ဒီရက်ပိုင်း အပူချိန်ဟာ အရင်ရက်တွေထက် ပိုပြီးပူပြင်းလာတယ်ကို ခံစားမိကြမယ်ထင်ပါတယ်။ အခုလိုပူပြင်းလှတဲ့ ရာသီဥတုမှာ ရေဓာတ်ကုန်ခမ်းခြင်း၊ ချွေးထွက်များခြင်းတို့ကြောင့် ကိုယ်လက်မအီမသာဖြစ်ခြင်း၊ မူးမောခြင်းများလည်း ခံစားရတက်ပါတယ်။ ဒီလိုဝေဒနာတွေ ခံစားလာရရင်တော့ သဘာဝအသီးစစ်စစ်နဲ့ ဖျော်ထားတဲ့ အသီးဖျော်ရည်တွေ သောက်သုံးပေးသင့်ပါတယ်။ နွေရာသီရဲ့အပူဒဏ်ကို အကောင်းဆုံးတွန်းလှန်ပေးနိုင်မယ့် သဘာဝအသီးဖျော်ရည်များကိုလည်း စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

(၁) ဖရဲသီးဖျော်ရည်

Source : healthylivinghub.net

ဖရဲသီးကတော့ နွေရာသီမှာ အကောင်ဆုံးအပူဒဏ်လျော့ချပေးပြီး ရင်အေးစေတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အသီးတိုင်းပဲစားစား ဖျော်ရည်ပဲလုပ်သောက်သောက် တကယ်ကိုသင့်တော်ဆုံးဖြစ်ပါတယ်။ ဖရဲသီးမှာရေဓာတ် (၉၀)ရာခိုင်နှုန်း ပါဝင်ပါတယ်။ နှလုံးရောဂါ၊ ကင်ဆာနဲ့သွေးတိုးရောဂါများကို ကောင်းစွာကာကွယ်ပေးနိုင်တာပဲဖြစ်ပါတယ်။

(၂) ကြံရည်

Source : Femina.in

နေပူထဲကပြန်လာရင် ကြံရည်လေးတစ်ခွက် သောက်လိုက်တာနဲ့ ရင်အေးပြီး အမောပြေသွားတဲ့ ခံစားချက်ကို ခံစားဖူးကြမယ်ထင်ပါတယ်။ ကြံရည်ဟာလည်း အကောင်ဆုံးအပူဒဏ်လျော့ချပေးတဲ့ သဘာဝအသီးဖျော်ရည် တစ်မျိုးဖြစ်ပါတယ်။ ကြံရည်မှာ ဗီတာမင် A ၊ ဗီတာမင် B & C Complex ၊ Proteins ၊ Carbohydrates  ၊ Calcium ၊ Iron ၊ Zinc  ၊ Potassium စတဲ့ဓာတ်တွေစုံလင်စွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်အသင့်တော် ဆုံးဖျော်ရည်တစ်မျိုးပါ။

(၃) ဂရိတ်ဖရုသီးဖျော်ရည်

Source : newspakistan.tv

နွေရာသီအတွက် နောက်ထပ်အသင့်တော်ဆုံး ဖျော်ရည်တစ်မျိုးကတော့ ဂရိတ်ဖရုသီးဖျော်ရည်ပဲဖြစ်ပါတယ်။ ဂရိတ်ဖရုသီးဖျော်ရည်ကလည်း ရေဓာတ်ပြန်လည်ဖြည့်တင်းပေးတဲ့နေရာမှာ အကောင်းဆုံးဆေးတစ်ခွက်လို့ ဆိုရပါမယ်။နေအပူရှိန်ကြောင့် ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ရာသီဥတုပြင်းထန်လွန်း၍ဖြစ်ပေါ်တတ်သော အအေးမိဖျားနာခြင်း တို့ကိုလည်း ကောင်းစွာကာကွယ်ပေးပါတယ်။ ဒါတင်မကဘဲ ကိုယ်အလေးချိန်ထိန်းချင်သူတွေအတွက်လည်း အသင့်တော်ဆုံးဖျော်ရည်တစ်ခွက်ဖြစ်ပါတယ်။

(၄) စပျစ်သီးဖျော်ရည်

Source : fitlife.tv

စပျစ်သီးဖျော်ရည်ဟာလည်း ဗီတာမင် အေဘီစီ သုံးမျိုးစလုံးကြွယ်ဝစွာ ပါဝင်တဲ့အပြင် Calcium ၊ Iron ၊ Copper ၊ Iodine၊ Potassium စတဲ့ဓာတ်တွေပါဝင်ပါတယ်။ ဒြါ့ပင်နှလုံးရောဂါ ၊ အသည်းရောဂါ ၊ အဆုတ်ရောဂါ ၊ သွေးတိုးရောဂါတို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးမှာပါတဲ့အစိတွေပါပါ ဝါးစားပေးရင် ကျန်းမာရေးအတွက် ပိုကောင်းပါတယ်နော်။

(၅) သံပရာသီးဖျော်ရည်

Source : MomJunction

သံပရာသီးကတော့ နေရာတိုင်းလိုလိုမှာအသုံးတည့်တဲ့ အသီးတစ်မျိုးပါ။ မီးဖိုချောင်ဖို့အချက်အပြုတ် ကိစ္စတွေမှာလည်း လိုအပ်သလို ရောဂါဘယ ကုသရာမှာလည်း အရမ်းကိုအသုံးတည့်တဲ့ ဘက်စုံသုံးအသီးတစ်မျိုးပါ။ သံပရာသီးဟာ နေပူဒဏ်ကြောင့် သွေးပေါင်တက်ခြင်း၊ သွေးတိုးခြင်းတို့ကို အလျင်မြန်ဆုံး လျော့ကျစေတဲ့အပြင် ခေါင်းမူး ခေါင်းကိုက်ခြင်းဝေဒနာတွေကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။