လက်ပတ်နာရီသည် ကွီးတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ နည်းပညာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူငယ်ဆန်တဲ့ ဒစ်ဂျစ်တယ်နာရီများ၊ ဂဏန်းမျိုးစုံဖြင့် ဒီဇိုင်းဖော်ထားတဲ့ Classic နာရီများအပြင် ဖုန်းနဲ့ ချိတ်ဆက်လို့ရတဲ့ စမတ်နာရီများပါ ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။

ကွီးတို့အနေနဲ့ နောက်ဆုံးပေါ် စမတ်နာရီများဘက် မလှည့်ချင်သေးဘဲ တည်ငြိမ်ရင့်ကျက်တဲ့ဖက်ရှင်ကို ဖန်တီးချင်တယ်ဆိုရင်တော့ Classic နာရီများသာ အကောင်းဆုံးပါ။ Classic ဆန်တဲ့ နာရီအမျိုးအစား အများအပြားရှိတဲ့အနက် အရည်အသွေးကောင်းပြီး ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူနိုင်တဲ့ Classic လက်ပတ်နာရီများကို ကွီးတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။

Tissot

The Best Affordable Watch Brands for Men in 2022

ဒီနာရီလေးကတော့ ၁၈၅၃ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး အကြမ်းလည်းခံ ဖက်ရှင်လည်းကျတဲ့ နာရီအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ဈေးနငန်းကတော့ ဒေါ်လာ ၃၀၀ အောက် ကုန်ကျမှာဖြစ်ပါတယ်။

Seiko

The Best Affordable Watch Brands for Men in 2022

ဒီဘရန်းသည်လည်း ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ သူ့ဘက္ထရီသက်တမ်းကလည်း အကြာကြီးခံတဲ့အတွက်ကြောင့် တဝကြီး သုံးလိုက်ရုံပါပဲ။

AVI – 8

The Best Affordable Watch Brands for Men in 2022

လေယာဉ်မှူး၊ လေယာဉ်မောင်တို့အတွက် သင့်တော်တဲ့ လက်ပတ်နာရီအမျိုးအစားတစ်ခုပါ။ ဒီဇိုင်းက တေ်ရှေ့ပြေးနေပြီး အကြမ်းလည်းခံတဲ့နာရီတစ်လက်ပါ။

Casio

The Best Affordable Watch Brands for Men in 2022

ဒီနာရီကတော့ Bluetooth နဲ့ ချိတ်ဆက်နိုင်တဲ့အပြင် ရေအောက်မှာ Scuba Diving ပြုလုပ်တဲ့အခါမှာလည်း ပတ်နိုင်တဲ့ ဒစ်ဂျစ်တယ်နာရီတစ်လက်ပဲဖြစ်ပါတယ်။

G-Shock

The Best Affordable Watch Brands for Men in 2022

G-Shock ကတော့ Casio ရဲ့ တစ်ဝမ်းကွဲညီအစ်ကိုလို့ ပြောရမှာပါပဲ။ ဒီနာရီကို Casio အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Kikuo Ibe က စတင်တီထွင်ခဲ့တာဖြစ်ပြီး သူ့ဘက္ထရီသက်တမ်းက ၁၀ နှစ်ခံတယ်လို့ ပြောထားပါတယ်။

Timex

The Best Affordable Watch Brands for Men in 2022

ကမ္ဘာပေါ်ရှိ ယောကျာ်းတိုင်း လိုချင်တပ်မက်ကြတဲ့ နာရီဘရန်းတစ်ခုပဲဖြစ်ပါတယ်။ အညိုနဲ့ အနက်ရဲ့ ပေါင်းစပ်မှုကလည်း ဖက်ရှင်ကျခံ့ညားနေတာကို တွေ့မြင်ရမှာပါ။

Swatch

The Best Affordable Watch Brands for Men in 2022

ဒီနာရီလေးကတော့ ဆွစ်ဇာလန်နိုင်ငံထုတ်ဖြစ်ပြီး ဆွစ်ဇာလန်ရဲ့ Swiss နဲ့ နာရီရဲ့ Watch တို့ကို ပေါင်းစပ်ကာ Swatch လို့ အမည်ပေးထားခြင်းဖြစ်ပါတယ်။ သူ့ကိုတော့ ဒေါ်လာ ၁၁၀ နဲ့ စတင်ဝယ်ယူနိုင်ပါတယ်။

Triwa

The Best Affordable Watch Brands for Men in 2022

ဒီနာရီကိုတော့ ၂၀၀၇ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး သူငယ်ချင်းလေးယောက် စုပေါင်းက တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံထုတ် နာရီတစ်လက်ဖြစ်ပြီး အရည်အသွေးရော ဖက်ရှင်ပိုင်းပါ ပြေစရာမလိုအောင် ပြီးပြည့်စုံနေပါတယ်။

Skagen

The Best Affordable Watch Brands for Men in 2022

Skagen သည် အမေရိကန်နိုင်ငံထုတ် နာရီတံဆိပ်တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ဒီဇိုင်းက သစ်လွင်ဆန်းသစ်နေပြီး ဝယ်ယူချင်စရာကောင်းလှပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀ ပတ်ချာလည်ရှိပါတယ်။

MVMT

The Best Affordable Watch Brands for Men in 2022

သူသည်လည်း အမေရိကန်နိုင်ငံထုတ်ပါပဲ။ Jake Kassan နဲ့ Kramer LaPlante တို့က အောင်မြင်ဖို့ရန်အတွက် တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းများ မလိုအပ်ဘူးဆိုတာကို သက်သေပြချင်တဲ့အတွက်ကြောင့် ကောလိပ်ဆက်မတက်တော့ဘဲ ကျောင်းထွက်ကာ နာရီကုမ္ပဏီကို တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြခဲ့တဲ့နာရီတွေထဲက ဘယ်နာရီကို နှစ်သက်သဘောကျပါသလဲ။

Source: Fashionbeans.com

Featured Image: Thetrendspotter