Detox ဖျော်ရည်ဆိုတာကတော့ သဘာဝအသီးအနှံတွေနဲ့ သန့်စင်သောရေတို့ကို ရောပြီး သောက်သုံးရတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ Detox ဖျော်ရည်ဟာ ကိုယ်အလေးချိန် ထိန်းချင်သူများနဲ့ ဝိတ်ကျချင်သူများအတွက် အကောင်းဆုံးသော သဘာဝဖျော်ရည်တစ်မျိုးလည်းဖြစ်ပါတယ်။ သာမာန်လူတွေရော Detox သောက်လို့မရဘူးလားဆိုရင်တော့ အဖြေက ရပါတယ်။

Detox ဟာ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ပြေစေပြီး အသားအရေလှစေတဲ့အပြင် အစာအိမ်လမ်းကြောင်းပေါ်မှာ တွယ်ကပ်နေတတ်တဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ်အလေးချိန် ထိန်းချင်သူများအတွက် အကောင်းဆုံး Detox ဖျော်ရည်ပြုလုပ်နည်းလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Source : lifealth.com

အခုပြောပြမယ့် Detox ဖျော်ရည်မှာ အဓိက ပါဝင်ပစ္စည်းများကတော့ သံပုရာသီး ၊ သခွားသီး ၊ ဂျင်းနဲ့ ပူစီနံရွက် တို့ပဲ ဖြစ်ပါတယ်။ ဝိတ်ကျချင်သူတွေအတွက် အကောင်းဆုံး သဘာဝဆေးတစ်ခွက်ဟာ သံပုရာသီးလို့ပြောရင် လက်ခံပါသလား။ သံပုရာသီးဟာ ခန္ဓာကိုယ်သွယ်လျလှပစေတဲ့အပြင် အသားအရေကိုလည်း ပြန်လည်နုပျိုလာစေတဲ့ လုပ်ငန်းစဉ်တွေကိုလည်း လုပ်ဆောင်ပေးပါတယ်။

သခွားသီးဟာလည်း ထို့အတူပါပဲ။ သခွားသီးမှာ  Vitamin B ၊ Potassium နဲ့ Magnesium ဓာတ်တွေပါဝင်ပြီး အဆိပ်တောက်ပြေစေကာ ကိုယ်အလေးချိန်ကိုလျင်မြန်စွာ ကျစေတာပဲဖြစ်ပါတယ်။ ဂျင်းကတော့ အားလုံးသိတဲ့အတိုင်း အစာခြေစနစ်ကိုကောင်းအောင် လုပ်ဆောင်ပေးတဲ့နေရာမှာ ကူညီပေးပါတယ်။ ပူစီနံအရွက်ဟာလည်း ထို့အတူပါပဲ ခန္ဓာကိုယ်အတွင်းက ကိုလက်စတောပမာဏကို ကျစေတာကြောင့် ဝိတ်ကျဖို့အတွက်တော့ အကောင်းဆုံး အရွက်တစ်မျိုးဖြစ်ပါတယ်။ ဒီပါဝင်ပစ္စည်းတွေနဲ့ Detox ဖျော်ရည် ဘယ်လိုပြုလုပ်မလဲ ဆက်ကြည့်ရအောင်။

Source : FIVEheartHOME

အဆင့်(၁) သန့်စင်တဲ့ ဖန်ပုလင်း (သို့) ရေသန့်ဗူး တစ်ခုလိုပါမယ်။ ပုလင်း သို့မဟုတ် ရေသန့်ဗူးဟာ အနည်းဆုံး ၁ လီတာဆန့်ရပါမယ်။

အဆင့်(၂) အထက်မှာပြောခဲ့တဲ့ ပါဝင်ပစ္စည်း(၄)မျိုးကို သန့်စင်အောင် ဆေးကြောပြီး ပုလင်း(သို့) ဗူးအတွင်းသို့ ထည့်လို့ရမယ့် အရွယ်အစားလောက် လှီးရပါမယ်။

အဆင့်(၃) ပုလင်းထဲသို့ လှီးပြီးသား သံပုရာသီးကို ဦးစွာထည့်ပါမယ်။ အဲ့ဒီနောက်မှာတော့ သခွားသီးဆက်ထည့်ပါ။ ဆက်လက်ပြီး ဂျင်းနဲ့ ပူစီနံရွက် အနည်းငယ်ကို ထည့်ပြီးပုလင်းကို ရေအပြည့်ဖြည့်ပါ။ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ သံပုရာသီးကတော့ ၁ လုံးမှ၂ လုံးအများဆုံးထည့်ရပါမယ်။ သခွားသီး အလယ်အလတ်တစ်လုံး၊ ဂျင်းနဲ့ ပူစီနံအရွက်ကတော့ အနည်းငယ်ပဲထည့်ပေးရင်ရပါပြီ။

အဆင့်(၄) အနေနဲ့ အဆိုပါပုလင်းအား ရေခဲသေတ္တာထဲတွင် ၂၄နာရီခန့် ထည့်သိမ်းထားရပါမယ်။

အဆင့်(၅) ၂၄နာရီပြည့်ကပါအဆိုပါ Detox Water ကိုသောက်သုံးနိုင်ပြီပဲ ဖြစ်ပါတယ်။

Source : healthier.qld.gov.au