Electronic Dance Music ဒါမှမဟုတ် EDM ဟာ အခုနောက်ပိုင်းမှာ လူငယ်တွေကြားမှာ တဖြည်းဖြည်းနဲ့ အောင်မြင်ပြီး လူကြိုက်များလာတဲ့ ဂီတတစ်ခုဖြစ်လာပါတယ်။ EDM Festivals တွေလည်း အခုဆိုရင် အများအပြားပြုလုပ်လာကြတယ်ဆိုတော့ လူတိုင်းမှာလည်း ကိုယ့်ရဲ့ အကြိုက်ဆုံး EDM Artist တစ်ယောက်ရှိမှာပါ။ ဒါပေမယ့် အကောင်းဆုံးက ဘယ်သူဖြစ်မလဲဆိုတာကတော့ မှန်းရတော်တော်ခက်ပါတယ်။

အခုပြောသွားမှာကတော့ EDM Artist တွေထဲမှာ အကောင်းဆုံး၊ အတော်ဆုံးလို့ ပြောလို့ရတဲ့ EDM Artist တွေပဲဖြစ်ပါတယ်။

1. Daft Punk

Source: edmsauce.com

အခုမှ အောင်မြင်လာတာမျိုးမဟုတ်ဘဲနဲ့ ယခင်ထဲကနေ အခုအချိန်အထိ EDM Artist အနေနဲ့ အောင်မြင်မှုကို ထိန်းထားနိုင်တဲ့ Daft Punk က လက်ရှိမှာလည်း အကောင်းဆုံးသော EDM Artist လို့ သတ်မှတ်ရမှာပါ။ သူရဲ့ Music တွေဟာ ပုံမှန်သီချင်း Single တွေ၊ Album တွေ၊ Featuring တွေအပြင် ရုပ်ရှင်တွေ၊ ဂိမ်းတွေအထိပါ ပြန့်နှံ့ခဲ့တာလည်းဖြစ်ပါတယ်။

2. Deadmau5

Source: edmsauce.com

ကနေဒါနိုင်ငံသား DJ Producer တစ်ယောက်လည်းဖြစ်၊ ယခင်တုန်းက Web Developer တစ်ယောက်အနေနဲ့လည်း အလုပ်လုပ်ကိုင်ဖူးတဲ့ Deadmau5 တဖြစ်လဲ Joel Thomas Zimmerman ဟာ အခုနောက်ပိုင်းမှာ Electro နဲ့ Dubstep Music တွေနဲ့ လူတိုင်းရဲ့ ရင်ထဲကို ရောက်ရှိစေခဲ့တာပဲဖြစ်ပါတယ်။

3. Skrillex

Source: edmsauce.com

Skrillex ကတော့ မြန်မာနိုင်ငံနဲ့ ရင်းနှီးနေပြီးသားဖြစ်မှာပါ။ ၁၉၈၈ ခုနှစ်ဖွား အမေရိကန်သား ဒီ EDM Artist ကတော့ လောလောဆယ်မှာ EDM လောကထဲကို ရောက်ရှိတာလည်း ကြာပြီဖြစ်ပြီး အောင်မြင်မှုကိုလည်း ဆက်ထိန်းထားနိုင်တုန်းပါပဲ။

4. Aphex Twin

Source: edmsauce.com

Aphex Twin ရဲ့ နာမည်ရင်းက Richard David James ဖြစ်ပေမယ့် Stage Name ဖြစ်တဲ့ Aphex Twin နဲ့ပဲ လူသိများတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်ထဲက EDM ကို စတင်ခဲ့တဲ့ Aphex Twin သီချင်းတွေကလည်း တကယ်ကို ထူးခြားနေတာပါ။

5. Zedd

Source: edmsauce.com

နောက်ထပ် မြန်မာနိုင်ငံနဲ့မစိမ်းတဲ့ EDM Artist တစ်ယောက်ဖြစ်ပြီးတော့ ရုရှားနိုင်ငံသားလည်းဖြစ်တဲ့ Zedd ဟာ အောင်မြင်တဲ့ သီချင်းပေါင်းများစွာကို ဖန်တီးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ သူရဲ့ Clarity ၊ Transmission နဲ့ Break Free လိုသီချင်းတွေကို လူတိုင်းကြိုက်ကြသလို True Colors Album ကလည်း အအောင်မြင်ဆုံး EDM Album တစ်ခုအနေနဲ့ မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။