လူအတော်များများမှာ Diet စားတာ အကြောင်းရှိပါတယ်။ တချို့က ကိုယ်အလေးချိန်လျှော့ချဖို့ Diet စားတယ်။ တချို့က ကျန်းမာတဲ့ Lifestyle ရဖို့ စားတာ ဖြစ်ပြီး တချို့တွေကတော့လည်း ကိုယ့်ကျန်းမာရေးကြောင့်ကို တချို့အစားအသောက်တွေ ရှောင်ဖို့ လိုလို့ ဖြစ်ပါတဘ်။
လူပေါ်လိုက်ပြီး လိုအင်အမျိုးမျိုး ရှိတာ ဖြစ်လို့ ဘယ်လို Diet ကို စားသင့်တယ် ဆိုတာ ရွေးချယ်ဖို့တော့ လိုပါတယ်။ ယေဘုယျအားဖြင့် အမျိုးသားတွေအတွက် အကောင်းဆုံး နဲ့ ရေရှည်မှာ အကျိုးများမယ့် Diet Plan ကို ပြောပါဆိုရင်တော့ အခုပြောမယ့်အကြံလေးတွေက အလုပ်ဖြစ်ပါလိမ့်မယ်။
(၁) အသီးအရွက်များများပါပါစေ

Photo: Unsplash
Diet လုပ်မယ်ဆိုရင် ကိုယ့်ပန်းကန်ထဲမှာ ဟင်းသီးဟင်းရွက်တွေက နေရာများများ ယူပါစေလို့ အကြံပေးချင်ပါတယ်။ အမျိုးသားတွေအတွက် စားသင့်တဲ့ Diet Plan ထဲမှာ ခရမ်းချဉ်သီး ၊ သခွား ၊ အရွက်များတဲ့ အစားအစာနဲ့ ငရုတ်ပွကြီးတွေ ပါသင့်ပါတယ်။ ဒီအစားအသောက်တွေက အမျှင်ဓါတ်မြင့်မားလို့ အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်သလို ဆီးချိုနဲ့ ကင်ဆာလိုမျိုး ရောဂါတွေလည်း အဖြစ်နည်းစေပါတယ်။
(၂) ကယ်လိုရီနည်းပါစေ

Photo: Unsplash
Diet Plan မှာ နေ့စဉ်ကယ်လိုရီကို ချိန်ဖို့ လိုပါတယ်။ ကိုယ်တွင်းမှာ ကယ်လိုရီနည်းခြင်းဟာ ကိုယ်အလေးချိန် ထိန်းညှိရာမှာ ပိုပြီး ကောင်းမွန်ပေမယ့် ကယ်လိုရီစားသုံးမှုကို အလွန်အကျွံ ဖြတ်တောက်တာမျိုးတော့လည်း မလုပ်သင့်ပါဘူး။ နေ့စဉ် ကယ်လိုရီစားသုံးမှု ၅၀၀ ကနေ ၇၅၀ အကြား ရှိရင် တစ်ပတ်တစ်ပတ် ၁ ပေါင်ကနေ ၁ ပေါင်ခွဲအထိ ဝိတ်ကျအောင် ကူညီပေးနိုင်ပါတယ်။
(၃) မျှတပါစေ

Photo: Unsplash
မျှတတဲ့ အစားအသောက်ပုံစံတစ်ခုဆိုတာ ကောက်ပဲသီးနှံတွေ ၊ အသီးအရွက်နဲ့ အသီးအနှံတွေအပြင် ပရိုတိန်းပါတဲ့ အစားအသောက်တွေ ၊ ပဲတောင့်ရှည် ၊ အစေ့အဆံ ၊ နို့ထွက်ပစ္စည်းနဲ့ အပင်ကရတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ ပါဖို့ လိုပါတယ်။ ကာဗွန်ဟိုက်ဒရိတ် စားသုံးမှု လျှော့ချဖို့ လိုပေမယ့် နေ့စဉ်ကိုယ်တွင်းအင်္ဂါတွေအလုပ်လုပ်မှု မှန်ဖို့အတွက် ကာဗွန်ဟိုက်ဒရိတ်သင့်တင့်အောင် စားပေးဖို့လည်း လိုမှာပါ။
ဒီအချက်တွေအပြင် ရေရှည်မှာ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အာဟာရဓါတ်ပြည့်စုံ လုံလောက်မှုရှိအောင်လည်း စားပေးဖို့ လိုပါတယ်။ Low-Fat , Low-Carbs ဆိုပေမယ့် တရားသေကြီး မှတ်မထားသင့်ပါဘူး။ မကြာသေးခင်က လေ့လာမှုတွေအရဆိုရင် ရေရှည် ဝိတ်ချရာမှာ Low-Fat Diet စားတာက ထိရောက်မှု မရှိဘူးလို့ ဆိုထားပါတယ်.
