အပြင်ထွက်တာ သိပ်များတာကြောင့် အသားအရေလောင်တာ ၊ မျက်နှာမှာ အစက်အပြောက်ထင်တာတွေ ဖြစ်လာပြီဆိုရင် ကိုယ့်အသားအရေကို ထိန်းသိမ်းဖို့ လိုနေပြီလို့ အချက်ပြနေတာပါပဲ။ အထူးသဖြင့် မျက်နှာမှာ အသားအရေ ပျက်စီးရင် အတော်လေး ကြည့်ရဆိုးတာကြောင့် Face Mask တွေ သုံးကို သုံးသင့်ပါတယ်။

Face Mask တွေဟာ မျက်နှာပေါ်က ပိုလျှံတဲ့ အဆီတွေကို စုပ်ယူနိုင်ပြီး အညစ်အကြေးနဲ့ မှဲ့ခြောက်တွေကို ရှင်းထုတ်ပေးနိုင်ပါတယ်။ နောက်တစ်ခုကလည်း မျက်နှာကို အစိုထိန်းတာကြောင့် မျက်နှာလည်း နုပျိုစေမှာပါ။ တစ်ပတ်ကို Face Mask ၁ ခါ ဖြစ်စေ နှစ်ခါဖြစ်စေ သုံးနိုင်ပါတယ်။
ယောကျာ်းလေးသုံး Face Mask တွေကို အမျိုးအစားခွဲခြားမယ်ဆိုရင် ၃ မျိုး ရှိပါတယ်။

(၁) Clay Mask

Source: Evening Standard

မီးတောင်ရွှံ့ပြာနဲ့ လုပ်ထားတဲ့ Clay Mask တွေဟာ ချွေးပေါက်ကျဉ်းစေပြီး အဆီနဲ့ အညစ်အကြေးကြောင့် မျက်နှာပြင် မသန့်ရှင်းမှုကိုလည်း ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။

(၂) Gel Mask

Source: Tools of Men

ဂျယ်လ်နဲ့ လုပ်ထားတဲ့ Gel Mask တွေဟာ မျက်နှာအရေပြား ခြောက်သွေ့သူတွေအတွက် အထူးသင့်လျော်သလို ပျက်စီးလွယ်တဲ့ အသားအရေအတွက်ပါ ကောင်းပါတယ်။ Gel Mask လိုမျိုး ခရမ်တစ်မျိုးမျိုးနဲ့ လုပ်တဲ့ Mask တွေကလည်း အစိုထိန်းသိမ်းပေးနိုင်ပြီး မျက်နှာအသားအရေကို ကြည်လင်စေမှာပါ။

(၃) Sheet Mask

Source: Grooming Messenger

အလွယ်တကူသုံးနိုင်တဲ့ တစ်ခါသုံး Sheet Mask တွေကတော့ ခရမ် ၊ ဂျယ်နဲ့ရွှံ့ပြာစတဲ့ ပါဝင်ပစ္စည်းတွေ ထည့်သွင်းထားတဲ့ Mask တွေဖြစ်ပြီး ခရီးသွားနေချိန်လိုမျိုး အချိန်မရတဲ့ အခါတွေမှာလည်း အလွယ်ကလေးသုံးနိုင်မှာ ဖြစ်ပါတယ်။