အားလုံးစောင့်မျှော်နေကြတဲ့ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ရက်ကိုစတင်လို့ရောက်ရှိလာခဲ့ပါပြီ။ အခုလိုသင်္ကြန်ရက်မှာ ဟိုဟိုဒီဒီ လျောက်လည်ကြမယ် စတုဒီသာတွေဝင်စားကြမယ် စသည်ဖြင့် အရမ်းပျော်ဖို့ကောင်းပေမယ့် ရာသီဥတုအခြေအနေကတော့ တော်တော်လေးပူပြင်းနေတာပဲဖြစ်ပါတယ်။ အခုလိုနေပူပူမှာ ရေစိုနဲ့ လျောက်လည်မယ်ဆိုရင် အနည်းဆုံးတော့ အဝတ်အစားကို ဂရုတစိုက်ပြင်ဆင်ပြီး နေအပူဒဏ်ကိုကာကွယ် သင့်ပါတယ်နော်။ ဒါကြောင့် သင်္ကြန်မှာ ဖက်ရှင်လည်းကျပြီး ပူပြင်းလှတဲ့ရာသီဥတုဒဏ်ကိုလည်း ကာကွယ်ပေးနိုင်မယ့် အမိုက်စားဖက်ရှင်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) ခေါင်းစွတ်အင်္ကျီ (Hoodie)

Source : Myntra

နေပူပူမှာ သင်္ကြန်လည်မယ်ဆိုရင်တော့ Hoodie ကောင်းကောင်းတစ်ထည် ဝတ်ဆင်သွားသင့်ပါတယ်။ ခေါင်းစွပ် Hoodie တွေဟာ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးအတွက် နေဒဏ် ရေဒဏ်ကို ကောင်းစွာ ကာကွယ်ပေးနိုင်မှာဖြစ်ပြီး အသားအရေပျက်စီးခြင်း ၊ နေလောင်ခြင်းတို့ကို အနည်းနဲ့အများကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိရာသီဥတုက အရမ်းပူတဲ့အတွက် ထူလွန်းတဲ့ Hoodie မျိုးတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

(2) လည်သာဂျက်ကတ်

Source : milled.com

တော်တော်များများ သင်္ကြန်လည်ပြီးတဲ့အခါ လက်မောင်းက အသားရောင် လက်ဖျံကအသားရောင်ဟာ သိသိသာသာကြီးကွာသွားကာ နီရဲ နေတာမျိုး ၊ ကွက်မဲနေတာမျိုးတွေ ကြုံရတက်ပါတယ်။ နေလောင်တွေနဲ့ ရေဒဏ်ကိုကာကွယ်ဖို့ဆိုရင်တော့ လည်သာဂျက်ကတ် ၊ Bomber ဂျက်ကတ်လို အပေါ်ထပ်ဝတ်လို့ရမယ့် ဖက်ရှင်မျိုး တွေကိုလည်း ရွေးချယ်သင့်ပါတယ်။ အဲ့လိုအပေါ်ထပ်ဂျက်ကတ်လေးတွေကတော့ အထာလည်းကျပြီး အပူဒဏ်ကိုလည်း ကောင်းကောင်းကာကွယ်ပေးမှာဖြစ်ပါတယ်။

(၃)  ဂျင်းအင်္ကျီ

Source : twitter.com

ဂျင်းဖက်ရှင်လေးတွေဟာလည်း သင်္ကြန်နဲ့အလိုက်ဖက်ဆုံးဖက်ရှင်တစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ ဂျင်းအင်္ကျီတွေဟာ အရေပြားပေါ် တိုက်ရိုက်ထိတွေ့မယ့် ခရမ်းလွန်ရောင်ချည်ဓာတ်ကို အပြည့်အဝကာကွယ်ပေးနိုင်သလို နေဝင်ချိန်အရမ်းချမ်းလာတဲ့အခါမှာလည်း အချမ်းပြေစေမယ့် ဖက်ရှင်မျိုးဖြစ်ပါတယ်။ ဂျင်းဖက်ရှင်ဟာ လူကြီးလူငယ်မရွေးဝတ်ဆင်နိုင်ပြီး ဘယ်တော့မှ ရိုးမသွားတဲ့ဖက်ရှင်တစ်ခုဖြစ်တာကြောင့် သင်္ကြန်တွင်း ဦးစားပေးရွေးချယ်သင့်တဲ့ ဖက်ရှင်မျိုးဖြစ်ပါတယ်။

(၄) အေရာင္လြင္တဲ့အက်ႌ

Source : FashionBeans

သင်္ကြန်လည်ဖို့ အဝတ်အစားရွေးတဲ့အခါ အရောင်ကိုလည်း အဓိကဦးစားပေး စဉ်းစားသင့်ပါတယ်။ အနက်ရောင်ဖက်ရှင်တွေကတော့ လူကြိုက်များပြီးအထာကျပေမယ့် အပူစုပ်တဲ့အရောင်ဖြစ်တဲ့အတွက် ရှောင်ကြဉ်သင့်တဲ့အထဲမှာပါပါတယ်။ ကိုယ့်အနေနဲ့ အများအမြင်မှာလည်း မျက်စိအေးပြီး ကိုယ်တိုင်အပူဒဏ်ကို လျော့ချပေးနိုင်မယ့် အဝါရောင် ၊ အစိမ်းရောင် ၊ မိုးပြာရောင်စတဲ့ အရောင်ခပ်လွင်လွင်လေးတွေ ဝတ်ဆင်သင့်ပါတယ်။