ဘယ်လိုအချိန်မျိုးတွင် မျက်လုံးတဝိုက်၌ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်း၊ မျက်ကွင်းညိုခြင်း အစရှိတဲ့ အသားအရေပြဿနာများကို ကြုံတွေ့ရနိုင်ပါသလဲ။
သင်သည် ညဘက်တွင် အိပ်ရေးမဝတဲ့အခါ (သို့) အသက်အရွယ်တဖြည်းဖြည်းကြီးရင့်လာပြီး ဇရာက စကားပြောလာတဲ့အခါ (သို့) မျက်လုံးအသားအရေတဝိုက်တွင် ရေဓာတ်ခမ်းခြောက်သွားတဲ့အခါ အရေးအကြောင်းထခြင်း၊ မျက်ကွင်းညိုခြင်းတို့ကို ခံစားရတတ်ပါတယ်။
ဒီလိုအသားအရေပြဿနာများ ကြုံတွေ့လာရတဲ့အခါ ပြုလုပ်သင့်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ရေဓာတ်ကို အပြည့်အဝပြန်လည်ဖြည့်တင်းပေးမယ့် Eye Cream များ အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။
ဈေးကွက်ထဲမှာလည်း ရွေးချယ်စရာ Eye Cream အများအပြားရှိတဲ့အတွက်ကြောင့် ကိုယ့်စိတ်ကြိုက်ရွေးချယ်ဝယ်ယူကာ အသုံးပြုနိုင်ပါတယ်။ ဒါဆိုရင် ဘယ်လို Eye Cream မျိုးက ရေဓာတ်အပြည့်အဝဖြည့်တင်းပေးနိုင်သလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။
Jack Black

Jack Black သည် အသားအရေပြဿနာများကို ဖြေရှင်းပေးလာခဲ့တာ အခုဆိုရင် ဆယ်စုနှစ် နှစ်ခုစာလောက် ကျော်လွန်ခဲ့ပါပြီ။ သူ့ထဲမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်များ၊ Antioxidants များသည် အသားအရေကို တင်းရင်းနေစေပါတယ်။ Amazon က ဝယ်မယ်ဆိုရင် ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၄၀ ကုန်ကျပါလိမ့်မယ်။
Kiehl’s

ဒီတံဆိပ်သည်လည်း ဈေးကွက်ထဲမှာ တော်တော်လေးနာမည်ရနေတဲ့ တံဆိပ်တစ်ခုပဲဖြစ်ပါတယ်။ Age Defender ဆိုတဲ့အတိုင်း မျက်လုံးတဝိုက်က အရေးအကြောင်းတွေကို နှောင့်နှေးသွားစေပြီး မျက်ကွင်းညိုခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ဈေးနှုန်းကတော့ ၃၄ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Every Man Jack

ဒီတံဆိပ်လေးကတော့ ၁၂ ဒေါ်လာပဲ ပေးဝယ်ရမှာဖြစ်တဲ့အတွက်ကြောင့် အလှအပအတွက် ပိုက်ဆံသိပ်မသုံးချင်တဲ့ ယောကျာ်းများအတွက် အသင့်တော်ဆုံးပါပဲ။ သူသည်လည်း မနက်တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီးတစ်ကြိမ် အသုံးပြုပေးရုံနဲ့တင် လုံလောက်ပါတယ်။
Baxter

Eye Creams များ အားလုံးသည် ရေဓာတ်ဖြည့်ပေးဖို့ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အရာရာတိုင်းမှာ အကောင်းဆုံးဆိုတာရှိစမြဲမို့ Eye Creams ထဲမှာလည်းပဲ ရေဓာတ်အဖြည့်တင်းနိုင်ဆုံးကို ညွှန်ပြပါဆိုရင်တော့ Baxter ပဲဖြစ်ပါတယ်။ သူသည် Best Hydrating Eye Cream အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ၂၄ ဒေါ်လာ ပေးဝယ်ရပါလိမ့်မယ်။
Clinique For Men

Clinique သည်လည်း အခုဆိုရင် အမျိုးသားသုံးအလှကုန်ပစ္စည်းများ ထုတ်လုပ်ပြီး သူ့ရဲ့ရောင်းအားကို အရင်ကထက် ပိုမြင့်မားလာအောင် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ဒီအမျိုးသားသုံး Eye Cream ကတော့ ဈေးနှုန်းအားဖြင့် ၃၅ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Lumin

သင့်မျက်လုံးက ပင်ပန်းနွမ်းနယ်ပြီလို့ ခံစားလာရတဲ့အခါ ဒီ Eye Cream လေးကို အသုံးပြုပြီး ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်နိုင်ပါတယ်။ ဒီခရင်မ်သည် မျက်လုံးဖောင်းကားခြင်း၊ မျက်လုံးတဝိုက် ညိုမဲနေခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။ ဈေးနှုန်းကတော့ Amazon က ဝယ်မယ်ဆိုရင် ၂၃ ဒေါ်လာ ပေးချေရပါလိမ့်မယ်။
Source: Themanual.com
Featured Image Source: Themanual.com
