အမျိုးသားတွေအနေနဲ့ အသက်အရွယ်ရလာချိန်မှာ ဆံပင်ကျွတ်တဲ့ပြဿနာများကြုံတွေ့ရလေ့ရှိပါတယ်။ ဆံပင်ကျွတ်စေတဲ့အကြောင်းရင်းတွေထဲမှာ အသက်အရွယ်အရဖြစ်တက်ပေမယ့် စိတ်ဖိစီးမှု ၊ အသက်အရွယ် ၊ လူနေမှုပုံစံနဲ့ မျိုးရိုးဗီဇတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့မှာတော့ အမျိုးသားအများစုကြုံတွေ့ရနိုင်တဲ့ဆံပင်ကျွတ်ခြင်း ပြဿနာကိုကာကွယ်နိုင်မယ့် စားစရာတွေပြောပြပေးမှာပါ။
(၁) ပဲအမျိုးမျိုး
Photo : Verywell Health
ပဲအမျိုးမျိုးဟာ ဗိုက်တာမင်ဓါတ် သံဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ကုလားပဲ ၊ ပဲနီလေး ၊ ပဲသီး ၊ ပဲတောင့်ရှည် စတဲ့ပဲတွေဟာ ဆံပင်ကျွတ်လွယ်သူတို့အတွက် မဖြစ်စားပေးသင့်တဲ့ အစားအစာတွေဖြစ်ပြီး ၎င်းက ဆံပင်ကျွတ်ခြင်းကိုသက်သာစေမှာပါ။
(၂) အယ်လ်မွန်စေ့
Photo : NPR
ဆံပင်သန်စွမ်းကျန်းမာရေးအတွက် ဖြည့်စွက်အစာအဖြစ် အယ်လ်မွန်စေ့တွေ စားကြဖို့ အတော်များများ တိုက်တွန်းကြပါတယ်။ အယ်လ်မွန်စေ့တွေဟာ မဂ္ဂနီဆီယမ် ၊ အိုမီဂါ သရီးနဲ့ ဆစ် ဖက်တီးအက်ဆစ်တွေ ကြွယ်ဝတဲ့ သစ်သီးတွေ ဖြစ်ပြီး ဆံပင်သန်စွမ်းမှုအပြင် ဆံသားကျန်းမာရေးအတွက်ပါ အားဖြည့်ပေးပါတယ်။
(၃) အစိမ်းရောင် အသီးအရွက်များ
Photo : Dissolve
ဆလတ် ၊ မုန်ညင်း ၊ ဂေါ်ဖီနဲ့ ဆမြိတ်နံနံ စတဲ့ အစိမ်းရင့်ရောင် အရွက်တွေဟာ သံနဲ့ ဆီလီကာဓါတ် ပေါများပြီး ဆံပင် သန်စွမ်းကျန်းမာဖို့ အထောက်အကူပြုပါတယ်။ အခုပြောတဲ့ အစားအသောက်တွေ နေ့စဉ် ပုံမှန် စားပေးမယ်ဆိုရင် ဆံပင်ကျန်းမာရေးကောင်းပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်တာမျိုး ဖြစ်မှာ မဟုတ်ပါဘူး။
(၄) ပရိုတိန်းကြွယ်ဝတဲ့ အစားအစာများ
Photo : Unlock Food
Gym ကစားသူတွေဟာ ကြွက်သားတက်ဖို့ ပရိုတိန်းဓါတ်ကြွယ်ဝတဲ့ ကြက်သားလိုမျိုး White Meat တွေနဲ့ ကြက်ဥတွေ စားပေးကြပါတယ်။ ပရိုတိန်းဟာ ဆံသားကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာပါ။ အသားမစားသူဆိုရင် ဒိန်ချဉ် ၊ တို့ဖူးနဲ့ချိစ်တို့ စားပေးနိုင်ပါတယ်။
Featured Photo : BeautyCorner