လမ်းလျောက်ခြင်းဆိုတာ ငွေကုန်ကြေးကျမရှိပဲ လူတိုင်းလိုလိုပြုလုပ်နိုင်တဲ့ အားကစားနည်းတစ်ခုဖြစ်ပါတယ်။ မနက်ခင်းတိုင်းပုံမှန်လမ်းလျောက်သူတွေဟာ သာမန်လူတွေထက်အသက်ရှည်ကျန်းမာခြင်းတွေကိုပိုင်ဆိုင်ကြပါတယ်။ဒါ့ထက်ပိုပြီး လမ်းလျောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဒီနေ့ဆောင်းပါးလေးကနေမျှဝေပေးလိုက်ပါတယ်နော်။
(၁) ကယ်လိုရီလောင်ကျွမ်းစေတယ်
Source : Shutterstock
လမ်းလျောက်ခြင်းက ကယ်လိုရီများများလောင်ကျွမ်းစေတာကြောင့် ကိုယ်အလေးချိန်ထိန်းဖို့နဲ့ ကိုယ်အလေးချိန်လျော့ချဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်။ ကိုယ့်ရဲ့လမ်းလျောက်တဲ့နှုန်း အကွာအဝေးနှင့် ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ကယ်လိုရီလောင်ကျွမ်းစေမှာဖြစ်ပါတယ်။
(၂) နှလုံးကိုကြံခိုင်စေတယ်
Source : Shutterstock
တစ်ရက်အနည်းဆုံး မိနစ် ၃၀ နှင့် တစ်ပတ်လျှင် ၅ ရက်ခန့် လမ်းလျောက်မယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ချေကို ၁၉ ရာခိုင်နှုန်းခန့်လျော့နည်းစေပါတယ်။ တစ်ရက်ကို အကွာအဝေးမျာများနဲ့ အချိန်ကြာကြာလမ်းလျောက်မယ်ဆိုရင် နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေကိုကာကွယ်ပေးပြီး နှလုံးကိုကျန်းမာကြံခိုင်စေမှာဖြစ်ပါတယ်။
(၃) သွေးတွင်းသကြားဓာတ်ကျစေတယ်
Source : Shutterstock
အစားအစာ စားပြီးချိန်ခဏတဖြုတ်လမ်းလျောက်ပေးမယ်ဆိုရင် သွေးတွင်းသကြားကိုလျော့ကျစေနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ မနက်စာ နေ့လည်စာ ညစာစားပြီးချိန်တိုင်း ၁၅ မိနစ်ခန့်လမ်းလျောက်ပေးတာဟာ တခြားအချိန်မှာ ၄၅ မိနစ်ခန့်လမ်းလျောက်တာထက် ပိုပြီးသွေးတွင်းသကြားဓာတ် levels ကိုကောင်းမွန်အောင် ထိန်းညှိပေးတယ်လို့သိရပါတယ်။
(၄) စိတ်ခံစားမှုကောင်းစေတယ်
Source : Shutterstock
လမ်းလျောက်ခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး စိုးရိမ်ပူပန်ခြင်းစိတ်ဓာတ်ကျခြင်းစတဲ့ စိတ်နဲ့ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်။ တစ်ပတ်ကို ၃ ရက်လောက်ပုံမှန်လမ်းလျောက်ပေးမယ်ဆိုရင် စိတ်ပျော်ရွှင်လန်းဆန်းစေပြီး စိတ်ခံစားမှုကိုထူးခြားကောင်းမွန်စေမှာဖြစ်ပါတယ် ။
(၅) စွမ်းအင်မြှင့်တင်ပေးတယ်
Source : Shutterstock
ပင်ပန်းနွမ်းနယ်ပြီး စိတ်ညစ်နွမ်းနေတဲ့အချိန်မျိုးမှာ လမ်းလျောက်ခြင်းက ကော်ဖီတစ်ခွက်သောက်ခြင်းထက်အကျိုးကျေးဇူးတွေများစွာပါပိုရစေနိုင်ပါတယ်။ လမ်းလျောက်ခြင်းက ခန္ဓာကိုယ်တွင်းအောက်ဆီဂျင်စီးဆင်းမှုကိုကောင်းမွန်စေပြီး စွမ်းအင်မြှင်တင်ပေးတဲ့ ဟော်မုန်းဓာတ်တွေကို ထုတ်လွှတ်ပေးပါတယ်။ ဒါ့အပြင်ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေတာကြောင့် ဖျားနာခြင်းနှင့်ကူးစက်ရောဂါတွေကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။