ဂီတလောကထဲမှာ Hip-Hop ဂီတလောကသားတွေကို အနုပညာအရရော ဖက်ရှင်အရပါ ထူးဆန်းတဲ့လူတွေလို့ အသိအမှတ်ပြုထားကြပါတယ်။ ရက်ပ်ပါတွေ ဝတ်လိုက်တဲ့ ဖက်ရှင်က လူငယ်ပရိသတ်တွေအကြား ခေတ်တစ်ခေတ်ဖြစ်သွားတဲ့အထိ အရာရောက်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ Hip-Hop ဖက်ရှင်တွေထဲက ဝတ်တတ်စားတတ်ဆုံး ရက်ပ်ပါ ၄ ဦးအကြောင်း ပြောပြချင်ပါတယ်။

(၁) ကင်ညေး ဝက်စ်

KANYE WEST

Photo: Fashion Beans

ကင်ညေးဝက်စ်ဟာ ရက်ပ်ပါတွေထဲမှာ ဖက်ရှင်အကျဆုံးတစ်ယောက် ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း Yeezy ဖက်ရှင်ကုမ္ပဏီထောင်ထားတဲ့သူပါ။ ဒါကြောင့် သူ့ကို ကြည့်လိုက်ရင် ဆန်းသစ်တဲ့ ဖက်ရှင်တွေနဲ့ လွှမ်းခြုံထားတာကို အရင်မြင်ရတတ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး Rapper လည်း ဖြစ်လို့ တခြားဖက်ရှင် Brands တွေထဲက ထိပ်ထိပ်ကြဲ Luxury Brands တွေ ဖြစ်တဲ့ Balmain ၊ Tom Ford ၊ Balenciaga စတာတွေ ထည်လဲ ဝတ်ပြီး ဖက်ရှင်ကို အမြဲ သ,နေတတ်ပါတယ်။

(၂) ထရာဗစ် စကော့တ်

TRAVIS SCOTT

Photo: Fashion Beans

နာမည်ကျော် မော်ဒယ်တစ်ဦးဖြစ်တဲ့ ခိုင်လီဂျန်နာရဲ့ ခင်ပွန်း ထရာဗစ်စကော့တ်ကလည်း သူ့အဝတ်ဗီရိုအတွက် ပိုက်ဆံသိပ်အကုန်ခံတဲ့ ရက်ပ်ပါတစ်ဦးပါပဲ။ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ ဖက်ရှင်တွေကို ဆင်ရတာ သဘောကျပြီး ဖက်ရှင်အတွက် အသေးစိတ်ဂရုစိုက်တတ်သူထဲမှာ ပါပါတယ်။ စတိုင်အဆန်းအသစ်တွေလည်း ဝတ်တတ်လို့ ရက်ပ်ပါတွေထဲမှာ သူ့ဝတ်စားဆင်ယင်မှုကလည်း ပေါ်လွင်ထင်ရှားပါတယ်။

(၃) ဖာရဲလ် ဝီလျံ

PHARRELL

Photo: Fashion Beans
ဖာရဲလ်ဝီလျံဟာ သူကိုယ်တိုင်ကလည်း ဂရမ်မီဆုရှင် အဆိုတော်နဲ့ ထုတ်လုပ်ရေးပိုင်ရှင် ဖြစ်သလို Billionaire Boys Club တို့ Icecream တို့လို Streetwear ဖက်ရှင် Brands တွေလည်း ထုတ်ပါတယ်။ တခြား နာမည်ကြီး Brands တွေ ဖြစ်တဲ့ Adidas ၊ Uniqlo ၊ Louis Vuitton စတဲ့ ဖက်ရှင်အမှတ်တံဆိပ်တွေနဲ့လည်း လက်တွဲလုပ်ဆောင်တာ ကြာပါပြီ။ သူ့ဖက်ရှင်က ရက်ပ်ပါတွေ ဝတ်နေကျ Streetwear Culture နဲ့ ခွဲထွက်မှုရှိပါတယ်။

(၄) ကစ်ဒ် ကူဒီ

KID CUDI

Photo: Fashion Beans

ကစ်ဒ် ကူဒီက Hoodie နဲ့ ခြေကျင်းဝတ်အထိ ရှည်တဲ့ Trench တွေ ဝတ်တတ်တဲ့ ရက်ပ်ပါဖြစ်ပြီး အမြဲတမ်း ဆန်းသစ်တဲ့ စတိုင်နဲ့ တွေ့ရတတ်ပါတယ်။ သူ့ကိုလည်း Hip-Hop လောကမှာ စတိုင်အကျဆုံးတစ်ယောက်အဖြစ် ညွှန်းကြပါတယ်။ ဘာပဲဝတ်ဝတ်ကိုယ်ဝတ်လိုက်တဲ့ အဝတ်အစားပေါ် Confidence ထားတာက သူ့အကျင့်ဖြစ်တယ်လို့လည်း ပြောကြပါတယ်။

Featured Photo: playusalotteries