အရက်တော့ သောက်လိုက်ပါပြီရဲ့ သောက်ပြီးတိုင်း အရက်နာကျတဲ့ဒဏ်ကို ခံနေရရင်တော့ မဟန်သေးပါဘူး။ မနက်ဖြန်ဆိုရင်ပဲ သင်္ကြန်ကာလာကြီးကလည်း လာတော့မှာဖြစ်တာကြောင့် ပျော်ကြပါးကြ သောက်ကြစားကြ ကဏ္ဍတွေကလည်း ပါဝင်လာဦးမယ်ဆိုတာက အသေအချာပါပဲ။ ဒါကြောင့် သင်္ကြန် လေးရက်လုံး အရက်နာမကျဘဲ အပီအပြင်ကဲနိုင်ဖို့ အရက်ကိုဘယ်လိုစနစ်ကျကျသောက်သုံးရမယ်ဆိုတဲ့ နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။

Source : Men’s Health

(၁) အရက်သောက်တဲ့အခါ အရက်နာမကျချင်ရင်တော့ အရင်ဆုံးအစားတစ်ခုခုစားထားဖို့လိုပါတယ်။ အစားစားလိုက်ရင် အရက်သောက်လို့မရတော့ဘူးလို့ တော်တော်များများခံယူထားကြပါတယ်။ တကယ်တော့ တစ်နာရီလောက်အချိန်ခြားပြီး အစားစားထားမယ်ဆိုရင်အဆင်ပြေပါတယ်။ ဗိုက်ထဲမှာအစာရှိမှလည်း အရက်သောက်ပြီးတဲ့အခါ အရက်နာကျဖို့အခွင့်အရေး နည်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် မသောက်ခင်ကြိုပြီးသာ အဝဆွဲထားပါ။

Source : Smithsonian Magazine

(၂) အရက်သောက်တဲ့အခါ ရေများများသောက်ပေးဖို့လည်း လိုပါတယ်။ အရပ်စကားနဲ့ပြောတဲ့ စကားတစ်ခုကြားဖူးကြမယ် ထင်ပါတယ်။ ရေမရောရင်အသေစောတယ်ဆိုတာလေးပါ။ အမှန်ပါပဲ အရက်ချည်းသောက်နေရင်တော့ လုံးဝအဆင်ပြေမှာ မဟုတ်ပါဘူး။ ကိုယ်က သောက်နိုင်ရင်တော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်လေးကိုတော့ နည်းနည်းလောက် ပြန်ငဲ့ပေးဖို့လိုပါတယ်။ ဒါကြောင့် အရက်တစ်ခွက်သောက်ပြီးတိုင်း ဆတူ ရေတစ်ခွက် သောက်မယ် ဆိုရင် အရက်နာကျခြင်းဖြစ်တော့မှာ မဟုတ်ပါဘူး။

Source : Man eating junk food

(၃) အရက်မသောက်ခင် အဆီပါဝင်မှုများတဲ့အစားစာတွေစား ပေးမယ်ဆိုရင်လည်း အရက်နာကျခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ အရက်မသောက်ခင် အကြော် ၊ အသားကင် ၊ ဟမ်ဂါဘာ စတဲ့ဆီပါဝင်မှုများတဲ့ အစားစာတွေ စားသုံးပေးရမှာဖြစ်ပြီး ဒီလိုအစားစာတွေမစားချင်ရင်တော့ သံလွင်ဆီအနည်းငယ်သောက်သုံးပေးလို့ရပါတယ်။

Source : pocketmags.com

(၄) Know Your Limits ပါ။ ကိုယ်ရဲ့ သောက်နိုင်တဲ့ Limits ကိုတော့သိထားဖို့လိုပါမယ်။ ကိုယ်ကိုယ်တိုင် Limits ကျော်ပြီး မသောက်လိုက်ဖို့နဲ့ သူငယ်ချင်းတွေကပဲအဖြစ်ဖြစ် အတင်းအကျပ်ထပ်သောက်ဖို့ တိုက်တွန်းလာတဲ့အခါမှာလည်း ကိုယ်Limits ကိုကျော်နေပြီဖြစ်ကြောင်းပြောပြပြီး ငြင်းဆန်ပါ။ အားမနာပါနဲ့။ ဒါမှလည်း အရက်နာကျခြင်းဒဏ်က ကင်းဝေးနိုင်မှာဖြစ်ပါတယ်။

Source : 2Oceansvibe

(၅) အပြည့်အဝအနားယူပါ။ အရက်သောက်ပြီးတဲ့အခါ ပြည့်ပြည့်ဝဝ အိပ်စက်အနားယူတာတွေ လုပ်ပေးပါ။ ဒါ့အပြင် အရက်သောက်ခြင်းကြောင့် ကုန်ခမ်းသွားတဲ့ ခန္ဓာကိုယ်ကရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းတဲ့အနေနဲ့ ရေများများသောက်ပေးတာတွေ အုန်းရည်သောက်ပေးတာတွေ ပြုလုပ်ပေးမယ်ဆိုရင် အရက်နာကျခြင်းမဖြစ်တဲ့ အပြင်လန်းဆန်းနေမှာဖြစ်ပါတယ်။