Jeans ဖက်ရှင်မှာ Denim အမျိုးအစားနဲ့ ချည်အရော Blend Type ဆိုပြီး ရှိကြပါတယ်။ Denim ချည်သားတွေက တခြား ချည်အမယ်တွေနဲ့ ရောပြီး ထုတ်တာလည်း ရှိပါတယ်။ ပိုလီအီစတာ နဲ့ Spandex လို့ခေါ်တဲ့ အီလက်စတစ် ပိုလီမာတွေနဲ့လည်း ဆွဲသား Stretch Jeans တွေ ထုတ်လေ့ရှိပါတယ်။
Wash ဆိုတာက Jeans ကို ဆိုးဆေးဆိုးတဲ့ပုံကို ပြောတာပါ။ Dark Wash ၊ Light Wash ဆိုပြီး အရောင်ရင့် ၊ အရောင်နု ဆေးဆိုးတာကို သတ်မှတ်ပါတယ်။ Indigo လို့ ခေါ်တဲ့ အမျိုးအစားကတော့ အပြာရင့် Dark Blue ကို ပြောတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ Dark Wash Jeans တွေကို ကိုယ့်ကိုယ်လုံးနဲ့ အဆင်ပြေစေဖို့ ဘယ်လိုရွေးရမလဲဆိုတဲ့ အကြောင်းကို ပြောပြချင်ပါတယ်။
(၁) Slim လား Regular လား

Photo: Ashley Weston
Slim Fit ဆိုတာ ပေါင်သား ၊ ဒူးနဲ့ ခြေသလုံးသား နေရာတွေမှာ မဆိုစလောက် ကျပ်နေပြီး ဒူးကနေ ခြေကျင်းဝတ်နေရာမှာ ကျဉ်းသွားတဲ့ ဒီဇိုင်းကို ပြောတာ ဖြစ်ပါတယ်။ Regular Fit ဝတ်လေ့ရှိတဲ့သူအတွက် Slim Fit စတိုင်တွေက Skinny ဖြစ်တယ်လို့ မြင်ရပါတယ်။ တကယ်တော့ Slim Fit / Regular Fit ဆိုတာ ကိုယ့် Body အချိုးပုံစံပေါ် လိုက်ပြီး ဝတ်ရတဲ့ အမျိုး ဖြစ်ပါတယ်။
Slim ပုံပေါက်အောင်ဆိုပြီး Skinny Fit ပုံစံတွေ မဝတ်ပါနဲ့။ Skinny ဆိုတာ နာမည်အတိုင်း အသားကပ်နေတာ ဖြစ်လို့ လူကို ပိုပြီး ကျပ်ထုပ်နေစေမှာပါ။ ဘောင်းဘီ ပေါင်သားနှစ်ဖက်ကို ဆွဲလို့ ၁.၅ လက်မထက် ပိုနေရင် ကိုယ့်ဘော်ဒီထက် ပွနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဆိုရင် ပိုပြီး Slim ကျတဲ့ Cutting ကို ရွေးဖို့ လိုပါတယ်။ ဘောင်းဘီဘေးပေါင်သား ပွနေတာ ဝတ်ရင် လူကို ပုအိုင့်အိုင့်ကြီး ဖြစ်သွားစေနိုင်ပါတယ်။
(၂) Designer

Photo: Ashley Weston
Designer ထည်တွေကတော့ Fitting မှန်တယ် ၊ အိတ်ကပ်အနေအထား ၊ ချုပ်ရိုးချုပ်ကြောင်း ကောင်းပါတယ်။ ဒါပေမယ့် Brand ပေါ်လိုက်ပြီး ခါးဆိုဒ်ရွေးရာမှာ သတိထားရပါတယ်။ တချို့ Jeans Brands တွေမှာ ခါးဆိုဒ် ၃၂ ဆိုပေမယ့် ပုံမှန် ၃၄ ဝတ်သူလည်း ဝတ်လို့ ရပါတယ်။ ၃၂ ဆိုတာ ခါးနဲ့ ခြေထောက်အရှည် (၃၂ x ၃၂) လက်မကို ပြောတာပါ။ ဝတ်ကြည့်တာက ခါးဆိုဒ်ကို တိုင်းဖို့ လက်တွေ့အကျဆုံး ဖြစ်ပါတယ်။ ခြေထောက်အကျအနေနဲ့ ခြေမျက်စိဖုံးမယ် Tapered ခေါက်မဟုတ်ဘူးဆိုရင် အဆင်ပြေပါတယ်။
(၃) Budget

Photo: Ashley Weston
ဒီနေ့ခေတ်မှာ ဈေးဝယ်သူတွေဟာ ဈေးနဲ့ ပစ္စည်း ကြေးတန်ရဲ့လားဆိုတာ ကြည့်ပြီး ဝတ်တဲ့ Budget Friendly စနစ်ကို လက်ကိုင်သုံးလာကြပါတယ်။ ဈေးကြီးပါတယ်ဆိုတဲ့ Levi’s တွေ ဝယ်တာလည်း တစ်ထည်ဆို တစ်ထည် တန်တယ်လို့ ခံစားရတာကြောင့် “ဝယ်ပျော်” တယ်လို့ ဆိုရမှာပါ။ ဈေးလည်း သင့်ပြီး ပုံကျပြန်ပြင်ပေးတဲ့ Free Hamming Service ပေးတဲ့ Uniqlo Brands တွေကျတော့ လူတိုင်းအတွက် အဆင်ပြေပါတယ်။
