ကောင်းကောင်းအိပ်ရဖို့က ကျန်းမာရေးအတွက် လွန်စွာမှ အရေးကြီးပါတယ်။ ညဘက်ကောင်းမွန်စွာအိပ်စက်ရခြင်းက တစ်ချို့သော ဖျားနာရောဂါတွေ ကူးစက်ခြင်းကနေ လျှော့ချပေးနိုင်သလို ဦးနှောက်ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်အတွက်လည်း အလွန်အကျိုးပြုပါတယ်။ ကျွမ်းကျင်သူတွေကတော့ တစ်ညကို (၇-၉) နာရီကြားရှိသင့်တယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် လူတော်တော်များများဟာ ဒီအိပ်ချိန်ပမာဏ ရရှိဖို့အတွက် ခက်ခဲနေကြပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းအရင်းအများကြီးရှိပါတယ်။ စားသောက်နေထိုင်မှုပုံစံပြောင်းလဲမယ်ဆိုရင် ဥပမာ တစ်ချို့သော အစားအသောက်တွေက အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပါတယ်။

ဒီနေ့ kwee page က အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေတဲ့ အစေားသောက်တွေ အကြောင်း ပြောပြပေးသွားမှာပါ။

ဗာဒံစေ့ (Almonds)

Source: Medical News Today

ဗာဒံစေ့ တွေဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ အစေ့တွေပဲဖြစ်ပါတယ်။ ဗာဒံစေ့မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တွေက သင့်ကိုကောင်းမွန်စွာ အိပ်စက်အောင် ကူညီပေးပါတယ်။  မအိပ်ခင် ဗာဒံစေ့ စားမယ်ဆိုရင်တော့ (၂၅) ဂရမ်လောက်ဆိုရင် လုံလောက်ပါပြီ။

ကီဝီသီး

Source: Specialty Produce

ကီဝီသီးတွေမှာ ကယ်လိုရီပါဝင်မှုနှုန်းနည်းပြီး အာဟာရများစွာပါဝင်နေတဲ့ အသီးဖြစ်ပါတယ်။ ကီဝီသီးတစ်လုံးမှာ ကယ်လိုရီ (၄၂) သာပါဝင်ပြီး ဗီတာမင် စီ၊ ဗီတာမင် ကေ စသဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓာတ်တွေအများကြီးပါဝင်နေပါတယ်။ ကီဝီသီး စားခြင်းက အိပ်စက်ခြင်းကို အထောက်အကူပြုရုံသာမက အစာခြေစနစ်ကိုလည်း ကောင်းမွန်စွာလည်ပတ်နိုင်အောင် ကူညီပေးသလို ဖောရောင်ခြင်းနဲ့ ကိုယ်လက်စထရောကိုလည်း လျှော့ကျစေပါတယ်။

ချယ်ရီသီး

Source: Asda Good Living

ချယ်ရီသီးနဲ့ ချယ်ရီသီးဖျော်ရည်တွေကလည်း ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့ ကူညီပေးပါတယ်။ ချယ်ရီသီး အမျိုးအစားမျိုးစုံရှိတဲ့ထဲမှာမှ တာ့ထ်ချယ်ရီသီး (Tart Cherry) က အကောင်းဆုံးလို့ဆိုပါတယ်။ လေ့လာချက်တွေအရဆိုရင် တစ်နေ့ကို ချယ်ရီသီးဖျော်ရည် ၂ ခွက်သောက်သုံးရင် ညအိပ်စက်ချိန်မှာပိုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်တဲ့။

Passionflower tea

Source: J. Parker’s

Chamomile tea လိုထူးထူးခြားခြား လက်ဖက်ရည်ကြမ်းတွေကလည်း သင့်ရဲ့ အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေတယ်လို့ လေ့လာချက်တချို့က ဆိုထားပါတယ်။ လေ့လာမှုတွေအရ အိပ်ယာမဝင်ခင် Passionflower tea သောက်သုံးတဲ့လူတွေဟာ မသောက်သုံးတဲ့ လူတွေထက် ကောင်းမွန်စွာအိပ်စက်နိုင်ကြတာကို တွေ့ရှိထားပါတယ်။

အဆီပါတဲ့ ပင်လယ်ငါးများ

Source: Coopers Seafood House

ဗီတာမင် D နဲ့ Omega-3 fatty acids ပါဝင်တဲ့ မက်ခရီယယ်၊ ဆာဒင်း၊ ဆဲလ်မွန်တို့လို ပင်လယ်ငါးတွေကလည်း အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပါတယ်။ တစ်ပတ်မှာ ပင်လယ်ငါး ၃ ကြိမ်စားပေးရင် နေ့စဉ်နေ့တိုင်းမှာ အိပ်ရေးဝဝအိပ်ဖြစ်စေဖို့ ကူညီနိုင်ပါတယ်။