ဖက်ရှင်လိုက်စားသော ခေတ်မှီအမျိုးသားများရဲ့အဝတ်ဘီဒိုထဲတွင် ဂျက်ကတ်အင်္ကျီကောင်းကောင်းတစ်ထည်တော့ လက်ဝယ်ပိုင်ဆိုင်ထားသင့်ပါတယ်။ ဂျက်ကတ်အင်္ကျီကို စိုစွတ်သော မိုးရာသီတွင်သာမက ချမ်းအေးသော ဆောင်းရာသီတွင်လည်း ဝတ်ဆင်နိုင်ပါတယ်။ သင့်အနေနဲ့ အဲကွန်းခန်းထဲတွင် အလုပ်လုပ်ရတယ်ဆိုရင်လည်း ဂျက်ကတ်အင်္ကျီဖြင့် ရှိုးထုတ်ကာ စမတ်ကျကျ ဝတ်ဆင်နိုင်ပါသေးတယ်။
ဂျက်ကတ်အင်္ကျီများကို အမျိုးအစားခွဲကြည့်တဲ့အခါ သားရေဂျက်ကတ်၊ မိုးကာသားဂျက်ကတ်၊ ဂျင်းဂျက်ကတ်၊ ကတ္တီပါသား ဂျက်ကတ်ဆိုပြီး အမျိုးမျိုးအစားစားရှိပါတယ်။ သင့်ဖက်ရှင်ကြိုက်နှစ်သက်မှုပေါ် မူတည်ပြီး အမျိုးမျိုး ဝယ်ယူဝတ်ဆင်နိုင်ပါတယ်။
ဘယ်တံဆိပ်ကို ရွေးချယ်ရမလဲ စဉ်းစားရကြပ်နေသူများအတွက် ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ဂျက်ကတ် Brand များကို ဖော်ပြပေးလိုက်ရပါတယ်။
Alpha Industries MA-1

Tom Ford

Sandbank

The Jacket Maker

Nantersan

Alpha Industries Skymaster

Robert Graham

Alpha Industries B-15

Sandro Paris

Officine Generale

Alpha Industries L-2B

Columbia

Source: Luxe.digital
