[Unicode]
ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ပြောင်းလဲတိုးတတ်နေတဲ့ ကမ္ဘာကြီးမှာ နေထိုင်ကြတာပါ။ တဖြည်းဖြည်းနဲ့ စာအုပ်ရဲ့အခန်းကဏ္ဍဟာလည်း ပိုပြီးအရေးပါလာပါတယ်။ သို့ပေမယ့် လူအများစုဟာ စာအုပ်စာပေထက် Social Media တွေပေါ်မှာဘဲ အချိန်ကုန်လာကြပါတယ်။ စာဖတ်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ဗဟုသုတများစွာ၊ ဘဝတိုးတက်ရေးလမ်းစဉ်များ၊ နည်းလမ်းများ စတာတွေကို ရရှိလာပါတယ်။
နည်းပညာခေတ်ရောက်လာနဲ့အမျှ စိတ်ပြန့်လွင့်စရာတွေ များလာသလို အာရုံစိုက်စရာတွေကလည်း ပိုမိုများပြားလာပါတယ်။ လူအများစုဟာ စာဖတ်ရမယ်ဆိုရင် ငြီးငွေ့လာကြတယ်၊ စိတ်ဝင်စားမှု မရှိကြတော့ဘူး။ စာဖတ်မယ့်အစား ဗီဒီယိုဂိမ်းတွေဘဲဆော့ကြတယ်၊ သူတို့ဖုန်းတွေနဲ့ပဲ အလုပ်ရှုပ်နေကြပါတယ်။
Source : Rich man habits
ဒါဟာ ရှက်စရာပါ။ စာဖတ်ခြင်းအားဖြင့် အကျိုးကျေးဇူးများစွာရရှိပါတယ်။ သည့်အပြင် ကလေးတွေနဲ့ လူငယ်တွေရဲ့တိုးတက်မှုမှာလည်း အရေးကြီးတဲ့အခန်းကနေ ပါဝင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ စာဖတ်ခြင်းအားဖြင့် အာရုံစူးစိုက်နိုင်စွမ်း၊ မှတ်သားနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်း စတာတွေကို တိုးတက်စေပါတယ်။ အောင်မြင်ချင်တယ်၊ ရင့်ကျက်ချင်တယ်ဆိုရင် စာဖတ်ရပါမယ်။
စာဖတ်မှ မိမိလိုအပ်ချက်တွေ၊ ပြုပြင်ရမယ့်အပိုင်းတွေကို သိရှိလာပါတယ်။ စာဖတ်ခြင်းဟာ အကောင်းဆုံးသော မိမိဘာသာလေ့လာသင်ယူခြင်း ဖြစ်ပါတယ်။ ကန့်သတ်ချက်မရှိဘဲ မိမိလေ့လာချင်သလောက် လေ့လာနိုင်ပါတယ်။ ဒါ့ကြောင့် စာအုပ်ကောင်းတစ်အုပ်ကိုကောက်၊ သင့်ဖုန်း၊ Laptop စတာတွေကိုပိတ်ပြီး စီးမျောလိုက်ပါတော့။
Source : Rich man habits
ပြဿနာတွေ၊ စိတ်ပူပန်စရာတွေကို ဘေးထားပြီး စာအုပ်တွေကပေးစွမ်းတဲ့ စွမ်းအင်တွေ တည်ငြိမ်မှုတွေကို ခံစားလိုက်စမ်းပါ။ ကျောင်းတက်မှ ပညာတတ် မဟုတ်ပါဘူး။ မိမိဘာသာလေ့လာသင်ယူခြင်းက ကျောင်းပညာထက်ပိုပြီး တန်ဖိုးကြီးမားပါတယ်။ ဘဝမှာ အောင်မြင်ချင်ရင် စာဖတ်တဲ့အလေ့အကျင့်ကို မွေးပြီး စာများများဖတ်ပါ။
စာဖတ်ခြင်းရဲ့ အလှတရားက သင့်ကို ကမ္ဘာကြီးနဲ့ချိတ်ဆက်ပေးလိုက်တာပါဘဲ။ အတိတ်ကိုလည်း ခေါ်ဆောင်သွားနိုင်သလို အနာဂတ်ကိုလည်း ကြိုတင်သိမြင်စေပါတယ်။ နိုင်ငံတကာက လူမျိုးစုတွေရဲ့ အလှတရား၊ ယဉ်ကျေးမှု၊ ဘာသာတရားစသည်တို့ကိုလည်း သိမြင်လာစေပါတယ်။
Source : Rich man habits
သည့်အပြင် စာအုပ်စာပေတွေဟာ သင့်ရဲ့ အသိစိတ်၊ ဗဟုသုတနယ်ပယ်ကို ကျယ်ပြန့်စေပါတယ်။ စိတ်တံခါးကိုလည်းဖွင့်ပေးပြီး ယုံကြည်မှုအသစ်တွေ၊ အကြံဉာဏ်အသစ်တွေကိုလည်း ရရှိစေပါတယ်။ စကားလုံးတွေဟာ စွမ်းအားကြီးသလို အကောင်းရော အဆိုးရော ဒွန်တွဲနေပါတယ်။ ဒါ့ကြောင့် စာကောင်း ပေကောင်းတွေကိုဖတ်ရှုဖို့ လိုအပ်ပါတယ်။
[Zawgyi]
ကြ်န္ေတာ္တို႔ဟာ ေန႔စဥ္နဲ႔အမွ် ေျပာင္းလဲတိုးတတ္ေနတဲ့ ကမာၻႀကီးမွာ ေနထိုင္ၾကတာပါ။ တျဖည္းျဖည္းနဲ႔ စာအုပ္ရဲ႕အခန္းက႑ဟာလည္း ပိုၿပီးအေရးပါလာပါတယ္။ သို႔ေပမယ့္ လူအမ်ားစုဟာ စာအုပ္စာေပထက္ Social Media ေတြေပၚမွာဘဲ အခ်ိန္ကုန္လာၾကပါတယ္။ စာဖတ္ျခင္းအားျဖင့္ ကြ်န္ေတာ္တို႔ဟာ ဗဟုသုတမ်ားစြာ၊ ဘဝတိုးတက္ေရးလမ္းစဥ္မ်ား၊ နည္းလမ္းမ်ား စတာေတြကို ရရွိလာပါတယ္။
နည္းပညာေခတ္ေရာက္လာနဲ႔အမွ် စိတ္ျပန္႔လြင့္စရာေတြ မ်ားလာသလို အာရံုစိုက္စရာေတြကလည္း ပိုမိုမ်ားျပားလာပါတယ္။ လူအမ်ားစုဟာ စာဖတ္ရမယ္ဆိုရင္ ၿငီးေငြ႕လာၾကတယ္၊ စိတ္ဝင္စားမႈ မရွိၾကေတာ့ဘူး။ စာဖတ္မယ့္အစား ဗီဒီယိုဂိမ္းေတြဘဲေဆာ့ၾကတယ္၊ သူတို႔ဖုန္းေတြနဲ႔ပဲ အလုပ္ရႈပ္ေနၾကပါတယ္။
Source : Rich man habits
ဒါဟာ ရွက္စရာပါ။ စာဖတ္ျခင္းအားျဖင့္ အက်ိဳးေက်းဇူးမ်ားစြာရရွိပါတယ္။ သည့္အျပင္ ကေလးေတြနဲ႔ လူငယ္ေတြရဲ႕တိုးတက္မႈမွာလည္း အေရးႀကီးတဲ့အခန္းကေန ပါဝင္ပါေသးတယ္။ ဘာလို႔လဲဆိုေတာ့ စာဖတ္ျခင္းအားျဖင့္ အာရံုစူးစိုုက္ႏိုင္စြမ္း၊ မွတ္သားႏိုင္စြမ္း၊ ေတြးေခၚႏိုင္စြမ္း စတာေတြကို တိုးတက္ေစပါတယ္။ ေအာင္ျမင္ခ်င္တယ္၊ ရင့္က်က္ခ်င္တယ္ဆိုရင္ စာဖတ္ရပါမယ္။
စာဖတ္မွ မိမိလိုအပ္ခ်က္ေတြ၊ ျပဳျပင္ရမယ့္အပိုင္းေတြကို သိရွိလာပါတယ္။ စာဖတ္ျခင္းဟာ အေကာင္းဆံုးေသာ မိမိဘာသာေလ့လာသင္ယူျခင္း ျဖစ္ပါတယ္။ ကန္႔သတ္ခ်က္မရွိဘဲ မိမိေလ့လာခ်င္သေလာက္ ေလ့လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ စာအုပ္ေကာင္းတစ္အုပ္ကိုေကာက္၊ သင့္ဖုန္း၊ Laptop စတာေတြကိုပိတ္ၿပီး စီးေမ်ာလိုက္ပါေတာ့။
Source : Rich man habits
ျပႆနာေတြ၊ စိတ္ပူပန္စရာေတြကို ေဘးထားၿပီး စာအုပ္ေတြကေပးစြမ္းတဲ့ စြမ္းအင္ေတြ တည္ၿငိမ္မႈေတြကို ခံစားလိုက္စမ္းပါ။ ေက်ာင္းတက္မွ ပညာတတ္ မဟုတ္ပါဘူး။ မိမိဘာသာေလ့လာသင္ယူျခင္းက ေက်ာင္းပညာထက္ပိုၿပီး တန္ဖိုးႀကီးမားပါတယ္။ ဘဝမွာ ေအာင္ျမင္ခ်င္ရင္ စာဖတ္တဲ့အေလ့အက်င့္ကို ေမြးၿပီး စာမ်ားမ်ားဖတ္ပါ။
စာဖတ္ျခင္းရဲ႕ အလွတရားက သင့္ကို ကမာၻႀကီးနဲ႔ခ်ိတ္ဆက္ေပးလိုက္တာပါဘဲ။ အတိတ္ကိုလည္း ေခၚေဆာင္သြားႏိုင္သလို အနာဂတ္ကိုလည္း ႀကိဳတင္သိျမင္ေစပါတယ္။ ႏိုင္ငံတကာက လူမ်ိဳးစုေတြရဲ႕ အလွတရား၊ ယဥ္ေက်းမႈ၊ ဘာသာတရားစသည္တို႔ကိုလည္း သိျမင္လာေစပါတယ္။
Source : Rich man habits
သည့္အျပင္ စာအုပ္စာေပေတြဟာ သင့္ရဲ႕ အသိစိတ္၊ ဗဟုသုတနယ္ပယ္ကို က်ယ္ျပန္႔ေစပါတယ္။ စိတ္တံခါးကိုလည္းဖြင့္ေပးၿပီး ယံုၾကည္မႈအသစ္ေတြ၊ အႀကံဥာဏ္အသစ္ေတြကိုလည္း ရရွိေစပါတယ္။ စကားလံုးေတြဟာ စြမ္းအားႀကီးသလို အေကာင္းေရာ အဆိုးေရာ ဒြန္တြဲေနပါတယ္။ ဒါ့ေၾကာင့္ စာေကာင္း ေပေကာင္းေတြကိုဖတ္ရႈဖို႔ လိုအပ္ပါတယ္။