အိပ်စက်ခြင်းသည် လူသားတိုင်းအတွက်အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်နိုင်မှသာ ကျန်းမာရေးအတွက် ကောင်းမွန်မှာဖြစ်ပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွနေမှာဖြစ်ပါတယ်။

တကယ်လို့ သင်သည် ညဘက်မှာ တော်တော်နဲ့အိပ်မပျော်ဘဲ အိပ်ရာထဲမှာ လူးလှိမ့်ရင်းသာ အချိန်ကုန်ဆုံးနေရတယ်ဆိုရင် ဒီအစားအစာများကို အိပ်ရာဝင်ခါနီးမှာ စားသုံးနေမိလို့ပဲဖြစ်ပါတယ်။

ချောကလက်

best and worst food for your sleep

ချောကလက်သည် ကာဖိန်းဓာတ်ပါဝင်မှုများတဲ့အတွက်ကြောင့် ညအိပ်ရာဝင်ခါနီးမှာ မစားသုံးသင့်ပါဘူး။ ဒါ့အပြင် အခြားသော ကာဖိန်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နှင့် စွမ်းအားဖြည့်အချိုရည်များကိုလည်း အိပ်ရာဝင်ခါနီး ၄ နာရီ (သို့) ၆ နာရီကြာပြီဆိုတာနဲ့ မစားသင့်တော့ပါဘူး။

ရေခဲမုန့်

best and worst food for your sleep

အချိုဓာတ် အလွန်အကျွံ စားသုံးခြင်းသည် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ပေးစွမ်းတယ်ဆိုတာကိုတော့ ကျွန်တော်တို့အားလုံး သိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ထိုအချိုဓာတ်သည် ကိုယ့်ရဲ့အိပ်စက်မှုကို နှောင့်ယှက်နေတယ်ဆိုတာကိုရော မေ့လျော့နေတတ်ကြပါတယ်။

ရေခဲမုန့်လိုပဲ အခြား အချိုဓာတ်မြင့်မားတဲ့ အစားအစာများကို ညအိပ်ရာ ဝင်ခါနီး စားသုံးမိတဲ့အခါ ခန္ဓာကိုယ်တွင်းရှိ Cortisol ပမာဏ မြင့်တက်သွားပြီး ခန္ဓာကိုယ်ကို နိုးကြားတက်ကြွနေအောင် လှုံ့ဆော်နေပါလိမ့်မယ်။

အာလူးကြော်

best and worst food for your sleep

အငန်ဓာတ် စားသုံးခြင်းသည် ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေပြီး ခဏခဏ ရေငတ်အောင် ပြုလုပ်နေပါတယ်။ ဒါ့ကြောင့် အာလူးကြော်၊ မြေပဲကြော်စတဲ့ အငန်ဓာတ် များပြားတဲ့ အသင့်စား အစားအစာမျာားကို အိပ်ရာဝင်ခါနီး ၂ နာရီ၊ ၃ နာရီကြာပြီဆိုတာနဲ့ မစားသင့်တော့ပါဘူး။

အိပ်ရာဝင်ခါနီးမှာ ဘယ်လိုအစားအစာတွေကိုပဲ စားသင့်သလဲဆိုတော့ …

ငှက်ပျောသီး

best and worst food for your sleep

ငှက်ပျောသီးသည် သုံးရာသီပတ်လုံး ဝယ်ယူစားသုံးနိုင်တဲ့ အသီးအနှံ့တစ်မျိုးဖြစ်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ မဂ္ဂနီစီယမ်ဓာတ်သည် ကြွက်သားများကို ပြေလျော့စေပြီး စိတ်အေးချမ်းကာ ခန္ဓာကိုယ်ကို ကောင်းစွာအနားယူနိုင်အောင် ကူညီပေးပါတယ်။

ပျားရည်

best and worst food for your sleep

ရေနွေးပူတစ်ခွက်ထဲသို့ ပျားရည်နှင့် သံပုယိုရည်တို့ထည့်ကာ အိပ်ရာဝင်ခါနီးမှာ သေက်သုံးပေးလိုက်ပါ။ ထိုနေ့ညမှာ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာကို တွေ့မြင်ရပါလိမ့်မယ်။

ချယ်ရီသီးများ

best and worst food for your sleep

ချယ်ရီသီးများသည် အိပ်စက်မှုကို ကူညီပေးတဲ့နေရာမှာ နာမည်ကြီးတဲ့အစားအစတစ်ခုဖြစ်ပါတယ်။ သူ့ထဲမှာ Melatonin ဓာတ် ပါဝင်တဲ့အတွက်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ရေးဝဝ အိပ်ပျော်နိုင်အောင် ကူညီပေးပါတယ်။

Source: Benenden.co.uk

Featured Image Source: