အသက်အရွယ် တဖြည်းဖြည်းရလာသည်နှင့်အမျှ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းများသည် လုပ်ဆောင်မှုတဖြည်းဖြည်းကျဆင်းသွားတတ်ပါတယ်။ သင်သည် လေ့ကျင့်ခန်းမှန်မှန်မလုပ်တဲ့အပြင် ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာများ စားသုံးမယ်ဆိုရင်တော့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများသည် ပိုမိုလျင်မြန်စွာ ပျက်စီးယိုယွင်းသွားတတ်ပါတယ်။

ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများအားလုံးသည် သူ့တာဝန်နှင့်သူ ယူထားရတဲ့အတွက်ကြောင့် အားလုံးသည် အရေးကြီးပါတယ်။ ထိုအထဲမှ ဦးနှောက်သည်လည်း အရေးကြီးသောအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဦးနှောက်ရဲ့စွမ်းဆောင်ရည်သည် သက်လတ်ပိုင်းကျော်လာတဲ့အခါ ဆယ်ကျော်သက်လူငယ်တွေလိုမျိုး စွမ်းဆောင်ရည် သိပ်မကောင်းတော့ပါဘူး။

ဒါဆိုရင် သက်လတ်ပိုင်းအရွယ် ရောက်လာတဲ့အခါ မှတ်ဉာဏ်အားကောင်းနေဆဲ ကောင်းနေမြဲဖြစ်အောင် ဘယ်လိုအစားအစာများကို စားသုံးသင့်သလဲ။

သစ်ကြားသီး

foods for men after 30s

လေ့လာတွေ့ရှိချက်များအရ သစ်ကြားသီးကို နေ့စဉ်စားသုံးပေးခြင်းသည် ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို မြင့်တင်ပေးတယ်လို့ သိရှိရပါတယ်။

သလည်းသီးဖျော်ရည်

foods for men after 30s

သလည်းသီးဖျော်ရည်သည် သက်ကြီးရွယ်အိုများ ခံစားရလေ့ရှိတဲ့ အယ်လ်ဇိုင်းမားရောဂါကိုတောင် ပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။

ကြက်ဥ

foods for men after 30s

ကြက်ဥထဲတွင် ပါဝင်တဲ့ Choline ဓာတ်သည် မကြာခဏမေ့လျော့တတ်ခြင်းမှ ကာကွယ်ပေးပြီး ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။

ဆော်လမွန်ငါး

foods for men after 30s

ဆော်လမွန်ငါးမှာ ပါဝင်တဲ့ Omega-3 Fatty အက်ဆစ်ဓာတ်သည်လည်း မှတ်ဉာဏ်စွမ်းအားကို တိုးမြှင့်ပေးရုံသာမကဘဲ စိတ်ခံစားချက်များကိုလည်း ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

လိမ္မော်သီး၊ ကမ္ဗလာသီးကဲ့သို့ ဗီတာမင်စီဓာတ် ကြွယ်ဝသော အစားအစာများ

foods for men after 30s

ဗီတာမင်စီဓာတ် ကြွယ်ဝသော ထိုသစ်သီးများသည်လည်း အယ်လ်ဇိုင်းမားရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးပြီး ဦးနှောက်ကို အမြဲတမ်းငယ်ရွယ်နုပျိုနေအောင် ကူညီပေးပါတယ်။

Source: Eatthis.com

Featured Image Source: Healthline.com