ပိန်ဖို့ ကြိုးစားနေသူတွေအတွက်တော့ အားကစားလုပ်တာတစ်ခုနဲ့ လုံလောက်မယ်လို့ထင်နေရင် လုံးဝမှားသွားပါလိမ့်မယ်။ အားကစားလုပ်ပြီး အစားအသောက်မဆင်ခြင်ရင် ကိုယ်လုပ်ထားတဲ့ အားကစားတွေက သဲထဲရေသွန်သလို ဖြစ်သွားမှာပါ။ ဒါကြောင့် ပိန်ချင်တဲ့သူတွေအနေနဲ့ အားကစားလည်းလုပ်ရင်း ဘယ်လိုမျိုးခန္ဓာကိုယ်ဝိတ်ကို ထိန်းပေးမယ့်အစားစာတွေ စားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အစိမ်းရောင်ဟင်းသီးဟင်းရွက်

Source : iStock

ပိန်ချင်တဲ့သူတွေအတွက် အဓိကစားရမယ့် အစားစာတွေထဲမှာ အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေ မပါမဖြစ်ပါပဲ။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ သံဓာတ် သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တာကြောင့် ပုံမှန်စားသုံးပေးသင့်တဲ့ အစားစာတွေပဲဖြစ်ပါတယ်။ ဒါတင်ပဲမဟုတ်သေးပါဘူး ဝမ်းလည်းမှန်စေပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေမှာဖြစ်ပါတယ်။

(၂) ရေ

Source : www.self.com

ခန္ဓာကိုယ်အဆီပိုတွေကျစေဖို့ လေ့ကျင့်ခန်းအပြင်းအထန်လုပ်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်တွေများစွာ ဆုံးရှုံးသွားစေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ရာ ရေများများသောက်သုံးပေးဖို့လိုပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်အလုံအလောက်မရဘူးဆိုရင် မောပန်းနွယ်နယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်းတွေ ဖြစ်စေတာကြောင့် အချိန်ကြာကြာ အားကစားပြုလုပ်နိုင်မှာမဟုတ်ပါဘူး။

(၃) Green Tea

Source : Healthline

Green Tea မှာ ခန္ဓာကိုယ်က မလိုအပ်တဲ့အဆီပိုတွေ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တဲ့ အစွမ်းသတ္တိတွေပါရှိပါတယ်။ ဒါ့အပြင် ကဖင်းဓာတ်လည်း အနည်းငယ်ပါဝင်တာကြောင့် တက်ကြွလန်းဆန်းစေပြီး ဝိတ်ချရာမှာ အထောက်အကူ ဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ကဖင်းဓာတ်ပါတဲ့ တခြားသော အစားအသောက်တွေထက်စာရင် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လက်ဖက်စိမ်းက ဝိတ်ချနေသူတွေအတွက် ပိုမိုသင့်တော်မှာပဲ ဖြစ်ပါတယ်။

(၄) ငါး

Source : The Healthy Fish

အဓိကအားဖြင့် ပင်လယ်ငါးတွေမှာ Omega – 3 လို ခန္ဓာကိုယ် အတွက် ကောင်းမွန်တဲ့အဆီတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဝိတ်ချနေသူတွေအနေနဲ့ အသားအသီးအရွက်တွေ စားရတာ ရိုးအီနေပြီဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ငါးတွေကိုစားသုံးပေးသင့်ပါတယ်။ ငါးမှာ ခန္ဓာကိုယ်အတွက်အထောက်အကူ ဖြစ်စေတဲ့အဟာရဓာတ်တွေ ပရိုတင်းဓာတ်တွေ များစွာပါဝင်ပြီး ဝိတ်လည်းမတက်တာကြောင့် ပိန်ချင်တဲ့သူတွေ မဖြစ်မနေ စားသုံးပေးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။