းနည်းတဲ့အခါ တစ်စုံတစ်ဦးကိုပွေ့ဖက်တဲ့အမူအရာမျိုးပြုလုပ်တက်ကြပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရတော့ ပွေ့ဖက်ခြင်းဟာ တစ်စုံတစ်ယောက်ရဲ့လက်ကိုကိုင်ထားတဲ့အခါရရှိလာတဲ့နွေးထွေးမှုထက်သာလွန်တယ်လို့ဆိုထားပါတယ်။ဒီနေ့မှာတော့ Kwee စာဖတ်ပရိသတ်တွေအတွက် ပွေ့ဖက်ခြင်းကနေ ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့ကျစေတယ်

Source : HuffPost Canada

သင့်ရဲ့ မိတ်ဆွေသူငယ်ချင်း မိသားစုဝင် ချစ်သူရည်စား စသည်ဖြင့်တစ်စုံတစ်ဦးမှာ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေများနေတယ် စိတ်အားငယ်နေတယ်ဆိုရင် ပွေ့ဖက်ခြင်းက အကောင်းဆုံးသောနှစ်သိမ့်ပေးခြင်းပါပဲ။ သုတေသနပညာရှင်များရဲ့အဆိုအရ လူတစ်ဦးနဲ့ တစ်ဦးထိတွေ့ပွေ့ဖက်ပေးခြင်းက စိတ်ဖိစီးမှုကိုလျော့ကျစေပြီး သက်တောင့်သက်သာဖြစ်စေတဲ့ခံစားချက်ကိုရရှိစေတယ်လို့ဆိုပါတယ်။

(၂) ဖျားနာခြင်းတွေကိုကာကွယ်ပေးတယ်

Source : TV Fanatic

ပွေ့ဖက်ခြင်းက စိတ်ပိုင်းဆိုင်ရာခံစားမှုကောင်းစေတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အရွှယ်ရောက်ပြီသားလူ အယောက် ၄၀၀ ကိုသုတေသနပြုလုပ်ခဲ့ရာမှာတော့ ပွေ့ဖက်ခြင်းက ဖျာနာခြင်းနှင့် နာမကျန်းဖြစ်ခြင်းတွေကို လျော့ကျသက်သာစေတယ်လို့ ဆိုပါတယ်။

(၃) နှလုံးကျန်းမာရေးကိုကောင်းစေတယ်

Source : TV Fanatic

ပွေ့ဖက်ခြင်းက နှလုံးကျန်းမာရေးကိုကောင်းမွန်စေဖို့လည်း ထောက်ပံ့ပေးပါတယ်။ တစ်ဦးနှင့်တစ်ဦး ထိတွေ့ပွေ့ဖက်ခြင်းဖြင့် သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းကိုလျော့ကျစေပြီး နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။

(၄) ပျော်ရွှင်စေတယ်

Source : The Dialectic

လူတစ်ယောက်နဲ့ တစ်ယောက်ထိတွေ့ပွေ့ဖက်တဲ့အခါ ခန္ဓာကိုယ်မှ Oxytocin ဟော်မုန်းဓာတ်များထုတ်လွတ်ပေးပါတယ်။အဆိုပါ ဟော်မုန်းဓာတ်က စိတ်ဖိစီးမှုကိုလျော့နည်းစေပြီး ပျော်ရွှင်မှုကိုခံစားရစေပါတယ်။ ဒါ့အပြင် Oxytocin ဟော်မုန်းက သွေးပေါင်ချိန်နှင့် Norepinephrine လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေ ကိုလျှော့ချကျစေမှာဖြစ်ပါတယ်။