ရုံးပိတ်ရက်ညဘက် အထူးသဖြင့် သောကြာညနေခင်းတွေမှာ TGIF လုပ်ကြတဲ့ ဘော်ဒါများအနေနဲ့ TGIF လုပ်ပြီး နောက်တစ်နေ့မနက်မှာ ညကအရှိန်အကင်းမသေဘဲ ရီဝေယံလေး ဖြစ်နေဦးမှာပါပဲ။

တစ်ညလုံးတော့ ကမ္ဘာ့အကောင်းစား ဖျော်ရည် ဝီစကီများ၊ ယမကာများဖြင့် လူ့စည်းစိမ်ခံစားကြရပေမယ့် မနက်မိုးလင်းလာတဲ့အခါ အရက်နာကျတဲ့ဒဏ်က တော်တော်ဆိုးရွားလွန်းလှပါတယ်။

ဒီလိုမျိုး အရက်နာကျခြင်းကို ချက်ချင်းသက်သာစေမယ့် ဖျော်ရည်အချို့ရှိပါတယ်။ ထိုဖျော်ရည်များကို သောက်သုံးပြီးတဲ့အခါမှာတော့ အရက်နာကျခြင်းများ ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။

မုန်လာဥနီဖျော်ရည်

hangover drinks for men

မုန်လာဥနီ၊ ဂျင်းနှင့် ပန်းသီးတို့ကို ရောနှောပြီးနောက် သစ်သီးဖျော်ရည်တစ်ခုပြင်ဆင်လိုက်ပါ။ ဗီတာမင်ဒီကြွယ်ဝတဲ့အတွက်ကြောင့် မူးဝေမောပန်းခြင်းများ ပြေပျောက်သွားပါလိမ့်မယ်။

ရေ

hangover drinks for men

ဟုတ်ပါတယ်။ ရေကတော့ အကောင်းဆုံးဆေးစွမ်းကောင်းတစ်လက်ပါပဲ။ တစ်ညလုံး ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းမူးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အော့အန်ခြင်း၊ ဖျားခြင်းနှင့် အခြေအနေပြင်းထန်လွန်းပါက အသက်အန္တရာယ်တောင် ထိခိုက်စေနိုင်ပါတယ်။

ဒါ့ကြောင့် ဝီစကီတစ်ခွက်သောက်ပြီးတိုင်းမှာ ရေတစ်ဖန်ခွက်ခန့် ပြန်သောက်သုံးပေးလိုက်ပါ။ နောက်မနက်မိုးလင်းလာတဲ့အခါ အရက်နာကျခြင်းကို ခံစားရမှာမဟုတ်တော့ပါဘူး။

လိမ္မော်ဖျော်ရည်

hangover drinks for men

လိမ္မော်ဖျော်ရည် ချိုချိုချဉ်ချဉ်အရသာသည်လည်း သင့်ရဲ့အရက်နာကျခြင်းကို ပြေပျောက်စေပြီး စွမ်းအင်များ ပြန်လည်ပြည့်ဝလာအောင် ကူညီပေးနိုင်ပါတယ်။

အုန်းရည်

hangover drinks for men

အရက်သည် သင့်ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်ကို ဆုံးရှုံးစေရုံသာမကဘဲ ပိုတက်စီယမ်ဓာတ်ကိုလည်း ပျောက်ဆုံးသွားစေပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပိုတက်စီယမ်ဓာတ်သည် သွေးတွင်း pH ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။

ဒါ့ကြောင့် အရက်နာကျတဲ့အခါ အုန်းရည်လေးနဲ့ ပြန်လည်အားပြန်ဖြည့်ပေးရမှာပါ။

Source: Thrillist.com

Featured Image Source: Scitechdaily.com