သီချင်းဆိုးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိပါတယ်။ ဟုတ်ပါတယ်။ လူတိုင်းနီးပါး ပုံမှန်လိုသဘောထားပြီး လုပ်နေတဲ့ အရာတစ်ခုဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ တကယ်မှန်ပါတယ်။ ဒါကို ကျွမ်းကျင်သူတွေက သေချာလေ့လာတွေ့ရှိခဲ့တာပါ။ သီချင်းဆိုခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို ဒီနေ့ kwee page ကပြောပြပေးသွားမှာပါ။
ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း လိုပဲ အကျိုးရှိတယ်
Source: Insider
သက်ကြီးရွယ်အိုတွေ၊ကိုယ်အင်္ဂါမသန်စွမ်းသူတွေနဲ့ ထိခိုက်ဒါဏ်ရာ ရထားသူတွေအဖို့တော့ သီချင်းဆိုခြင်းဟာလည်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတမျိုးပါပဲ။ သီချင်းဆိုခြင်းဟာ အဆုတ်ကျန်းမာရေးကို များစွာအထောက်အကူ ပြုပါတယ်။ သီချင်းဆိုခြင်းကြောင့် ရင်ဝမ်းခြားကြွက်သားကို သန်မာစေတဲ့အပြင် သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ အောက်ဆီဂျင်ရှုသွင်းနိုင်စွမ်းကိုလည်း ပိုတိုးစေပါတယ်။
အိပ်စက်ခြင်းကို အထောက်အကူပြုတယ်
Source: Youtube
သီချင်းဆိုခြင်းဟာ လည်ချောင်းနဲ့ အာခေါင်ကြွက်သားတွေကို သန်မာစေတာကြောင့် ဟောက်ခြင်းနဲ့ အိပ်နေစဉ် အသက်ရှုခေတ္တရပ်ခြင်း ကို သက်သာပျောက်ကင်းသွားစေနိုင်ပါတယ်။
ဖိစီးမှုကို လျှော့ကျစေတယ်
Source: Popsical
သီချင်းဆိုခြင်းဟာ စိတ်ခံစားချက်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ပြီးတော့ ကြွက်သားတွေကို ပြေလျော့စေတဲ့အပြင် ဖိစီးမှုတွေကို ဖြစ်စေတဲ့ သွေးတွင်း ဟော်မုန်းပါဝင်မှုနှုန်းကိုလည်း လျှော့ချပေးပါတယ်။
မှတ်ဉာဏ်စွမ်းအားတိုးစေတယ်
Source: Medical Nesw Today
သီချင်းဆိုခြင်းဟာ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်ထံသို့ အောက်ဆီဂျင်ရောက်ရှိမှုကိုလည်း များစေတာမို့ စိတ်လန်းဆန်းတက်ကြွခြင်း၊ အာရုံစူးစိုက်နိုင်စွမ်း ပိုလာခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ ခဏခဏမေ့တက်တဲ့လူတွေအတွက်လည်း သီချင်းဆိုခြင်းဟာ မှတ်ဉာဏ်ထိန်းသိမ်းနိုင်စွမ်းကို တိုးတက်ကောင်းမွန်လာစေတယ်လို့ ကျွင်းကျင်သူတွေက ပြောထားပါတယ်။
ရင်ထဲက ခံစားချက်တွေကို ထုတ်ဖော်ပြနိုင်တယ်
Source: Trails Carolina
အလုပ်မှာ အဆင်မပြေတာပဲဖြစ်ဖြစ်၊ နှလုံးသားရေးရာ ကိစ္စအဆင်မပြေတာဖြစ်ဖြစ် သီချင်းတစ်ပုဒ်ကို အော်ဆိုလိုက်ရင် တင်းနေတဲ့ ခံစားချက်တွေ လျှော့ပါးသွားတက်ပါတယ်။ သီချင်းဆိုဝါသနာပါသူတွေဟာ စိတ်ဓာတ်ကျတာ၊ စိတ်ဆင်းရဲတာမျိုး အဖြစ်နည်းတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ ဒါကြောင့် စိတ်ညစ်စရာတွေနဲ့ ကြုံတွေ့လာတိုင်း သီချင်းအကျယ်ကြီး အော်ဆိုပစ်လိုက်ပါ။