ပါတီပွဲတစ်ခုခု ကျင်းပတဲ့အခါ (သို့) သူငယ်ချင်းများနဲ့ ညစာအတူတူစားပြီး ပျော်ပါးမြူးတူးကြတဲ့အခါ ကော့တေးကောင်းကောင်းတစ်ခွက်လိုအပ်ပါတယ်။

ကော့တေးကောင်းကောင်းတစ်ခွက် သောက်သုံးနိုင်ဖို့ဆိုရင် အရသာထူးကဲကောင်းမွန်ပြီး ဆွေမျိုးမေ့သွားစေမယ့် ကော့တေးဖျော်ရည်တစ်ခွက် ဖော်စပ်တတ်ရပါမယ်။

အကောင်းစားကော့တေးတစ်ခွက် ဖော်စပ်နိုင်မယ့် နည်းလမ်းတွေကလည်း အများကြီးပါပဲ။ ထိုထဲကမှ လူကြိုက်အများဆုံးဖြစ်တဲ့ ဖျော်စပ်နည်း (၅) မျိုးကို ကော့တေးချစ်သူများအတွက် ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။

(၁) ရိုးရာကော့တေးဖျော်စပ်နည်း

best cocktail recipes for men

အရင်ဦးဆုံး ကော့တေးဖျော်မယ့်ခွက်ထဲ သကြားတုံးတစ်တုံးထည့်လိုက်ပါ။ ထို့နောက် အနံ့အရသာ ပြင်းပြင်းရှရှလေးဖန်တီးဖို့ရန်အတွက် Angostura Bitters ၃ စက်ခန့် ထည့်ပါ။ ထို့နောက် ဝီစကီ ထည့်ပါ။ ရေ (သို့) Tonic ထည့်ပါ။ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အလှဆင်ရန်အတွက် လိမ္မော်ခွံ (သို့) သံပုရာခွံ အသုံးပြုနိုင်ပါတယ်။

(၂) လွယ်ကူရိုးရှင်းသော နည်းလမ်း

best cocktail recipes for men

ဝီစကီ ၂ အောင်စခန့် (စားပွဲတင်ဇွန်း ၄ ဇွန်း)၊ သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ တမူထူးခြားတဲ့အရသာမျိုး ရရှိချင်တယ်ဆိုရင်တော့ ကြက်ဥအကာ ၁ လုံး ထည့်ကာ ဖျော်စပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများအားလုံးကို Shaker ပုလင်းထဲ ထည့်လိုက်ပါ။ ထို့နောက် ရေခဲတုံးအနည်းငယ်ထည့်ကာ စက္ကန့် ၂၀ ခန့် လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ဖန်ခွက်ထဲထည့်ကာ သောက်သုံးနိုင်ပါပြီ။

(၃) Tom Collins

best cocktail recipes for men

Shaker ပုလင်းထဲသို့ ဂျင် စားပွဲတင်ဇွန်း ၄ ဇွန်း၊ သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် Tonic ရေတို့ထည့်ကာ သမအောင် လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ရေခဲတုံးထည့်ပြီးသားဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ သံပုရာသီးစိပ်လေးနဲ့ အလှဆင်ကာ ဇိမ်ကျကျ သောက်သုံးနိုင်ပါပြီ။

(၄) Gibson

best cocktail recipes for men

Gibson ကော့တေးကို ပထမဦးဆုံးစတင်ဖော်စပ်ခဲ့တာကတော့ ၁၉၀၈ ခုနှစ်ကပါ။ မာတီနီသောက်တဲ့အခါ အသုံးပြုလေ့ရှိတဲ့ ဖန်ခွက်ထဲထည့်ပြီး ဖျော်စပ်ထားတဲ့ ရိုးရှင်းတဲ့ကော့တေးတစ်မျိုးပဲ ဖြစ်ပါတယ်။ သူ့ကို ဖျော်စပ်ဖို့ဆိုရင် ဂျင် စားပွဲတင်ဇွန်း ၅ ဇွန်း၊ Vermouth အမျိုးအစား မာတီနီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ကော့တေးဖျော်စပ်တဲ့အခါ အသုံးပြုတဲ့ ကြက်သွန်နီတို့ လိုအပ်ပါလိမ့်မယ်။

ဂျင်နှင့် မာတီနီတို့ကို သမအောင် ရောမွှေပါ။ ရေခဲတုံးထည့်ပြီးတဲ့နောက်မှာတော့ ဖန်ခွက်ထဲ ပြောင်းထည့်လိုက်ပါ။ ပြီးရင်တော့ ကြက်သွန်နီလေးထည့်ကာ အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။

(၅) မာတီနီ

best cocktail recipes for men

သူ့ရဲ့ မူလဖျော်စပ်နည်းကတော့ ဂျင် စားပွဲတင်ဇွန်း ၈ ဇွန်းနဲ့ Vermouth အမျိုးအစားမာတီနီ စားပွဲတင်ဇွန်း ၂ ဇွန်းကို သမအောင် ဖျော်စပ်ရတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ဂျင် စားပွဲတင်ဇွန်း ၄ ဇွန်းနဲ့ Vermouth စားပွဲတင်ဇွန်း ၁ ဇွန်းအဖြစ် ပြောင်းလဲဖော်စပ်ခဲ့ကြပြီး အရသာပိုမိုထူးကဲကောင်းမွန်တာကို တွေ့ရှိခဲ့ရပါတယ်။

အရသာထူးကဲကောင်းမွန်တဲ့ ကော့တေးများကို ကိုယ်တိုင်ကိုယ်ကျဖော်စပ်ရင်း တန်ဖိုးရှိတဲ့အချိန်လေးကို ဇိမ်ကျကျ ဖြတ်သန်းလိုက်ပါ။

Source: Theadultman.com

Featured Image Source: Cntraveler.com