ပဉ္စမမျိုးဆက် ဆက်သွယ်ရေးနည်းပညာပါတဲ့ 5G စမတ်ဖုန်းတွေကို ၂၀၁၉ နှစ်ဆန်းပိုင်းမှာ Samsung က ဈေးကွက်ထဲ ပထမဆုံးကြေညာခဲ့တာပါ။ နောက်ပိုင်းတော့ 5G ဖုန်းတွေကို အလတ်တန်းစား ဖုန်း Brand တွေကလည်း ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်ဖြန့်ချိလာခဲ့ပါတယ်။ ဒီနှစ်ထဲ ထွက်ခဲ့တဲ့ 5G ဖုန်းတွေဆို မြန်မာငွေ ၄ သိန်းတဝိုက်လောက်နဲ့ ဝယ်ယူနိုင်အောင် ဈေးသက်သာလာပါတယ်။ ဒီထဲက ဘက်ဂျက်အကျဆုံး 5G ဖုန်းတွေအကြောင်း ဖော်ပြလိုက်ပါတယ်။

(၁) OnePlus Nord N200 5G

OnePlus_Nord_N200

Photo: JioforMe

OnePlus ရဲ့ ဘက်ဂျက် Nord စီးရီးက ထွက်တဲ့ OnePlus Nord N200 5G ကို ဒေါ်လာ ၂၄၀ ဈေးနဲ့ မိတ်ဆက်ခဲ့ပါတယ်။ မြန်မာငွေနဲ့ဆို ၄ သိန်းကျော်လောက် ပေါက်ပါတယ်။ ဖြန့်ချိတဲ့ ဈေးကွက်ပေါ်လိုက်ပြီး ဈေးအပြောင်းအလဲ ရှိနိုင်ပါတယ်။ ၆.၅ လက်မ 90Hz FHD+ display နဲ့ အကြီးစား 5000mAh ဘက်ထရီ သုံးထားတဲ့ ဒီဖုန်းမှာ Snapdragon 480 5G Processor ပါရှိပါတယ်။

RAM 4GB/ storage 64GB ဟာ နောက်ထပ်လည်း storage ထပ်တိုးနိုင်မယ်လို့ ဆိုပါတယ်။ ကျောဘက်မှာ 13MP main sensor နဲ့အတူ သုံးလုံးတွဲကင်မရာ သုံးထားပြီး ရှေ့ဘက် punch-hole ထဲမှာ 16MP selfie ကင်မရာ ပါရှိပါတယ်။ 5G ဖုန်းတစ်လုံးအနေနဲ့ ဈေးသက်သက်သာသာနဲ့ သုံးနိုင်မယ့် ဖုန်းဖြစ်ပါတယ်။

(၂) Realme 8s 5G

Realme-8-5G-Price

Photo: Smartprix

နောက်ထပ် အကြီးစား 5000mAh ဘက်ထရီပါပြီး‌ ဈေးသက်သာတဲ့ ဖုန်းတစ်လုံးက Realme 5G ဖြစ်ပါတယ်။ ၂၄၅ ဒေါ်လာဈေးကနေ စတင်ရောင်းချမှာ ဖြစ်လို့ မြန်မာငွေ ၄ သိန်းခွဲအောက်ဈေးနဲ့ ထွက်လာတာလို့ ဆိုရမှာပါ။ ဒီဇိုင်းပိုင်းမှာ ခေတ်ပေါ် punch-hole ပေါက်ကင်မရာနဲ့ လာပြီး ကျောဘက်မှာ အကြီးစား 64MP main sensor သုံးလာတာက ဆွဲဆောင်မှုတစ်ခုပါ။

ကျောဘက်သုံးလုံးတွဲကင်မရာတွေထဲမှာ portrait shots အတွက် B&W sensor နဲ့ 4cm အထိ အနီးကပ်ဆွဲရိုက်နိုင်မယ့် macro ကင်မရာတို့ ပါရှိပါတယ်။ Screen Size ၆.၅ လက်မပါရှိပြီး OnePlus Nord N200 5G လိုပဲ 90Hz FHD+ ရုပ်ထွက် ပံ့ပိုးထားပါတယ်။ MediaTek Dimensity 810 SoC ကို ပထမဆုံးသုံးလာတဲ့ ဖုန်းဖြစ်ပြီး RAM 6GB , 8GB တွေနဲ့ ထွက်ထားပါတယ်။

(၃) Vivo iQOO Z3

Vivo iQOO Z3

Photo: GSMArena

5G နဲ့ 55W Fast Charging support ပါ ကျပ် ၅ သိန်းအောက်တန် ဖုန်းဖြစ်ပါတယ်။ 6/128GB ဗားရှင်းကို ဒေါ်လာ ၂၆၀ ကနေ စတင်ရောင်းချတာ ဖြစ်ပြီး 120Hz Refresh Rate နဲ့ လာပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၅၈ လက်မနဲ့လာပြီး HDR10 Support ပေးထားတဲ့ဖုန်းဖြစ်ပြီး Snapdragon 768G Processor ၊ Adreno 620 GPU နဲ့ လာပါတယ်။

Waterdrop Notch ထဲမှာ 16MP selfie ကင်မရာ သုံးထားပြီး ကျောဘက်မှာ 64MP main sensor နဲ့အတူ 8MP ultrawide ၊ 2MP macro lens တို့ ပါရှိပါတယ်။ ဘက်ထရီပါဝါ 4400 mAh အား ဖြစ်ပါတယ်။

(၄) Nokia G300

Nokia G300

Photo: TechRadar
ဒေါ်လာ ၂၀၀ တန် ဈေးအသက်သာဆုံးတန်းထဲက Nokia 5G ဖုန်းပါ။ Nokia G300 ဟာ သုံးလုံးတွဲကင်မရာပါ ကျောဘက်စက်ဝိုင်းပုံကင်မရာဒီဇိုင်းနဲ့ ရှေ့ဘက် V-Notch ဒီဇိုင်းတို့ သုံးထားပါတယ်။ Screen Size ၆.၅ လက်မရှိပြီး Snapdragon 480 5G Processor ၊ 4470mAh ဘက်ထရီ ၊ RAM 4GB/64GB Storage တွေနဲ့ လာပါတယ်။

OZO Spatial အသံစနစ်အပြင် ကင်မရာပိုင်မှာ Image Stabilization နည်းပညာတွေ သုံးထားတာကလည်း တန်ဖိုးသင့်ဖုန်းတစ်လုံးအတွက် စိတ်ကျေနပ်စရာဖြစ်မှာပါ။

(၅) Lava AGNI 5G

Lava-AGNI-5G

Photo: Gizmochina

အိန္ဒိယထုတ် ပထမဆုံး 5G ဖုန်းပါ။ Punch-hole ဒီဇိုင်းသုံး အကြီးစား ၆.၇၈ လက်မ Screen ၊ ကျောဘက် 64MP Main Sensor ပါ လေးလုံးတွဲကင်မရာ ၊ Dimensity 810 SoC chipset နဲ့ ထွက်လာပါတယ်။ အကြီးစား 5000mAh ဘက်ထရီနဲ့ 30W Fast Charging Support ပေးထားပါတယ်။ RAM 8/128G Storage ဗားရှင်းနဲ့ ထွက်ထားပြီး ပရီအော်ဒါမှာသူတွေကို ရူပီး ၁၈၀၀၀ (မြန်မာငွေ ၄ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Featured Photo: Gizmochina