လူတိုင်း ရုပ်ချောဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်ပဲ ဖက်ရှင်တွေ ခေတ်စားလာတာလို့ ပြောနိုင်ပါတယ်။ ဝတ်တတ်စားတတ်ခြင်းဟာ အရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။ ဖက်ရှင်ကျကျ ဝတ်တတ်စားတတ်သူဟာ အသက်ကြီးလည်း ခန့်ညားသားနားနေမှာပါ။
ဒီနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကျင်းပသွားတဲ့ Oscar 2020 ပွဲမှာလည်း ဖက်ရှင်စားတဲ့ မင်းသားချောတွေ အများကြီး မြင်ခဲ့ရပါတယ်။ ဒီထဲကမှ ဝတ်စားဆင်ယင်မှု အမိုက်ဆုံးမင်းသား ၅ ဦးကို ရွေးချယ်တင်ပြလိုက်ပါတယ်။
(၁) လီယိုနာဒို ဒီကာပရီယိ
Photo: Vogue
အကောင်းဆုံး သရုပ်ဆောင် ဆန်ကာတင်ဆုထဲ ပါခဲ့တဲ့ မင်းသားကြီးပါ။ လီယိုနာဒိုရဲ့ ဖက်ရှင်ကတော့ အမျိုးသားတိုင်း အားကျလောက်တဲ့ စမတ်ဆိုတဲ့ ဟန်နဲ့ ကျော့နေပါတယ်။
(၂) ဘရက်ဒ်ပစ်
Photo: ABC7 News
ဒီနှစ် အကောင်းဆုံး ဇာတ်ပို့အော်စကာဆုကို Once Upon a Time in… Hollywood ကားနဲ့ ရခဲ့တဲ့ မင်းသားကြီး ဘရက်ဒ်ပစ်ဟာ အသက်ကြီးလေလေ ပိုပြီး စမတ်ကျလာလေလေပါပဲ။
(၃) ဘီလ်ပေါ်တာ
Photo: internewscast
Red Carpet မှာ ဘီလ်ပေါ်တာရဲ့ ဖက်ရှင်က အဆန်းကြယ်ဆုံးနဲ့ မျက်စိ အဆွဲဆောင်နိုင်ဆုံး ဖြစ်ပါတယ်။ Performer နဲ့ သရုပ်ဆောင် အဆိုတော်လည်း ဖြစ်တဲ့ ဘီလ်ပေါ်တာဟာ ၂၄ ကာရတ်ရွှေနဲ့ ဖန်တီးထားတဲ့ အင်္ကျီနဲ့ Maxi-skirt ပိုးစကပ်တို့ တွဲဝတ်ပြီး ပွဲတက်ခဲ့တာပါ။
(၄)ဂျော့ချ် မက်စ်ကေး
Photo :Evening Standard
မက်စ်ကေးဟာ ရုပ်ရှင်ဓါတ်ပုံပညာဆု ၊နောက်ခံတေးဂီတဆု ၊ ရုပ်သံအထူးပြုလုပ်ချက်ဆုများနဲ့ အော်စကာဆုရသွားတဲ့ 1917 ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားပါ။
(၅) အယ်လ်ဖီ အယ်လန်
Photo: GQ Magazine
သီယွန် ဂရေးဂျွိုင်းအဖြစ် Game of Thrones ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့တဲ့ အယ်လ်ဖီ အယ်လန်ကိုလည်း Oscar 2020 မှာ ဖက်ရှင်အကျဆုံး ပွဲတက်မင်းသားတွေထဲက တစ်ယောက်အဖြစ် ယူကေ သတင်းဝက်ဘ်ဆိုက်တစ်ခု ဖြစ်တဲ့ Standard က ရွေးချယ်ထားပါတယ်။