ဖက်ရှင်ကို ဦးစားပေးတဲ့နေရာမှာ အမျိုးသားတွေက အမျိုးသမီးတွေကိုတော့ မမှီပါဘူး။ ဒါပေမဲ့ ကမ္ဘာကျော် မင်းသားတွေ၊ အဆိုတော်တွေကိုတော့ မျက်လုံးပေါင်းများစွာက စောင့်ကြည့်နေကြတာကြောင့် ပြီးပြီးရော ဝတ်စားလို့မရဘဲ အမြဲတမ်း ဖက်ရှင်ကျအောင် ဝတ်စားကြရပါတယ်။

ဒါ့ကြောင့် သူတို့တွေက ဟိုနားဒီနားသွားရင်တောင် အမြဲတမ်းစတိုင်လ်ကျအောင် ဝတ်စားကြရတာပေါ့။ အခုဖော်ပြပေးမယ့်သူတွေကတော့ အမြဲတမ်းဖက်ရှင်ကျတဲ့ အမျိုးသားအနုပညာရှင်တွေပဲဖြစ်ပါတယ်။ သူတို့နိုင်ငံရာသီဥတုက သိတဲ့အတိုင်း ချမ်းအေးလှတာဆိုတော့ ဘော်ဒါတို့ လိုက်တုဝတ်လို့ မရပေမယ့် အပျင်းပြေကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။

Henry Golding

Henry Golding ကတော့ ခရီးသွားအစီအစဉ်မှာ အစီအစဉ်တင်ဆက်သူအဖြစ်ကနေ နာမည်ကြီးတဲ့ဟောလိဝုဒ်သရုပ်ဆောင်အဖြစ်သို့ ကူးပြောင်းသွားတဲ့မင်သားတစ်လက်ပဲဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ဖက်ရှင်ကတော့ Newport Beah ရုပ်ရှင်ပွဲတော် တက်ရောက်တဲ့ဖက်ရှင်လေးပဲဖြစ်ပါတယ်။ အရောင် သုံးရောင်ကို လိုက်ဖက်မှုရှိအောင် ဝတ်ဆင်တတ်ခြင်းကြောင့် စတိုင်လ်ကျသူတစ်ဖြစ်လည်း အမျိုးသမီးတွေကြားရေပန်းစားလှပါတယ်။

Andrew Garfield

နက်ခ်တိုင်ကို သပ်သပ်ရပ်ရပ်စည်းထားပြီး မီးခိုးရောင် Suit ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကမ္ဘာကျော် မင်းသား Andrew ကလည်း လူကြီးလူကောင်းစတိုင်လ်လေးနဲ့ တစ်မျိုးမိုက်နေတာကို တွေ့ရမှာပါ။ လော့အိန်ဂျလိစ်မြို့မှာ ကျင်းပတဲ့ Under The Silver Lake ဆိုတဲ့ ရုပ်ရှင်အထူးပြသပွဲမှာ တွေ့မြင်နေရတဲ့ဖက်ရှင်ပဲဖြစ်ပါတယ်။

Eddie Redmayne

ဟယ်ရီပေါ်တာစီးရီးတွေရဲ့ စာရေးဆရာမကြီး J.K Rowling ရေးသားထားတဲ့ Fantastic Beasts ကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်အသက်သွင်းတဲ့အခါ မင်းသားအဖြစ် သရုပ်ဆောင်ရင်း နာမည်ကြီးလာတဲ့ မင်းသား Eddie ပဲဖြစ်ပါတယ်။ သူ့ရဲ့ဖက်ရှင်ကတော့ လန်ဒန်မြို့မှာ ကျင်းပတဲ့ Fantastic Beasts: The Crimes Of Grindelwald ရုပ်ရှင်အထူးပြသပွဲကို တက်ရောက်တဲ့ဖက်ရှင်ပဲဖြစ်ပါတယ်။

Kit Harington

အမျိုးသားတွေ အဝတ်အများဆုံးကတော့ ဂျင်းဘောင်းဘီပဲဖြစ်ပါတယ်။ ဂျင်းဘောင်းဘီက သက်သောင့်သက်သာလည်းရှိတဲ့အပြင် ပေါ့ပေါ့ပါးပါးလည်းရှိတာကြောင့် လူကြိုက်များလှပါတယ်။ Kit Harington လည်း အပြင်ထွက်တဲ့အခါ ပေါ့ပေါ့ပါးပါးဖြစ်အောင်ဆိုပြီး ဂျင်းဘောင်းဘီကိုမှ တီရှပ်နဲ့တွဲဝတ်ထားတာပါ။ သူတို့နိုင်ငံရဲ့ဆောင်းရာသီက အရမ်းအေးတာကြောင့် အပေါ်ဝတ်အင်္ကျီအမဲရောင်ပါ ထပ်ဝတ်ထားပါသေးတယ်။

John Legend

ကလေးအဖေရာထူးကို ရရှိသွားပြီဖြစ်တဲ့ John Legend ကိုတော့ နယူးယော့ခ်မြို့တစ်နေရာမှာ ကလေးတွန်းလှည်းလေး လက်မှာပိုက်လို့ ဖက်ရှင်ကျနေတာကို မြင်တွေ့ရမှာပါ။

Liam Payne

လန်ဒန်မြို့မှာ ကျင်းပတဲ့ Vogue တစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ခဲ့တဲ့ Liam ပဲဖြစ်ပါတယ်။ သူကတော့ အသက်ပိုကြီးလာလေ ပိုဖက်ရှင်ကျလာလေဆိုတဲ့အဆိုတော်တစ်ဦးဆိုလည်း မမှားပါဘူး။

Source: Fashionbeans.com