ကျန်းကျန်းမာမာ နေချင်တယ်ဆိုရင်  အဆုတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ရပါမယ်။ ဆေးလိပ်သောက်တာ၊ ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့ အငွေ့တွေရှုသွင်းမိတာ နဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေ စားခြင်းက ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။

လေ့လာမှုတွေအရ နေထိုင်မှုပုံစံပြောင်းလဲတာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားတာတွေက အဆုတ်ကျန်းမာနေစေဖို့အတွက် အထောက်အကူဖြစ်စေပြီး အဆုတ်ထိခိုက်ပျက်စီးမှုကိုလည်း လျှော့ချပေးတယ်လို့သိရပါတယ်။ ဒီနေ့တော့ အဆုတ်ကျန်းမာနေစေဖို့အတွက် ဘာတွေစားပေးရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

ငရုတ်သီး

Source: Sunwarrior

ငရုတ်သီးဟာ ဗီတာမင် စီကြွယ်ဝတဲ့ အစားအသောက်တွေထဲမှာ ပါဝင်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကိုလည်း ငရုတ်သီးကနေရရှိနိုင်ပါတယ်။ ဗီတာမင်စီပမာဏ လုံလုံလောက်လောက်ရရှိဖို့ဆိုတာ ဆေးလိပ်သောက်တဲ့ လူတွေအတွက် အရမ်းအရေးကြီးပါတယ်။ အနီရောင်ငရုတ်သီးအချို ၁၁၉ ဂရမ်စားပေးပါက ဗီတာမင် စီ (၁၆၉) ရာခိုင်နှုန်းခန့် ရရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

ပန်းသီး

Source: The Healthy

လေ့လာမှုတွေရ ပန်းသီးပုံမှန်စားပေးခြင်းက အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို မြှင့်တင်ပေးတယ်လို့ ဆိုတားပါတယ်။ ပန်းသီးမှာ ဗီတာမင်ဓာတ်တွေအစုံအလင်ပါတဲ့အပြင် အသက်ရှူလမ်းကြောင်းစနစ်ကို ကျန်းမာစေနိုင်တဲ့  flavonoids တွေ ပါဝင်ပါတယ်။ သူတို့ကြောင့် အမျိုးမျိုးသော အဆုတ်ရောဂါတွေကို ဖြစ်မလာအောင် ကာကွယ်နိုင်ပါတယ်။

ရွှေဖရုံသီး

Source: BBC Good Food

ရွှေဖရုံသီးတွေမှာ အဆုတ်ကျန်းမာရေးကို မြှင့်တင်ပေးတဲ့ ဓာတ်တွေအများကြီးပါဝင်နေပါတယ်။ ရွှေဖရုံသီးမှာ ဖော်ရောင်ခြင်းကို လျှော့ကျစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အများအပြားပါဝင်ပါတယ်။

နနွင်း

Source: Healthline

ချင်းနဲ့ ကြက်သွန်ဖြူ လိုပဲ ဟင်းချက်ရာမှာ ထည့်လို့ရတဲ့ အစွမ်းထက်ပစ္စည်းက နနွင်းပါ။ နနွင်းရဲ့အာနိသင်တွေကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။