လက်တလောသီချင်းချစ်သူ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ Bad Guy သီချင်းလေးရဲ့ အဆိုရှင်မလေး Billie Eilish ကို အားလုံးပဲသိကြမယ်ထင်ပါတယ်။ Billie Eilish လို့ ပြောလိုက်တာနဲ့ သူမရဲ့ အမိုက်စားဖက်ရှင်တွေရယ် တော်တော်လေးကိုထူးခြားတဲ့ ရှတတအသံလေးနဲ့ သီချင်းဆိုပုံလေးတွေရယ်ကို ပရိသတ်တွေအားလုံးပြေးမြင်မိကြ မှာသေချာပါတယ်။

စူးရှတောက်ပတဲ့မျက်ဝန်းပိုင်ရှင်လေး Billieဟာ အမေရိကန်အဆိုတော်တစ်ဦးဖြစ်ပြီး အသက် (၁၇) နှစ်သာရှိသေးပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ပရိသတ်အားပေးမှု အခိုင်အမာရရှိနေပြီဖြစ်တဲ့ အနုပညာကြယ်ပွင့်လေးတစ်ပွင့်ပဲဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက အနုပညာကို ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး သီချင်းဆိုတာအပြင် တူရိယာလေးငါးမျိုးခန့်တီးခတ်တတ်ကာ အကကိုလည်း စွဲစွဲလန်းလန်းဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ထူးခြားတဲ့အသံပိုင်ရှင်မလေး Billie ရဲ့ လတ်တလော ရေပန်းအစားဆုံးဖြစ်နေတဲ့ သီချင်းကောင်းလေးတွေထဲကမှ ပရိသတ်အကြိုက်နဲ့ ထပ်တူကျစေမယ့်သီချင်း (၁၀) ပုဒ်ကို သီချင်းချစ်သူပရိသတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

(1) Bad Guy – Billie Eilish

Source – Billie Eilish

(2) Bury A Friend – Billie Eilish

Source – Billie Eilish

(3) Bellyache – Billie Eilish

Source – Billie Eilish

(4) Xanny – Billie Eilish

Source – Shadow Music

(5) Ocean Eyes – Billie Eilish

Source – Billie Eilish

(6) When the Party’s Over – Billie Eilish

Source – Billie Eilish

(7) Hostage – Billie Eilish

Source – Billie Eilish

(8) You Should See Me In A Crown – Billie Eilish

Source – Billie Eilish

(9) All the Good Girls Go Hell – Billie Eilish

https://youtu.be/0BT2rhXTJhE

Source – CB Mashups

(10) I Love You – Billie Eilish

https://youtu.be/eM4IHJ2GxSw

Source – CB Mashups

သူမရဲ့ Bad Guy သီချင်းလေးဟာလည်း လက်ရှိမှာ နားထောင်သူအများဆုံးနဲ့ ရောင်းအားအကောင်းဆုံး သီချင်းတစ်ပုဒ်အဖြစ် နာမည်ကြီးနေပြီး Billboard Music Charts ရဲ့ နံပါတ် (၄) နေရာမှာ ရပ်တည်နေတဲ့ ဟော့အဖြစ်ဆုံးသီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။