ကုန်လွန်ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကို ခဏလောက်ပြန်တွေးကြည့်တဲ့အခါမှာ အရောင်အသွေးစုံလင်လှပြီး ကွဲပြားခြားနားလွန်းတဲ့ အမျိုးသားအဝတ်အစားအစုံအလင် ပေါ်ထွက်ခဲ့တာကို ချန်ထားခဲ့လို့မဖြစ်ပါဘူးနော်။ ဖက်ရှင်ဆိုတာဟာ ရွေးချယ်နေစဉ်မှာလည်း ဝတ်ဆင်သူကို စိတ်ပျော်ရွှင်စေပြီး ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းနောက်ကို လိုက်ရတာကတော့ အမောပါပဲ။ ကိုယ်ဝတ်ဆင်လိုက်တဲ့ အဝတ်အစားကြောင့်လည်း ယုံကြည်မှုအပြည့်ရှိသွားစေနိုင်ပါတယ်။

ဒီလိုမျိုး ဖက်ရှင်ပိုင်းကို လေ့လာချင်တဲ့ ကွီးအများစုကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေကိုပဲ အမြဲလေ့လာနေရပါတယ်။ ဖက်ရှင်မှမဟုတ်ဘဲ အရာရာတိုင်းမှာ သူ့အကြိုက် ကိုယ့်အကြိုက်ဆိုတာ ရှိစမြဲပါ။ ကိုယ့်အကြိုက်ကိုပဲ လိုက်ပြီးရှာဖွေဝတ်ဆင်မယ်ဆိုရင်တော့ ကြာလာရင် ရိုးသွားနိုင်ပါတယ်။ ဒါကြောင့် ယခုဖော်ပြပေးမယ့် အနုပညာရှင်များကတော့ ၂၀၁၉ အတွင်းမှာ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်မှုကြောင့် အသိအမှတ်ပြုခံထားရတာဖြစ်လို့ သူတို့ရဲ့ ကွဲပြားတဲ့ ဖက်ရှင်စတိုင်လေးတွေကို လေ့လာနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

John Legend

အသံချိုချိုလေးနဲ့ နာမည်ကျော်တေးသီချင်းကောင်းမြောက်မြားစွာကို သီဆိုခဲ့ဖူးတဲ့ John Legend ကတော့ အဆိုပိုင်းမှာသာ အောင်မြင်ရုံမဟုတ်ဘဲ ဖက်ရှင်ပိုင်းမှာလည်း အသိအမှတ်ပြုခံထားရပါတယ်။ ရိုးရှင်းတဲ့ ဖက်ရှင်ကို အရောင်ကာလာတွဲစပ်မှုတွေ၊ Assersories လေးတွေ သေချာပေါင်းစပ်ပြီး ဝတ်ဆင်တတ်လေ့ရှိတဲ့ John ရဲ့ ဖက်ရှင်ကတော့ ရှုပ်ရှုပ်ထွေးထွေးတွေကို မကြိုက်သူများအတွက် သင့်တော်ပါတယ်။

Jeff Goldblum

စတိုင်ကျကျဝတ်စားဆင်ယင်တတ်မှုကြောင့် ငယ်ရွယ်စဉ်ကတည်းက လူအများရဲ့စိတ်ဝင်စားမှုကို ခံခဲ့ရတဲ့ Jeff ကတော့ အသက်အရွယ်ရလာသည့်တိုင်အောင် ဖက်ရှင်အစွမ်းက ကျမသွားသေးပါဘူး။ ခန့်ညားတဲ့အသွင်ကိုဆောင်တဲ့ ဖက်ရှင်ကို စိတ်ဝင်စားသူများကတော့ Jeff ရဲ့ ဖက်ရှင်တွေကို လေ့လာနိုင်ပါတယ်။

Eddie Redmayne

“Fantastic Beasts And Where To Find Them” ဇာတ်လမ်းတွဲကို ကြည့်ဖူးသူများကတော့ Eddie နဲ့ ရင်းနှီးကြမှာပါ။ နှစ်တွေကြာသွားသည့်တိုင် Eddie ရဲ့ဖက်ရှင်တွေကတော့ ပြောင်းလဲသွားခြင်းမရှိပါဘူး။ ပေါ့ပါးလွတ်လပ်ပြီး တစ်ချိန်တည်းမှာပဲ သေသပ်တဲ့ဖက်ရှင်နှစ်သက်သူများနဲ့တော့ Eddie ရဲ့ ဝတ်စားဆင်ယင်မှုပုံစံတွေက စိတ်ကြိုက်ဖြစ်စေမှာပါ။

Travis Scott

လှပလွန်းတဲ့ အမျိုးသမီးနဲ့ ချစ်စရာကောင်းလှတဲ့ သမီးလေးတို့ကို ပိုင်ဆိုင်ထားတဲ့ နာမည်ကျော် Rapper Travis Scott ကတော့ ဘယ်အချိန်ကြည့်ကြည့် ခေါင်းငိုက်စိုက်နေတတ်ပါတယ်။ စင်ပေါ်မှာတော့ မာန်အပြည့်နဲ့ Rap ရွတ်တတ်သူဆိုပေမယ့် လက်တွေ့မှာတော့ အလွန်ရှက်တတ်တဲ့ Scott ရဲ့ စတိုင်ကတော့ သူ့ရဲ့စရိုက်နဲ့တခြားစီလို့တောင် ပြောလို့ရပါတယ်။ အရောင်တောက်တောက် ကာလာတွေ၊ ဂရပ်ဖစ်တွေရှုပ်ထွေးနေတဲ့ ခေါင်းစွပ်အင်္ကျီတွေ၊ ထည်ဝါတဲ့ Accessories တွေအပြင် ရှူးဖိနပ်မြင့်မြင့်တွေကို တွဲဖက်ဝတ်ဆင်တတ်တဲ့ ဖက်ရှင်ဖြစ်တာကြောင့် Rapper တွေအကြိုက်တွေ့မှာပါ။

Harry Styles

One Direction အဖွဲ့ဝင်ဟောင်း Harry Styles ကတော့ အဆိုပိုင်းမှာသာ ထူးချွန်ပြောင်မြောက်တာမဟုတ်ဘဲ ဖက်ရှင်အနေနဲ့လည်း စတိုင်ကျကျ ဝတ်စားဆင်ယင်တတ်ကြောင်းကို သက်သေပြလိုက်ပါပြီ။ တမူမတူ ကွဲပြားလှတဲ့ ဝတ်စားဆင်ယင်မှုတွေက အများထက်ဆန်းပြားတဲ့ဖက်ရှင်တွေကို ကြိုက်နှစ်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။

Justin Bieber

ငယ်ရွယ်စဉ်ကတည်းက အနုပညာလောကကို ဝင်ရောက်လာခဲ့တဲ့ ဂျက်စတင်ဘီဘာကလည်း ဖက်ရှင်ပိုင်းမှာ ခေသူမဟုတ်ပါဘူး။ အားကစားဘောင်းဘီအရှည်၊ ဆိုဒ်ကြီး ခေါင်းစွပ်အင်္ကျီတွေ၊ လျှာထိုးဦးထုပ်တွေကို ဟစ်ပ်ဟော့ပုံစံတစ်မျိုး၊ စကိတ်ပုံစံတစ်ဖုံ အမျိုးမျိုးပြောင်းလဲပြီး တွဲဖက်ဝတ်ဆင်လေ့ရှိပါတယ်။

David Beckham

အမျိုးသားတို့ နှစ်သက်ရာ ဘောလုံးအားကစားမှ နာမည်ကျော်ကစားသမား ဒေးဗစ်ဘက်ခ်ဟမ်းကတော့ ဘောလုံးကစားရာမှာရော ဖက်ရှင်ပိုင်းမှာပါ အပြစ်ပြောဖို့ ရှာမတွေ့သူတစ်ဦးပါ။

Credit: FashionBeans.com