လူငယ်တွေအကြားမှာ Sportswear တွေ အဝတ်များလာတာက ဒီနေ့ခေတ် ဖက်ရှင် Trend တွေထဲက တစ်ခုပါပဲ။ Sportswear တွေထဲမှာ နာမည်ကြီးတဲ့ ဖက်ရှင်အမျိုးအစားတစ်ခုက Hoodie တွေပဲ ဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းတွေအရ Champion Products ဆိုတဲ့ ကုမ္ပဏီတစ်ခုက ချမ်းအေးလှတဲ့ နယူးယော့ခ်သိုလှောင်ရုံတွေမှာ အလုပ်လုပ်နေတဲ့ သူ့ရဲ့လုပ်သားတွေအတွက် အအေးဒဏ်ခံနိုင်အောင် Hoodie ဂျက်ကတ်တွေကို ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ စပြီး တီထွင်ခဲ့တာလို့ ဆိုပါတယ်။ အခုချိန်မှာ Hoodie တွေဟာ ကျားမ မရွေး ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်ဖြစ်လာပြီး ကမ္ဘာအနှံ့ကို ပျံ့နှံ့ထင်ရှားနေပြီ ဖြစ်ပါတယ်။
Hoodie တွေဟာ ပေါ့ပါးပြီး နွေးထွေးတာကြောင့် ဆောင်းရာသီမှာ Sportswear အဖြစ် အားကစားလုပ်သူတွေ ဝတ်လေ့ရှိသလို စတိုင်တစ်ခုအနေနဲ့လည်း ဝတ်တာတွေ ရှိပါတယ်။ ပုံမှန်ဆို Hoodie တွေကို Track Tops တို့ Joggers တို့နဲ့ Gym ဖက်ရှင်အဖြစ် ဝတ်လေ့ရှိရာကနေ Denim Jeans နဲ့ Electronic Music ပွဲတက်ဖက်ရှင်အဖြစ်လည်း ဝတ်လာကြပြီ ဖြစ်ပါတယ်။ ဒီလို ဘက်စုံအသုံးများတဲ့ Hoodie ဖက်ရှင်တွေထဲကမှ အကောင်းဆုံးအမျိုးသားဝတ် Hoodies တံဆိပ်တချို့အကြောင်း ပြောပြချင်ပါတယ်။
(၁) COS Relaxed-Fit Hoodie

Photo: cosstores
Hoodie သန့်သန့်လေးနဲ့ စတိုင်ကျချင်သူတွေအတွက် ရွေးစရာ Hoodie တစ်ခုက COS Relaxed-Fit Hoodie ဖြစ်ပါတယ်။ ချည်သားကောင်းပြီး ပခုံးအကျလှသလို ဒီဇိုင်းသပ်ရပ်မှုကြောင့် နာမည်ကြီးပါတယ်။ Relaxed-Fit ဖြစ်လို့ နည်းနည်းလေး ပွပြီး လူငယ်ဆန်ပါတယ်။ ဈေးမြောက်တာကလွဲရင် စမတ်စတိုင်အဖြစ် ဝတ်ဖို့ ရွေးချယ်သင့်ပါတယ်။
(၂) Unrecorded Organic Cotton Hoodie

Photo: unrecorded
ပုံမှန် နေ့စဉ်ဝတ်စရာ ပေါ့ပေါ့ပါးပါးအတွက် စဉ်းစားစရာ Hoodie ထည် ဖြစ်ပါတယ်။ နာမည်အတိုင်း သဘာဝအော်ဂဲနစ်ချည်နဲ့ ရက်လုပ်ထားပြီး အရောင်မျိုးစုံ ထွက်ပါတယ်။ အသားထူလို့ ဆောင်းတွင်းဝတ်ရတာ အဆင်ပြေပါတယ်။ အောက်မှာ တီရှပ်တစ်ထည်နဲ့ သက်တောင့်သက်သာ ဝတ်နိုင်မယ့် Hoodie ပါပဲ။
(၃) Off-White Caravaggio Hoodie

Photo: farfetch
ဒီ Hoodie မျိုးကို Streetwear အဖြစ် အဝတ်များပါတယ်။ ဘေးလက်မောင်းနဲ့ ရင်ဘတ်နေရာတွေမှာ Print ကွက်နဲ့ လာပါတယ်။ အပေါ်က Hoodie တွေလိုမျိုး Plain ကာလာနဲ့ မဟုတ်ဘဲ Graphic ဒီဇိုင်းနဲ့လာပါတယ်။
Featured Photo: The Manual
