လူသားများက နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စတဲ့ ရောဂါကြီးကြီးမားမားတွေကိုပဲ အာရုံစိုက်ကြပြီး သွားနှင့် သွားဖုံးကျန်းမာရေးကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ ဘယ်အချိန်မှ သွားနှင့် သွားဖုံးကို ဂရုစိုက်ဖို့ သတိရလဲဆိုရင် သွားကိုက်တဲ့အချိန် သွားဖုံးနာတဲ့အချိန်မှပဲ သတိရတတ်ကြပါတယ်။ ဒါပေမဲ့ ထိုအချိန်မှာ သွားဆေးခန်းသွားတဲ့အခါ အချိန်နှောင်းသွားပါပြီ။
ထိုကဲ့သို့ အချိန်မနှောင်းဖို့ရန်အတွက် တစ်နေ့နှစ်ကြိမ် ပုံမှန်သွားတိုက်သင့်ပြီး သွားပိုးစားစေမယ့် အစားအစာများကို ရှောင်ကြဉ်ကာ သွားများကို ကြံ့ခိုင်ကျန်းမာစေမယ့် အစားအစာများကိုသာ စားသုံးသင့်ပါတယ်။
သွားများကို ကျန်းမာကြံ့ခိုင်စေမယ့် အစားအစာများကတော့…
အမျှင်ဓာတ်ကြွယ်ဝသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ

Photo: Medicalnewstoday.com
အမျှင်ဓာတ် ကြွယ်ဝတဲ့အစားအစာများက သွားနှင့် သွားဖုံးကို ကျန်းမာသန့်ရှင်းစေတယ်လို့ အမေရိကန် သွားကျန်းမာရေးအဖွဲ့အစည်းက ပြောကြားထားပါတယ်။ ထိုအစားအစာများက တံတွေးထွက်နှုန်းကို တိုးမြှင့်ပေးပြီး ထိုတံတွေးဖြင့် ခံတွင်းထဲရှိ ဘက်တီးရီးယားများကို ဖယ်ရှားပေးပါတယ်။
ချိစ်၊ နို့၊ ဒိန်ချဉ်နှင့် အခြားနို့ထွက်ပစ္စည်းများ

Photo: Ajar.id
ထိုအစားအစာများက ကယ်လ်စိယမ်ဓာတ် ကြွယ်ဝပြီး ပျက်စီးသွားတဲ့ သွားကြွေလွှာများကို ပြန်လည်ပြုပြင်ထိန်းသိမ်းပေးပါတယ်။
လက်ဖက်စိမ်းနှင့် ရေနွေးကြမ်း

Photo: Teabreakfast.com
Green Tea ထဲမှာရော ရိုးရိုးရေနွေးကြမ်းထဲမှာပါ သွားချေးဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်တဲ့ Polyphenols ဓာတ်ပါဝင်ပါတယ်။ ထိုဓာတ်က ဘက်တီးရီးယားများကို ဆက်လက်မပွားများလာအောင် အက်စစ်ဓာတ်များ မထုတ်လုပ်နိုင်အောင် တားဆီးပေးပါတယ်။
သကြားဓာတ်မပါတဲ့ ပီကေ

Photo: candyindustry.com
အချိုဓာတ်မပါတဲ့ ပီကေဝါးခြင်းအားဖြင့် သွားကြားထဲမှာ ကပ်ငြိနေတဲ့ အစာ အကြွင်းအကျန်များကို ဖယ်ရှားပေးပြီး တံတွေးထွက်နှုန်းကိုလည်း တိုးမြှင့်ပေးပါတယ်။
ဖလိုရိုက်ပါဝင်သော အစားအစာများ

Photo: Best-home-remedies.com
သွားတိုက်ဆေးတွေထဲမှာဆိုရင် ဖလိုရိုက်ပါဝင်မှုနှုန်းများတဲ့ သွားတိုက်ဆေးက အကောင်းဆုံးဖြစ်သလို ဖလိုရိုက်ဓာတ်ပါဝင်တဲ့ အစားအစာများကလည်း သွားများကို ကျန်းမာကြံ့ခိုင်အောင် ကူညီပေးပါတယ်။
သွားကျန်းမာရေးကို ထိခိုက်စေတဲ့အတွက်ကြောင့် ရှောင်ကြဉ်သင့်တဲ့အစားအစာများ…
သကြားလုံးနှင့် အချိုဓာတ်လွန်ကဲသော အစားအစာများ

Photo: Ebuildyourvision.com
ထိုအစားအစာတွေက သွားပိုးစားစေတဲ့အတွက်ကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ တကယ်လို့ စားသုံးမိတယ်ဆိုရင်လည်း စားပြီးတဲ့အခါ ချက်ချင်း ပလုတ်ကျင်းလိုက်ပါ။
ကစီဓာတ် များပြားသော အစားအစာများ

Photo: Prevention.com
ပေါင်မုန့်၊ အာလူးကြော် စတဲ့ ကစီဓာတ် များပြားတဲ့အစားအစာများက သင့် သွားကြားထဲမှာ ကပ်ငြိနေတတ်ပါတယ်။ ထိုအစားအစာများကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် အချိုဓာတ် လွန်ကဲတဲ့ အစားအစာများကလည်း သွားပိုးစားစေတာကြောင့် ဆိုဒါအချိုရည်များ သောက်မယ့်အစား သဘာဝသစ်သီးအချိုရည်များကိုသာ အစားထိုး သောက်သုံးပေးလိုက်ပါ။
Source: Urmc.rochester.edu
