အရက်ကလေး ဘာလေး သောက်တတ်သူတွေအဖို့ တချိန်မဟုတ်တချိန် အရက်နာကျဖူးကြမှာပါ။ Hangover လို့ ခေါ်တဲ့ အရက်နာဖြစ်တာက အတော်လေး ခံရခက်ပါတယ်။ အရက်သောက်လွန်လို့ ဖြစ်တတ်တဲ့ အရက်နာကျခြင်း ဖြစ်လာရင် အခုပြောမယ့်နည်းလေးတွေ သုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) လှုပ်လှုပ်ရှားရှားနေ

Get Up and Moving

Photo: NextLuxury

Hangover ဖြစ်နေရင် အိပ်ရာထဲ ခွေမနေပါနဲ့။ အိပ်ရာကနေ ထပြီး ချွေးထွက်အောင် ကိုယ်လက်လှုပ်ရှားမှု လုပ်ကြည့်ပါ။ အရမ်းကြီး Heavy Workout လည်း လုပ်စရာမလိုပါဘူး။ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေးတွေ လုပ်လိုက်ပြီး ရေများများသောက်လိုက်ပါ။

(၂) ရေအေးအေးချိုးပါ

Take a Cold Shower

Photo: NextLuxury

ပြီးရင်တော့ Cold Shower လုပ်ပေးဖို့ လိုပါတယ်။ ရေအေးအေး ချိုးလိုက်တာက Hangover ကို မောင်းထုတ်နိုင်ပါတယ်။ Cold Shower လုပ်ခြင်းအားဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့် သွေးဖြူဆဲလ်လေးတွေ ပိုတိုးစေပြီး စိတ်စုစည်းမှုနဲ့ နိုးကြားမှု တက်လာပါလိမ့်မယ်။ ခေါင်းကြည်အောင် ဆိုပြီး ကော်ဖီမသောက်ပါနဲ့။ Hangover ခံစားနေရသရွေ့ ကဖိန်းပါတာတွေ ရှောင်ပေးပါ။

(၃) အာဟာရပြည့်အောင် စားပါ

Fuel Your Body With Nourishing Foods

Photo: NextLuxury

အရက်သောက်တာက သွေးတွင်းသကြားဓါတ်ကျစေလို့ နောက်တစ်နေ့မနက် အိပ်ရာကနိုးလာရင် ကာဗွန်ဟိုက်ဒရိတ်မြင့်တဲ့ အစားအသောက်တွေ စားပြီး သကြားဓါတ်ကို ပြန်ဖြည့်ပေးပါ။ စားသင့်တဲ့ အစားအသောက်တွေက ထောပတ်သီး ၊ ကန်စွန်းဥ ၊ ငှက်ပျောသီးတို့ ဖြစ်ပါတယ်။ ဒီအစားအသောက်တွေက ကိုယ်တွင်းဓါတ်ဆားဓတ်ကို ဟန်ချက်မျှစေလို့ ဖြစ်ပါတယ်။

(၄) ညဘက် အိပ်ရေးဝအောင် အိပ်ပါ

Get a Good Night’s Sleep

Photo: NextLuxury

နေ့ခင်းဘက်တွေ ခွေမနေဘဲ ညဘက်မှာတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ဖြစ်အောင် ကြိုးစားပါ။ အရက်အပါအဝင် ဝိုင် ၊ ဘီယာ ၊ တက်ကီလာစတာတွေက အိပ်စက်မှုအရည်အသွေးကို အနည်းဆုံး ၂ နာရီ ထိခိုက်စေနိုင်လို့ ရှောင်ပါ။ Hangover ဖြစ်ပြီး နှစ်ရက်သုံးရက်လောက် အရက်မသောက်ပါနဲ့။ အိပ်ပျော်ဖို့ လွယ်အောင် လုပ်ပါ။ အိပ်ရာဝင်ခါနီး ဖုန်းမသုံးပါနဲ့။ အိပ်ခါနီးစာဖတ်တာ ၊ အကြောလျှော့တာ ၊ ရေနွေးနွေးချိုးတာမျိုး လုပ်နိုင်ပါတယ်။

(၅) ဂျင်းနဲ့ ဆနွင်း သောက်ပါ

Take-a-Shot-of-Turmeric-and-Ginger-Best-Hangover-Cures

Photo: NextLuxury

ဆနွင်းတက်က သဘာဝအတိုင်း ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်လို့ Hangover ရဲ့ သက်ရောက်မှုကို လျှော့ချနိုင်ပါတယ်။ ဂျင်းက အအေးမိတဲ့လက္ခဏာကို သက်သာနိုင်ပါတယ်။ ဂျင်းဆနွင်းလုပ်သောက်တာကလည်း လူကို လန်းဆန်းစေပြီး Hangover သက်သာစေနိုင်တယ်လို့ အကြံပြုကြပါတယ်။

Featured Photo: younggunofwine