ရုပ်ရှင်၊ တေးဂီတတို့ပြီးရင် လူကြိုက်အများဆုံးဟာ အားကစားပါ။ အားကစားထဲမှာမှ ဘောလုံးအားကစားကတော့ အမျိုးသားအမျိုးသမီးမကျန် အကုန်နှစ်သက်အားပေးကြတာဖြစ်ပြီး အချို့လူများအတွက်ဆိုရင် ကြိုက်လွန်းလို့ ထမင်းမေ့ဟင်းမေ့တောင်ဖြစ်တတ်ပါတယ်။

ဒီလိုအထူးတလည်အားပေးကြတဲ့ ဘောလုံးအားကစားမှာဆိုရင် ကန်နေတဲ့ ပွဲစဉ်တွေကိုသာအားပေးတာမဟုတ်ဘဲ သူ့အကြိုက် ကိုယ့်အကြိုက် အားကစားသမားများလည်း ရှိကြပါတယ်။ ဘောလုံးကစားသမားများဟာဆိုရင် အမြဲတမ်း ဘောလုံးဝတ်စုံများနဲ့သာ မြင်တွေ့ရလေ့ရှိတာကြောင့် ဖက်ရှင်နဲ့ ပတ်သက်ရင် ဘာမှသိကြမှာမဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။

ဒါဆိုရင်တော့ သင်မှားသွားပါပြီ။ အခုဖော်ပြပေးမယ့် ဘောလုံးအားကစားသမားများဟာဆိုရင် ဘောလုံးကန်ရာမှာသာ ထူးချွန်ပြောင်မြောက်တာမဟုတ်ဘဲ ဖက်ရှင်ပိုင်းမှာလည်း ဝတ်စားဆင်ယင်တတ်လှပါတယ်။ ကဲ…ဘယ်သူတွေပါမလဲဆိုတာ အခုပဲ ကြည့်လိုက်ပါစို့။

David Beckham

ဒေးဗစ်ဘက်ဟမ်းကတော့ ကလေးလူကြီးအားလုံးသိကြပြီး ထူးချွန်ပြောင်မြောက်လွန်းတဲ့ ဘောလုံးကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘာနဲ့တစ်ဝှမ်းအောင်မြင်မှုကို ရရှိထားသူဖြစ်ပါတယ်။ ဘက်ဟမ်းရဲ့ဖက်ရှင်စတိုင်ဟာ အသက်အရွယ်ရလာတဲ့နဲ့အညီ ရင့်ကျက်တဲ့အသွင်ဖက်ကို တဖြည်းဖြည်းကူးပြောင်းလာကာ ယနေ့ထက်ထိတိုင်အောင်ကို အမျိုးသားအများစု လိုက်လံအတုယူနေရဆဲပါပဲ။

Paul Pogba

မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမား Paul Pogba ရဲ့ စတိုင်ကတော့ ကွဲပြားသစ်လွင်လွန်းလှပြီး ဘယ်သူမှလိုက်မမှီလောက်အောင် ဖက်ရှင်ကျလွန်းလှပါတယ်။

Cristiano Ronaldo

Cristiano Ronaldo ကတော့ ဘောလုံးကန်ရာမှာ သူမတူအောင် ပြောင်မြောက်လွန်းရုံသာမက ငေးမောစရာကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်လွန်းတတ်တာကြောင့် အမျိုးသားတွေရော အမျိုးသမီးတွေပါ သဘောကျရတဲ့ အားကစားသမားတစ်ဦးဖြစ်နေတာပါ။

Lionel Messi

ဆုပေါင်းမြောက်မြားစွာကို သိမ်းယူထားပြီး ဘောလုံးလောကရဲ့ ထွန်းထွန်းတောက်ကြယ်ပွင့်ဖြစ်တဲ့ မက်ဆီကိုလည်း ချန်ထားခဲ့လို့ မရပါဘူေးနာ်။ သူ့ရဲ့ အခြားသူများနဲ့မတူတဲ့ ဖက်ရှင်ရွေးချယ်တတ်မှုတွေက သူ့ကို ပိုပြီးတော့ ဆွဲဆောင်မှုရှိစေပါတယ်။

Neymar

Neymar ကတော့ သူများတွေနဲ့မတူဘဲ ကိုယ်ပိုင်စတိုင်နဲ့ ဝတ်စားဆင်ယင်တတ်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ရွေးချယ်မှုတွေကလည်း ထူးခြားသစ်လွင်လွန်းလှပါတယ်။