တက်တူးထိုးကြတဲ့အခါ မှန်ကန်တဲ့အရောင်ရွေးချယ်မှုကလည်း တကယ့်ကိုလိုအပ်ပါတယ်။ တက်တူး အရေးခံမယ့်သူရဲ့ အသားအရောင်နဲ့ လိုက်ဖက်မှုရှိတဲ့ ကာလာကိုလည်း ရွေးချယ်တတ်မှသာ ပြီးပြည့်စုံတဲ့ တက်တူးပုံကောင်းတစ်ပုံရရှိမှာ ဖြစ်ပါတယ်။ အများစုကတော့ မှင်အနက်ရောင်ကို အားသာကြပေမယ့် ဒီနေ့မှာတော့ အသားဖြူ၊ အသားလတ်တဲ့သူတွေ ပိုမိုလိုက်ဖက်မှုရှိတဲ့ အရောင်အသွေးစုံလင်တဲ့ Colourful တက်တူး ဒီဇိုင်းလေးတွေကို တင်ဆက်ပေးချင်ပါတယ်။

(၁) သာမာန်ဆင်ပုံတက်တူးတွေနဲ့ မတူဘဲ ကာလာအားဖြင့် အဝါ ၊ အနီ ၊အစိမ်း ၊ အနက်တို့ကိုသုံးပြီး ရေးဆွဲထားတဲ့ ရောင်စုံဆင်ပုံလေးဖြစ်ပါတယ်။

Source : Imgur

(၂) Photographer တွေတော်တော်လေး နှစ်သက်မယ့် ကင်မရာပုံ တက်တူးပုံစံအဆန်းလေးဖြစ်ပါတယ်။

Source : Picgra

(၃) Pet Lover တွေအကြိုက် ချစ်ရာကောင်းတဲ့ ကြောင်ပုံတက်တူးလေးပါ။ တိရစ္ဆာန်ပုံလေးတွေ တက်တူးထိုးတဲ့အခါ မှင်အနက်ကိုသုံးတာများပေမယ့် အခုလိုရောင်စုံလေးဆိုတော့ပိုပြီး Cute ဖြစ်မယ်ထင်ပါတယ်။

Source : World Tattoo Gallery

(၄) The Dark Knight ရဲ့ ဇာတ်လိုက်ကျော် Jocker ကြီးကို အရောင်အသွေး စုံစုံလင်လင် နဲ့ မြင်ရသောအခါ။

Source : pinterest.com

(၅) ရုတ်တရက်ကြည့်ရင်တော့ ဘာပုံမှန်းသဲသဲကွဲကွဲမသိရပေမယ့် အထာကျတဲ့ ” Rock On ” ဆိုတဲ့သင်္ကေတအမှတ်အသားတစ်ခု ဖြစ်ပါတယ်။

Source : Tatuami

(၆) ကျားဟိန်းတဲ့ပုံတက်တူးထိုးအတဲ့အခါ မပါမဖြစ်ပါရမယ့် လိမ္မော် ၊ အဝါ ၊ အစိမ်း ၊ အနက်  စတဲ့ ကာလာတွေအပြင် အပြာ ၊ ပန်းရောင်နဲ့ အနီတို့ကိုလည်း လိုက်ဖက်စွာသုံးထားတာဖြစ်ပါတယ်။ ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုခံစားမှုမျိုးပေးစွမ်းတဲ့ ပြီးပြည့်စုံတဲ့ ပုံတစ်ပုံဖြစ်ပါတယ်။

Source : Picgra

(၇) ဒီတက်တူးပုံရဲ့ အသက်က မျက်လုံးလို့ဆိုရပါမယ်။ လက်ရာမြောက်လွန်းတာကြောင့် တကယ့်မျက်လုံးအစစ်ကဲ့သို့ အရည်လဲ့နေပြီး စူးစူးနစ်နစ်စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံလို့ ခံစားမိပါတယ်။

Source : Insta Stalker

(၈) Star War ရုပ်ရှင် Fan တွေသေချာပေါက် ကြိုက်နှစ်သစ်မယ့် တက်တူးဒီဇိုင်းလေး တစ်ခုဖြစ်မယ် ထင်ပါတယ်။

Source : Tumblr

(၉) ဒီလို Old School အရိုးခေါင်းတက်တူးဒီဇိုင်းတွေကတော့ ဒီနေ့အထိ ရိုးမသွားသေးတဲ့ ဂန္တဝင် တက်တူးဒီဇိုင်းတွေဖြစ်ပါတယ်။

Source : Pikdo

(၁၀) Puppy လေးတွေမွေးထားတဲ့ သခင်တွေကတော့ ကိုယ့်ရဲ့ အချစ်တော်လေးတွေကို အမှတ်တရရေးထိုးချင်တယ်ဆိုရင် ဒီိလိုရောင်စုံဒီဇိုင်းလေးက မိုက်မှာသေချာပါတယ်။

Source : worldtattoogallery.com

အထက်ပါ တက်တူးဒီဇိုင်းလေးတွေကတော့ ရေဆေးပန်းချီကားဆန်ဆန် Water Colour တက်တူးဒီဇိုင်လေးတွေဖြစ်ပြီး မြင်နေကြ တက်တူးဒီဇိုင်းတွေထဲကနေ ခွဲထွက်နေတဲ့ အမိုက်စားဒီဇိုင်းလေးတွေလည်းဖြစ်ပါတယ်။ ကာလာတက်တူးတွေကတော့ အဓိကအားဖြင့် လူငယ်တွေကြားမှာ ရေပန်းစားနေပြီး ယောကျာ်လေးတွေသာမက မိန်းကလေးတွေလည်း အထိုးများနေတဲ့ တက်တူးဒီဇိုင်လေးတွေဖြစ်ပါတယ်။ သင်ဟာ အရောင်စုံကာလာ တက်တူးလေးတွေကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ အထက်ပါတက်တူးဒီဇိုင်းလေးတွေထဲကနေ နမူနာယူပြီး စိတ်ကြိုက်ပုံလေးတွေ ဖန်တီးရေးထိုးလိုက်ပါနော်။