လူတစ်ယောက် ကျန်းမာနေအောင် အဓိကထိန်းပေးထားတာက ကိုယ်ခံအားစနစ်ပါပဲ။ ကိုယ်ခံအားစနစ်မှာ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၊ ထောင်ပေါင်းများစွာသော ဆဲလ်နဲ့ တစ်ရှူးများ အားလုံးပါဝင်ပြီး ခန္ဓာကိုယ်တွင်းသို့ ရောဂါပိုးမွှားတွေ အလွယ်တကူ မဝင်ရောက်နိုင်အောင် တံတိုင်းကြီးတစ်ခုလို ခုခံကာကွယ်ပေးနေတာ ဖြစ်ပါတယ်။
သင်ဟာ ကိုယ်ခံအားကောင်းနေရင် တော်ရုံကူးစက်ရောဂါနဲ့ ဖျားနာခြင်းတွေ မဖြစ်ပဲ နေ့ရက်တိုင်းကျန်းမာပျော်ရွှင်နေမှာ ဖြစ်ပါတယ်။ ကဲဒါဆို ကွီးတို့ရဲ့ ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန်အောင် ဘယ်အစားအစာတွေက အထောက်အပံ့ပေးနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
(၁) Citrus သီး
Photo : HealthifyMe
Citrus Fruits တွေဖြစ်တဲ့ လိမ္မော်သီး၊ ရှောက်ချိုသီး၊ ဂရိတ်ဖရုသီး ၊ သံပုရာသီး စတဲ့အသီးတွေမှာ ဗီတာမင် C ဓာတ် ပေါပေါများများ ပါဝင်ပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးမွှားတွေကို တိုက်ဖျက်ရာမှာ နာမည်ကြီးတဲ့ စူပါ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။
(၂) ပင်လယ်စာ
Photo : Ferguson Australia
ပင်လယ်စာတွေမှာ ဆယ်လီနီယမ်လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ သတ္ထုဓာတ်တစ်မျိုး ပါဝင်ပါတယ်။ ၎င်းက ခန္ဓာကိုယ် ဇီဝဖြစ်စဉ်ကို ထိန်းသိမ်းပေးတယ် ၊ ရောင်ရမ်းခြင်းတွေ လျော့ကျစေတယ် ၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်ပိုးတွေကို သေစေပြီး ခုခံအားစနစ်ကောင်းမွန်စေပါတယ်။ အမဲသား ၊ ကြက်သား နဲ့ ချိစ်တွေကနေလည်း ဆယ်လီနီယမ်ဓာတ် ရရှိနိုင်ပါတယ်။
(၃) ကြက်စွပ်ပြုတ်
Photo : Serious Eats
နေမကောင်းတဲ့အချိန် စွပ်ပြုတ်ပူပူလေးတစ်ခွက် သောက်ဖို့ပြောတာ ကြားဖူးကြပါလိမ့်မယ်။ မယုံမရှိပါနဲ့။ လေ့လာမှုတွေအရ ဖျားနာနေချိန် ကြက်စွပ်ပြုတ်တစ်ခွက် သောက်ပေးတာက နေထိုင်ရပိုကောင်းစေပြီး အဖျားမြန်မြန်သက်သာစေနိုင်ပါတယ်။ ဘာလို့ဆို ကြက်စွပ်ပြုတ်တစ်ခွက်မှာ အာဟာရဓာတ်များစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကိုပြန်လည် ကောင်းမွန်လာအောင် ထောက်ပံ့ပေးနိုင်လို့ပါပဲ။
(၄) ကြက်သွန်ဖြူ
Photo : Eat This, Not That
ကိုယ်ခံအားကောင်းစေဖို့ နောက်ထပ်စားပေးရမယ့် အစားအစာတစ်ခုကတော့ ကြက်သွန်ဖြူ ပါပဲ။ ကြက်သွန်ဖြူမှာ Allicin လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးမွှားတွေနဲ့ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ကြက်သွန်ဖြူ နေတိုင်းစားပေးရင် တော်ရုံဖျားနားခြင်းတွေလောက်တော့ အေးဆေးကျော်ဖြတ်နိုင်မှာပါ။
(၅) နေကြာစေ့
Photo : Food Network
ကိုယ်ခံအားစနစ်ကောင်းချင်ရင် နေ့တိုင်း နေကြာစေ့ နှစ်ဇွန်းလောက် ပုံမှန်စားပေးသင့်ပါတယ်။ နေကြာစေ့မှာ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့အတွက်အဓိကကျတဲ့ ဗီတာမင် E ဓာတ်များ အများအပြားပါရှိပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးမပြုတဲ့ ဖရီးရယ်ဒီကယ်များကိုလည်း ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။
Featured Photo : Eat This, Not That