ကျောပိုးအိတ်တစ်လုံးရဲ့ တာဝန်က မနည်းပါဘူး။ ကျောင်းသွား ၊ ရုံးတက် ၊ ခရီးထွက် ကြိုက်သလို သုံးလို့ရပါတယ်။ ကျောပိုးအိတ်တစ်လုံးဟာ လက်တွေ့အသုံးလည်း ခံဖို့ လိုပြီး စတိုင်လည်းမိနေဖို့ လိုပါတယ်။
(၁) Bellroy
Photo: Bellroy
ဩစတြေးလျ လက်ကိုင်အိတ်ကုမ္ပဏီ Bellroy ဟာ စတိုင်ကျပြီး ခေတ်မီတဲ့ ပိုက်ဆံအိတ် ၊ လက်ကိုင်အိတ်နဲ့ လက်ပ်တော့အိတ်တွေကြောင့် နာမည်ကြီးပါတယ်။ အရည်အသွေးမြင့်မားပြီး တာရှည်ခံတဲ့ လယ်သာတွေနဲ့ ချည်သားစပ် ချုပ်ထားပြီး အကြမ်းခံမှုလည်း မြင့်ပါတယ်။
(၂) Herschel
Photo: antondee
၂၀၀၉ ခုနှစ်က လင်ဒွန်နဲ့ ဂျာမီကော်မက်တို့ တည်ထောင်တဲ့ ကနေဒါကုမ္ပဏီ Herschel Supply ဟာ Herschel အမှတ်တံဆိပ်ကျောပိုးအိတ်တွေနဲ့ နာမည်ကျော်လာပါတယ်။ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်အရွယ် လူငယ်တွေကို ပစ်မှတ်ထားပြီး ကျစ်လျစ်သလောက် Functionable ဖြစ်တဲ့ ကျောပိုးအိတ်တွေ ထုတ်ပါတယ်။
(၃) Eastpak
Photo: askgeorge
Eastpak က ဘော်စတွန်အခြေစိုက် Brand ပါ။ ၁၉၅၂ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး ဒီဇိုင်းနဲ့ development ပိုင်းကို အထူးဦးစားပေးလာတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ကျောပိုးအိတ် ၊ ခရီးဆောင် အိတ် နဲ့ လက်ကိုင်အိတ်အမျိုးမျိုး ထုတ်ပါတယ်။အမေရိကန်စစ်တပ်အတွက်တောင် ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်းမှာ Safety Equipment တွေ ထုတ်တဲ့ အိတ်ကုမ္ပဏီပါ။ ရေလုံ ချည်သားနဲ့ ထုတ်ထားတဲ့ အိတ်တွေအများဆုံး ထုတ်ပြီး လက်ပ်တော့ငယ်တွေနဲ့ ဖုန်းတွေထည့်ဖို့ပါ ဘေးအိတ်ကလေးတွေ ထည့်ထားပါတယ်။
(၄) Rains
Photo: Rushfaster
၂၀၁၂ ခုနှစ်က ဈေးကွက်ထဲ ဝင်ခဲ့တဲ့ ဒီ စကင်ဒီနေဗီးယားတံဆိပ်ဟာ ရိုးရှင်းပြီး စတိုင်ကျသလောက် အစုံသုံးနိုင်တဲ့ အိတ်တွေ ထုတ်ပါတယ်။ ခရီးသွားသူတွေအတွက် ကျစ်လျစ်ပေါ့ပါးပြီး သပ်ရပ်တဲ့ Rolltop Backpack လိုမျိုး အိတ်တွေကို Rains က ထုတ်ပါတယ်။
(၅) Saturdays NYC
Photo: Lyst
နယူးယော့ခ်အခြေစိုက် အဝတ်အစားနဲ့ Lifestyle Brand ဖြစ်ပါတယ်။ Classic စတိုင်နဲ့ လက်မှုဟန်ပေါင်းစပ်ထားတဲ့ အိတ်တွေ ထုတ်ပါတယ်။ နာမည်ကြီး အိတ်ထဲမှာ ခိုင်ခံ့တဲ့ ချည်သားကင်းဗတ်စ်နဲ့ ချုပ်ထားတဲ့ Hannes Backpack လည်း ပါပါတယ်။ ကျောပိုးအိတ်တစ်လုံးနဲ့ လျှောက်သွားနေရသူတွေအတွက် ရွေးချယ်သင့်တဲ့ Backpack ဆိုလည်း မမှားပါဘူး။