အဆင်မပြေမှုတွေ စိတ်ရှုပ်ထွေးစရာအကြောင်းအရာတွေ များစွာဟာ ကျွန်တော်တို့ရဲ့နေစဉ် ဘဝထဲကိုမဖိတ်ခေါ်ပဲ ဝင်လာတတ်ကြပါတယ်။ ဘယ်သူကမှ စိတ်ညစ်စရာတွေကို ပျော်ရွှင်စွာ လက်ခံချင်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့်တစ်ခါတစ်လေမှာ ရှောင်ဖယ်လို့မရတဲ့ စိတ်ညစ်စရာတွေဟာ ကိုယ့်စီတည့်တည့်ကြီး ဝင်လာတတ်တာကြောင့် ဒီလိုစိတ်ရှုပ်စရာ စိတ်ဖိစီးစရာတွေ ကြုံလာတိုင်း အကောင်းဆုံးဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အခြေခံအချက်လေးတွေကို အကြုံပြုပြောပြချင်ပါတယ်။

(၁) ရင်ဖွင့်ပါ

Source : healthfocus.com.au

စိတ်ဖီးစီးစရာတွေကြုံလာတိုင်း အကောင်းဆုံးဖြေရှင်းတဲ့နည်းက ကိုယ်ယုံကြည်ရဆုံး သူငယ်ချင်းဖြစ်ဖြစ် မိသားစုဝင် တစ်ယောက်ယောက်ကိုဖြစ်ဖြစ် ရင်ဖွင့်ပြောပြပါ။ တစ်ယောက်ထဲကြိတ်ခံစားတာထက်စာရင် တစ်ယောက်ယောက်ကို ထုတ်ပြောပြခြင်းဟာ အကောင်းဆုံးစိတ်ပြေလျော့စေမယ့်နည်း လမ်းဖြစ်သလို ဖြေရှင်းဖို့အတွက် အကြံဥာဏ်ကောင်းတွေကိုလည်း ရရှိနိုင်စေပါတယ်။

(၂) ဈေးဝယ်ထွက်ပါ

Source : themarketingblog.co.uk

ဈေးဝယ်ထွက်ခြင်းဟာလည်း စိတ်ဖိစီးမှုတွေကို အကောင်းဆုံးလျော့ကျစေမယ့် နည်းလမ်းတစ်ခုလို့ ပညာရှင်တွေကဆိုပါတယ်။ ကိုယ်က ဟင်းချက်ဝါသနာပါတဲ့ သူဆိုရင် ချက်ပြုတ်ရေးမှာလိုအပ်တဲ့တဲ့ သားငါး ဟင်းသီးဟင်းရွှက်တွေအတွက် ဈေးဝယ် ထွက်သင့်ပြီး ဖက်ရှင်ကြိုက်နှစ်သက်တဲ့ သူဆိုရင်တော့ အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေအတွက် ဈေးဝယ်ထွက်သင့်ပါတယ်။

(၃) အိပ်စက်ပါ

Source : Men’s Journal

အိပ်စက်ခြင်းဟာလည်း အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ စိတ်အရမ်းပင်ပန်းလာတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်ခြင်းဖြင့် စိတ်ဖိစီးမှုတွေ လျော့ကျသွားစေနိုင်သလို အားအင်အသစ်တွေလည်း ပြန်လည်ရရှိကာ ပြဿနာကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းသင့်တဲ့ ဆုံးဖြတ်ချက်ကိုပါ မှန်ကန်စွာ ချနိုင်လာမှာဖြစ်ပါတယ်။

(၄) အားကစားလုပ်ပါ

Source : YouWorkForThem

စိတ်ဖိစီးမှု အရမ်းများလာတဲ့အခါ လေ့ကျင့်ခန်းတစ်ခုခု ပြင်းပြင်းထန်ထန်လုပ်လိုက်ခြင်းဟာ အကောင်းဆုံး စိတ်ပြေလျော့စေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အလုံပိတ်အခန်းထဲက အားကစားနည်းတွေထက် တောင်တက်ခြင်း၊ စက်ဘီးနင်းခြင်း၊ ရေကူးခြင်း၊ အပြေးလေ့ကျင့်ခြင်း စတဲ့ပြင်ပလောကနဲ့ ထိတွေ့မှုရှိတဲ့အားကစားနည်းတွေက ပိုပြီးကောင်းပါတယ်။

(၅) တူရိယာတစ်ခုခုတီးခတ်ပါ

Source : ThoughtCo

လူတစ်ယောက်ချင်းစီတိုင်းမှာ ဝါသနာပါရာ ကြိုက်နှစ်သက်ရာ တူရိယာတစ်ခုစီတော့ရှိမယ်ထင်ပါတယ်။ ကိုယ်ဝါသနာပါတဲ့ တူရိယာတစ်ခုခု တီးခတ်တာဟာ စိတ်ဖိစီးစရာတွေ စိတ်ရှုပ်စရာတွေကို အများကြီးထိထိရောက်ရောက် လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။