ဦးနှောက်ကျန်းမာရေးကောင်းမွန်နေဖို့က လူတိုင်းအတွက် အင်မတန်အရေးကြီးပါတယ်။ လူတွေလုပ်တဲ့ အရာမှန်သမျှဟာ ဦးနှောက်ကနေတဆင့် ဖြတ်သန်းလာရတာပါ။ ဒါကြောင့် ဦးနှောက်ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ kwee page က ဦးနှောက်ကျန်းမာရေးအတွက် စားပေးသင့်သော အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။

ငါး

Source: Chowhound

ဆာလ်မွန်ငါး၊ ရေနက်ပိုင်းတွင်နေသောငါးများမှာ ဦးနှောက်လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ omega 3 fatty acid ပါရှိပါတယ်။ Omega 3 တွင် ရောင်ရမ်းမှုကိုကျစေသည့် ဂုဏ်သတ္တိရှိပြီး ပင်လယ်ငါးသလောက်လို အဆီပါသည့် ငါးများတွင် ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ် ပါရှိပါတယ်။

ဘလူးဘယ်ရီသီးများ

Source: Supermarket Perimeter

ဘလူးဘယ်ရီတွေဟာ ဦးနှောက်အား ဓာတ်တိုးစေမယ့် ဖိစီးမှုများဒဏ်မှ ကာကွယ်ပေးပြီး အသက်ကြီးခြင်းဆိုင်ရာ ရောဂါများဖြစ်တဲ့ အဲလ်ဇိုင်းမားရောဂါကို လျော့ချပေးနိုင်ပါတယ်။ ဒိန်ချဉ်၊ အုတ်ဂျုံ (သို့) မနက်စာတွင် ဘလူးဘယ်ရီ တစ်ခွက်စာ ထည့်စားပေးခြင်းဖြင့် ဦးနှောက်ကြီးရင့်မှုအား လျော့ချပေးနိုင်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။

ထောပတ်သီး

Source: Califomia Avocados

လေ့လာမှုတွေအရ ထောပတ်သီးနှင့် ဘလူးဘယ်ရီသီးတွေဟာ ဦးနှောက်ကျန်းမာရေးကိုကောင်းစေသော အကောင်းဆုံးအစားအစာများဖြစ်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ မပြည့်ဝဆီတွေဟာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ ထောပတ်သီးဟာ သွေးဖိအားကို ကျစေနိုင်သောကြောင့် သွေးတိုးကိုကျစေပြီး ဦးနှောက်ကျန်းမာရေးကို ကောင်းစေပါတယ်။

အမည်းရောင် ချောကလက်

Source: Sada EL balad

ချောကလက်အမည်းများတွင် flavonoids များပါပြီး ဦးနှောက်ကို အမှန်အားမြှင့်ပေးနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပါတယ်။ ၎င်းတွင် သဘာဝလှုံ့ဆော်ပစ္စည်းများဖြစ်တဲ့ ကဖိန်းဓာတ်ပါပြီး အာရုံစိုက်အားကောင်းစေကာ စိတ်အခြေအနေကို တိုးတက်စေပါတယ်။ ပန်းသီး၊ အနီရောင်နှင့် အညိုရောင် စပျစ်သီများ၊ ဝိုင်နီ၊ ကြက်သွန်နီ၊ လက်ဖက်ရွက်နှင့် ဘီယာတို့ဟာလည်း flavonoids ကြွယ်ဝသော အစားအစာများဖြစ်ပါတယ်။